spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဘက်တလင်ကျေးရွာအနီးမှာ ဆွေးမြှေ့နေတဲ့ အလောင်းတစ်လောင်းတွေ့ရှိပြီးနောက် သဂြိုလ်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်းရှိ ဘက်တလင်ကျေးရွာအနီးမှာ ပုပ်ပွသေဆုံး ဆွေးမြှေ့နေပြီဖြစ်တဲ့ အလောင်းတစ်လောင်းကို တွေ့ရှိပြီးနောက် သဂြိုလ်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

“အလောင်းတစ်လောင်းတွေ့တယ်ပေါ့နော ခုသဂြိုလ်ပေးလိုက်ပြီ။ ဒီအနီးတစ်ဝိုက်ကျေးရွာက ရွာသားပဲ ဖြစ်မယ်။ ဆွေးမြှေ့နေတော့ ဘယ်သူမှန်းတော့ မခွဲခြားတတ်တော့ဘူး။ ပီးခဲ့တဲ့တလောကတော့ စစ်ကောင်စီတွေက လွိုင်ကော် ဒီမော့ဆိုသွားတဲ့ လမ်းမကြီးတစ်လျှောက်မှာ နေရာယူထားတဲ့ချိန် သေဆုံးသွားတာဖြစ်မယ်။ ဘာလို့ဆိုရင် အဲ့အချိန်က မြင်သမျှပစ်နေတာ။ ကိုယ့်အိမ်မှာ ကိုယ့်ရိက္ခာပြန်ယူတဲ့သူလည်းပစ်တာပဲ လမ်းသွားလမ်းလာလည်းပစ်နေတာ။ လူသူမသိဘဲ သေဆုံးဆွေး​မြှေ့နေတဲ့ အလောင်းတွေကို ခုလို ပြန်တွေ့တော့ စိတ်မကောင်းဘူး” လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

ဇွန်လ ၁၅ရက်နေ့မှစ KNDF နဲ့ စစ်ကောင်စီတပ်တို့ ယာယီအပစ်ခတ်ရပ်ဆဲထားပြီးနောက် ဒီမော့ဆိုမြို့နယ်အတွင်း ပြည်သူလူထုတွေ သွားလာခွင့်ရပြီး ကျေးရွာနဲ့ ရပ်ကွက်အတွင်းမှာ အသတ်ခံရပြီး
ပုပ်ပွဆွေးမြှေ့နေပြီဖြစ်တဲ့ ​ပြည်သူအလောင်း အများအပြား တွေ့ရှိခဲ့တယ်လို့ ဒေသခံ​ဆီကနေ သိရပါတယ်။

တွေ့ရှိရတဲ့ အလောင်းအားလုံးမှာ ဆွေးမြှေ့နေပြီဖြစ်တဲ့အတွက် မည်သူမည်ဝါ ခွဲခြားမရတော့ဘူးလို့ သိရပါတယ်။

ယာယီအပစ်ခတ်ရပ်စဲထားပေမယ့်လည်း အကြမ်းဖက်စစ်ကောင်းစီတပ်က ပြည်နယ်အတွင်း စစ်အင်အားဖြည့်တင်းမှုလုပ်ဆောင်နေသလို့ ဒီမော့ဆိုမြို့ အရှေ့ဖက်ခြမ်းမှာ ပိုမိုဖြည့်တင်းနေပြီး စစ်ကောင်စီတပ်က စစ်ရှောင်ရှိရာနေရာထိ ရောက်ရှိနေတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts