spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

WHO က အကြံပြုထားတဲ့ COVID -19 ကူးစက်ခံရခြင်းကနေ ကာကွယ်နိုင်တဲ့ နည်း ၆ ခုကို တင်ပြပေးသွားမှာဖြစ်ပါတယ်

Author

Date

Category

နံပါတ် ၁အချက်က အပြင်ကိုသွားတဲ့ အခါတိုင်း လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးပါ။ သို့မဟုတ် အရက်ပြန်ဓါတ်ပါတဲ့ လက်သန့်ဆေးနဲ့ ဆေးကြောပါ။

နံပါတ် ၂ အချက်က နှာစေးချောင်းဆိုးတဲ့ အခါ တစ်ရှူး ဒါမှမဟုတ် တံတောင်ဆစ်ကွေးပြီးတော့ နှာခေါင်းနဲ့ ပါးစပ်ကို ဖုံးပြီးဆိုးပါ။ အသုံးပြုပြီးသား ပစ္စည်းများကို အမှိုက်ပုံတွင်းစွန့်ပစ်ပါ။ ပြီးရင် လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးပါ။

နံပါတ် ၃ အချက်က လူထူထပ်တဲ့နေရာမျိုးကိုမသွားပါနဲ့။ အထူးသဖြင့် ဖျားနာတဲ့သူနဲ့တွေ့ရင် အနည်းဆုံး ၃ပေ အကွာကနေ နေပေးပါ။

နံပါတ် ၄ အချက်က အပြင်ကလာတဲ့အခါ မျက်လုံး ၊ ပါးစပ်၊ မျက်လုံး ပါးစပ် နှာခေါင်းတွေကို လက်နဲ့ ပွတ်သပ်တာမျိုးကို မလုပ်ပါနဲ့။

နံပါတ် ၅ အချက်က ကိုယ်ကိုယ်တိုင် ဖျားနာတဲ့ အခါ သို့မဟုတ် လူနာကို ပြုစုပေးနေရတဲ့ အခါ သို့မဟုတ် ဆေးရုံကိုသွားရတဲ့အခါ နှာခေါင်းစည်း တပ်ဆင်ပါ။

နံပါတ် ၆ အချက်က ကိုယ်တိုင်က နေမကောင်းဖြစ်နေရင် အိမ်ထဲမှာပဲ နေပါ။ အပြင်မသွားပါနဲ့။ တကယ်လို့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ အသက်ရှုကျပ်တာ၊ ဆိုရင် နီးစပ်ရာ ဆေးရုံမှာ ဆေးကုသမှုခံယူပါ။

spot_img
spot_img

Recent posts