Home
News
Business
Search
Pulses PRO
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
Sign in / Join
Thursday, May 26, 2022
Pulses PRO
Facebook
Twitter
Youtube
type here...
Search
ပင်မ
ရေဒီယို FM
သတင်း
အပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်
အသက်မွေးဝမ်းကျောင်းဆိုင်ရာ
ဆောင်းပါး
အင်တာဗျူး
မာလ်တီမီဒီယာ
ရုပ်သံအစီအစဉ်
ကရင်နီဘာသာ ရေဒီယို
ဂျာနယ်
အတွေးအမြင်
ကာတွန်း
ကဗျာ
အယ်ဒီတာ့ထံ ပေးစာ
အယ်ဒီတာ့အာဘော်
ရွေးကောက်ပွဲ
သတင်း
ဆောင်းပါး
အင်တာဗျူး
နိုင်ငံရေးပါတီများ
တစ်သီးပုဂ္ဂလ
မဲဆန္ဒနယ်များ
English Version
CATEGORY
အယ်ဒီတာ့အာဘော်
အယ်ဒီတာ့အာဘော်
ပြည်နယ်အရေးဖော်ဆောင်ပေးနိုင်တဲ့ ဝန်ကြီးချုပ်ကိုရွေးချယ်ဖို့လို
Kantarawaddy Times
-
December 7, 2020
ပြီးခဲ့တဲ့၂၀၁၀ ၊ ၂၀၁၅အထိ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကယားပြည်နယ်ရဲ့ ဝန်ကြီးချုပ်အဖြစ် ဦးခင်မောင်ဦးက တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူ့ရဲ့လက်ထက်မှာ ပြည်နယ်ဖွံဖြိုးတိုးတက်ရေးကိစ္စနဲ့ဆက်စပ်တဲ့ လုပ်ငန်းစီမံကိန်းတွေအကောင်အထည်ဖော်ဆောင်ရာမှာ ဒေသခံပြည်သူတွေရဲ့ဆန္ဒသဘောထားကို အဓိက အခြေခံပြီး လုပ်ဆောင်ခဲ့တာကိုတွေ့ရပါတယ်။ ဥပမာပြည်နယ်တွင်း ဘိလပ်မြေစက်ရုံတည်ဆောက်မှုစီမံကိန်းကိစနဲ့ပတ်သက်လို့ လုပ်ငန်းအကောင်အထည်မဖော်မှီ ဒေသခံလူထုနဲ့ ညှိနှိုင်းဆွေးနွေးမှုအခင်းအကျဉ်းတွေကိုပြုလုပ်ပြီး သဘောတူညီမှုမရရှိတဲ့အပေါ် စီမံကိန်းကို ဆက်လက်ဆောင်ရွက်မှုတွေမပြုလုပ်ပဲ ရပ်ဆိုင်းထားခဲ့ပါတယ်။ ပြည်နယ်အတွင်းငြိမ်းချမ်းရေးကြိုးပန်းမှု အပိုင်းမှာလည်း အစိုးရနဲ့...
ရွေးကောက်ပွဲ
ဒေသအခြေစိုက် တိုင်းရင်းသားပါတီတွေကို ဘာကြောင့် မဲပေးသင့်တာလဲ
Kantarawaddy Times
-
October 6, 2020
ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေသအခြေစိုက်တိုင်းရင်းသားပါတီတွေဟာ မိမိတို့ရဲ့ ဒေသနဲ့ သက်ဆိုင်ရာ နယ်ပယ်တွေကို ကိုယ်စားပြုပြီး ပြည်နယ်အရေး၊ အမျိုးသားရေးနဲ့ ပြည်ထောင်စုအရေးကို ဦးတည်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ် စနစ်အားကောင်းလာဖို့ တွန်းပို့ပေးမယ့် ပါတီတွေဖြစ်တယ်ဆိုတာကိုလည်း အခြေခံအားဖြင့် မှတ်ယူလို့ရပါ တယ်။ ဒေသတွင်းပြည်နယ်မှာပဲ စုဖွဲ့ထားတာကြောင့် ဗဟိုချုပ်ကိုင်မှုပုံစံနဲ့...
ရွေးကောက်ပွဲ
ပြည်သူအကျိုးစီးပွားကာကွယ်ပေးတဲ့ ကိုယ်စားလှယ်တွေကိုရွေးခြယ်ကြပါ
Kantarawaddy Times
-
September 8, 2020
ကန္တာရဝတီတိုင်း(မ်) ဒီမိုကရေစီနည်းအရ ပြည်သူလူထုတွေ ရွေးကောက်တင်မြောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ အခြေခံအားဖြင့် လာဒ်ပေးလာဒ်ယူမှု၊ အကျင့်ပျက်ချစားမှု၊ အာဏာအလွှဲသုံးစားမှုတွေ ကင်းဖို့ လိုအပ်သလို တစ်ဖက်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်မှာတော့ အစိုးရနဲ့ လွှတ်တော်ဟာ သီးခြားရပ်တည်တဲ့ပုံစံဖြစ်ပေမယ့်လည်း တိုင်းဒေသကြီး (သို့)...
အယ်ဒီတာ့အာဘော်
တိုင်းရင်းသားအရေး လွှတ်တော်ထဲ တိုက်တွန်းပေးနိုင်တဲ့သူတွေကို ရွေးချယ်သင့်
Kantarawaddy Times
-
August 11, 2020
ကန္တာရဝတီတိုင်း(မ်) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၅ နှစ်တစ်ကြိမ် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အသီးသီးတွေကို ရွေးခြယ်သွားဖို့ တိုင်းရင်းသား ပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။ လာမည့်နိုဝင်ဘာလ ၈ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ကျေညာထားပြီးပါပြီ။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတစ်ကြိမ် ၊ ၂၀၁၅ အထွေထွေရေးကောက်ပွဲတစ်ကြိမ် နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်တာကြောင့် လူထုတွေမှာ မဲထည့်ပုံမဲထည့်နည်းတွေကိုတော့ ထိုက်သင့်သလောက်...
ရွေးကောက်ပွဲ
နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးဖို့ ပြင်ဆင်ထားသင့်ပြီ
Kantarawaddy Times
-
June 30, 2020
ကန္တာရဝတီတိုင်း(မ်) ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်းမှာ လုပ်မှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြောက်နိုင်ဖို့ အရေးကြီးတဲ့အချိန်ရောက်လာ တော့မှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတုန်းက ကယားပြည်နယ် အတွင်း မဲဆန္ဒပေးခွင့်ရှိသူ ( ၁၇၈၃၁၆ ) ဦး ရှိပါတယ်။ လက်ရှိ အထွေထွေမြို့နယ်...
အတွေးအမြင်
နှစ်သစ်မှာ စိတ်ချမ်းသာစေမည့်လုပ်ရပ်များ အမြန်ဆုံးပေါ်ပေါက်လာပါစေ
Kantarawaddy Times
-
January 7, 2020
ကန္တာရဝတီတိုင်း(မ်) ၂၀၁၉ခုနှစ်အတွင်းမှာ ပြည်နယ်ရဲ့ငြိမ်းချမ်းရေးအခြေအနေရ ပြန်လေ့လာကြည့်ရင်တော့ တိုက်ပွဲဖြစ်ပွားမှုတွေ မရှိခဲ့ပါဘူး။ ဒီအပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကော အစိုးရစစ်တပ်တွေဘက်ကိုကော လေးစားအသိအမှတ်ပြုရမည့် အခြေအနေတခုဖြစ်ပါတယ်။ တိုက်ပွဲမဖြစ်လို့ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းနေပြီလို့လည်း မှတ်ချက်ပြောဆိုလို့မရပြန်ပါဘူး။ ပြည်နယ်ရဲ့ တည်ငြိမ်မှုနဲ့ငြိမ်းချမ်းရေးကိုထိခိုက်စေတဲ့ ဖြစ်ရပ်ကြီးနှစ်ခုဖြစ်ပေါ်ပေါက်ခဲ့ပါသေးတယ်။ လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံထဲမှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တည်ထားတဲ့ကိစ္စရပ်မှာ ဗိုလ်ချုပ်ကြေးရုပ်မတည်ဖို့ ပြည်နယ်အစိုးရနဲ့ ကရင်နီလူငယ်တွေအကြားမှာ ၂၀၁၈ ခုနှစ်ကတည်းက ပဋိပက္ခဖြစ်နေခဲ့ကြတာ...
အတွေးအမြင်
တောင်သူများကို ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း ရပ်တန့်ပေးပါ
Kantarawaddy Times
-
September 3, 2019
ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့တောင်သူများ ၁၅ဦးကို ပုဒ်မ ၄၄ရ ဖြင့် ဦးစွာတရားစွဲပြီးနောက် ဩဂုတ်လ ၂၆ ရက်နေ့တွင် ဒီးမော့ဆိုတရားရုံးတွင် ရုံးချိန်းခဲ့သည်။ ထို့နောက် ၎င်းတို့ထဲမှ ၄ ဦးနှင့် တောင်သူ ၂ ဦး စုစုပေါင်း ဒေါဆိုရှေ့တောင်သူ ၆ ဦးကို ပုဒ်မ...
အယ်ဒီတာ့အာဘော်
ထိရောက်သည့် ဥပဒေများ၊ လုပ်ဆောင်ချက်များဖြင့် တိုင်းရင်းသားအရေးကို မြှင့်တင်ပေးပါ။
Kantarawaddy Times
-
August 6, 2019
မြန်မာ့ပညာရေးစနစ်တွင် ဗမာဘာသာကို ဦးစားပေးထားခြင်းသည် တိုင်းရင်းသား ဘာသာစကားများ တဖြည်းဖြည်း ပျောက်ကွယ်ခြင်းဆီသို့ ဦးတည်သွားမည့်အပေါ် တိုင်းရင်းသားလူနည်းစု ခေါင်းဆောင်များက စိုးရိမ်ပူပန်လျက်ရှိကြသည်။ မကြာသေးမှီက ကရင်နီအမျိုးသားနေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ဗိုလ်မှူးချုပ်အောင်မြတ်က မိခင်ဘာသာစကားနှင့် ပတ်သက်သောအရေးကိစ္စအား ထည့်သွင်းပြောကြားသည့်တွေ့ဆုံမေးမြန်းခန်းကို KnIC မှ တင်ပြထားခဲ့ပါသည်။ "ပညာတတ်ကျွမ်းတဲ့ သူတွေလည်း အများအားဖြင့် အင်္ဂလိပ်၊ ဗမာပဲ တတ်ကြတယ်။ ကိုယ့်မိခင်စာပေကို မတတ်ကျွမ်းကြဘူး။ ကိုယ့်မိခင်ဘာသာစကားကို...
အယ်ဒီတာ့အာဘော်
CBT လုပ်ငန်းတွေမှာ CSOs တွေရဲ့ အသံကို နားထောင်ပေးပါ
Kantarawaddy Times
-
July 5, 2019
ကယားပြည်နယ်ရဲ့ CBT (Community Base Tourism) လူထုအခြေပြုခရီးသွားလုပ်ငန်းကို ၂၀၁၄ ခုနှစ်တည်းက လုပ်ဆောင်နေတာ အခုဆိုရင် ၅နှစ်တာ ခရီးကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ၅နှစ်အတွင်း အစိုးရနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတို့နဲ့ ပူးပေါင်းလုပ်ဆောင်ချက်၊ ဒေသခံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ချက် တွေမှာ အားတက်စရာကိစ္စရပ်တွေရှိသလို အချို့လုပ်ဆောင်ချက်တွေမှာလည်း အားနည်းချက်တွေကို တွေ့နေရပါတယ်။ အားကောင်းချက်တွေက ဒေသခံတွေအနေနဲ့ အလုပ်အကိုင်တွေအပြင် အပိုဝင်ငွေတွေရလာတာတွေ၊ အတွေ့အကြုံအသစ်တွေ၊ ဗဟုသုတအသစ်တွေ၊ ကိုယ့်ရိုးရာဓလေ့သမိုင်းကို ဖော်ထုတ်ခွင့်တွေ ရရှိလာတာပဲဖြစ်ပါတယ်။ အားနည်းချက်တွေအနေနဲ့ကတော့ တစ်ချို့ကျေးရွာတွေမှာ...
အတွေးအမြင်
ဒေသခံတွေရဲ့ ထုံးတမ်းစဉ်လာ မြေယာစီမံခန့်ခွဲ့မှု ဓလေ့ကို အသိအမှတ်ပြုသင့်
Kantarawaddy Times
-
June 6, 2019
ကယား(ကရင်နီ)တိုင်းရင်းသားမျိုးနွယ်စု အသီးသီးနေထိုင်ကြတဲ့ ကျေးရွာတိုင်းမှာ သူတို့သတ်မှတ်တဲ့ မြေအမျိုးအစားတွေ ရှိကြပါတယ်။ ကျေးရွာမြေ၊ ကျေးရွာပိုင်သစ်တော၊ သချိင်္ုင်းမြေ၊ လယ်မြေ၊ တောင်ယာမြေ၊ သစ်တောမြေ၊ ကာကွယ်တော၊ ရေကန်၊ ဥယျာဉ်ခြံမြေ၊ နတ်ထိန်းတော့၊ စားကျက်မြေ၊ ဂူ စတဲ့ မြေအမျိုးစားတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ မတူညီတဲ့စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသုံးပြုကြပါတယ်။ မြေယာအသုံးပြုမှုနဲ့ဆိုင်တဲ့ ဓလေ့ထုံးတမ်းတွေကို မျိုးဆက်သစ်တွေက ဆင့်ကဲဆင့်ကဲ မြေယာစီမခန့်ခွဲကြပါတယ်။...
1
2
3
Page 1 of 3