spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ပြည်တွင်းပြည်ပ ပြန်သူတွေကို သီးသန့်စောင့်ကြပ်ကြည့်ရှု့တဲ့နေရာမှာ ၁၄ ရက်နေထိုင်ရပါမည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြည်တွင်းပြည်ပကနေ ပြည်နယ်အတွင်းပြန်လာကြတဲ့သူတွေ သီးသန့်စောင့်ကြပ်ကြည့်ရှု့တဲ့နေရမှာ (Community Based Facility Quarantine) ၁၄ ရက်နေထိုင်ပြီး ဓတ်ခွဲနမူနာတစ်ကြိမ် ရယူစစ်ဆေးသွားမှာဖြစ်ပြီး Home Quarantine (၇) ရက်ထားရှိ ဆောင်ရွက်သွားဖို့ ပြည်နယ်အစိုးရအဖွဲ့ကထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းမှ ရောက်ရှိလာသူအားလုံး၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ ကဝမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပုဗ္ဗသီရိမြို့နယ်နဲ့ ဇမ္မူသီရိမြို့နယ်များမှ ရောက်ရှိလာသူတွေက သီးသန့်စောင့်ကြပ်ကြည့်ရှု့တဲ့နေရမှာနေရမှာဖြစ်ပါတယ်။

ရောဂါပိုးမတွေ့သေးတဲ့ ဒေသကနေ ပြန်လည်ဝင်ရောက်လာတဲ့သူတွေကတော့ Community Based Facility Quarantine နဲ့ Home Quarantine ဝင်စရာမလိုပါဘူး။

ပြည်နယ်အတွင်း ဝင်ရောက်လာမယ့်သူတွေအနေနဲ့ တစ်ပတ်အတွင်း ထုတ်ပေးထားတဲ့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးရဲ့ ခရီးသွား ထောက်ခံချက်ကို တစ်ပါတည်းယူဆောင်ရမှာဖြစ်ပြီး ပြည်နယ်ရဲ့ မြို့အဝင် အထွက် စစ်ဆေးရေးဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးခြင်း ခံယူရမှာဖြစ်ပါတယ်။

ခရီးသည်သယ်ယူပို့ဆောင်တဲ့ယာဉ်၊ ကုန်စည်သယ်ယူပို့ဆောင်တဲ့ယာဉ်အားလုံးကို စက်တင်ဘာလ ၉ ရက်နေ့မှစပြီး ည(၁၂း၀၀) မှ နံနက်(၄း၀၀)အထိ ပြေးဆွဲခြင်း၊ ပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့်မပြုတော့ပါဘူး။

ဒါ့အပြင် ရောက်ရှိလာတဲ့ ကုန်တင်ယာဉ်တွေ သက်ဆိုင်ရာနေရာကို တိုက်ရိုက်ပို့ဆောင်ခြင်းမပြုတော့ဘဲ ကုန်တင်ယာဉ်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ အထက(၆)မှာ ယာဉ်ရပ်နားစခန်းထားရှိပြီး သက်ဆိုင်ရာ ကုန်သည်များမှ လာရောက်သယ်ဆောင်တဲ့စနစ်နဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ယာဉ်စီးခကိုလည်း လက်ရှိနှုန်းထားရဲ့နှစ်ဆအပေါ် (၅၀၀၀)ကျပ်လျော့ပြီး ကောက်ခံရန်နဲ့ ခရီးသည်တွေကို တစ်ဝက်သာ တင်ဆောင်ရပါမယ်။

ခရီးသည်တင်မော်တော်ယာဉ်တွေအနေနဲ့ ကယားပြည်နယ်အတွင်းသို့ ဝင်ရောက်လာစဉ် ယာဉ်ပေါ်ပါလာတဲ့ခရီးသည်တွေကို ခရီးသည်တင် အဝေးပြေးမော်တော်ယာဉ်ရပ်နားစခန်း သတ်မှတ်နေရာမရောက်မှီ ကြားခရီးလမ်းတစ်နေရာရာမှာ တက်/ဆင်း မပြုစေရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားရမှာဖြစ်ပြီး ပျက်ကွက်ပါက ယာဉ်မောင်းသူရဲ့လိုင်စင်ပိတ်သိမ်းတဲ့အထိ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အရေးကြီးကုန်စည်ပို့ဆောင်ရန်ရှိတဲ့ ကုန်တင်ယာဉ်နဲ့ အရေးပေါ်သွားလာတဲ့ကိစ္စရပ်တွေအတွက် ကန့်သတ်ချိန်အတွင်း သွားလိုပါက ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် ထောက်ခံချက် ရယူဖို့ ညွှန်ကြားထားပါတယ်။

ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ လိုက်နာဆောင်ရွက်ရမယ့်အချက်ကို လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး လိုက်နာမှုမရှိပါက ထွက်ခွာခွင့်မပြုဖို့နဲ့ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာမယ်ဆိုရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အထက်ဖော်ပြပါ အကြောင်းအရာတွေသည် ကိုဗစ်ဒုတိယလိုင်းကာလအတွင်း ထိန်းချုပ်၊ ကာကွယ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်တွေဖြစ်ပြီး စက်တင်ဘာလ ၉ရက်နေ့မှစပြီး စက်တင်ဘာလ (၃၀)ရက်နေ့အထိ လိုက်နာရမှာဖြစ်ပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ( COVID-19) ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မတ်လ ၃၀ရက်နေ့မှာလည်း ပြည်နယ်အတွင်းလိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို ပြည်နယ်အစိုးရက ထုတ်ပြန်ဖူးတာရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts