spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

WY စိတ်ကြွရူးသွပ်ဆေး ပြား ( ၁၀၀၀ ) ကို KNDF ဖမ်းဆီးရမိ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း ၃ လှုပ်ရှားနယ်မြေထဲမှာ WY စိတ်ကြွရူးသွပ်ဆေး ပြား ( ၁၀၀၀ ) ကို ဖမ်းဆီးရမိခဲ့တယ်လို့ ယမန်နေ့ ( ဖေဖော်ဝါရီလ ၈ ) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီ မူးယစ်ဆေးဝါးတွေကို ဒေသခံ လူထု တွေရဲ့ သဘောအရ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ သွားရောက်ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူနဲ့ သုံးစွဲသူ ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူထဲက တစ်ဦးဟာ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး ကျန်နှစ်ဦးကိုတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့စည်းတွေဆီ လွဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

မိုးဗြဲအခြေစိုက်ဖြစ်တဲ့ KNDF တပ်ရင်း ၃ ဟာ အဲဒီမူးယစ်ဆေးဝါနဲ့ ဆက်စပ်သူသုံးဦးကို မိုးဗြဲမြို့အရှေ့ဖက်ကမ်းဒေသရှိ ကျေးရွာ (၂)ရွာမှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

spot_img
spot_img

Recent posts