spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

အဝေးပြေးယာဉ်လိုင်းများရပ်ဆိုင်းပြီး ပြည်နယ်တွင်း ယာဉ်လိုင်းများ သတ်မှတ်ချက်နဲ့ အညီပြေးဆွဲရမည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်မှ တခြားပြည်နယ်နဲ့တိုင်းတွေဆီ ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်း လုပ်ငန်းများကို စက်တင်ဘာလ (၁၂)ရက်နေ့မှစပြီး (၃၀)ရက်နေ့အထိ ယာယီရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။

ပြည်နယ်တွင်းပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကိုတော့ ခရီးသွားပြည်သူ အဆင်ပြေစေရေးအတွက် ဆက်လက်ပြေးဆွဲခွင့်ပြုပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အချက်တွေကို လိုက်နာဆောင်ရွက် ရမယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။

ပြည်နယ်အစိုးရရဲ့လမ်းညွှန်မှုနဲ့အတူ ကိုရိုနာဗိုင်းရပ်(စ်) ထိန်းချုပ်ကာကွယ်တားဆီးရေးအတွက် စက်တင်ဘာလ (၁၀)ရက်နေ့က (ယကက)ကော်မတီရုံးခန်းမှာ ရပ်ဝေး/ရပ်နီးယာဉ်လိုင်းပြေးဆွဲနေတဲ့ ယာဉ်လိုင်းအားလုံးကို ယာယီရပ်ဆိုင်းရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး ခေါ်ယူချပြခဲ့ပါတယ်။

ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးစံအေးက “စီးဆင်းလှည့်ပတ်နေတဲ့ ယန္တရားကြီးမောင်းနေတဲ့ချိန်လေးမှာ ရုတ်တရက်ကြီးရပ်လ%Eုက်ရတဲ့ခါကျတော့ အခက်အခဲကတော့ အနည်းနဲ့အများရှိကောင်းရှိမှာပေါ့လေ။ သို့သော်လည်းပဲ ကျတော်တို့ပြည်နယ်ရဲ့ဂုဏ်၊ ပြည်နယ်ရဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်တဲ့ ကူညီဆောင်ရွက်တဲ့အနေနဲ့ ယာဉ်လိုင်းအနေနဲ့ ပါဝင်ဆောင်ရွက်ပေးရမှာပဲလေ။ ကိုယ့်ကြောင့် ကယားပြည်နယ် ကိုဗစ်စင်တာဖြစ်သွားတဲ့ပုံစံမျိုး မဖြစ်အောင် ယကက ကော်မတီအောက်မှာကြီးကြပ်နေတဲ့ ယာဉ်လိုင်းတွေအားလုံးကလည်း သဘောပေါက်အောင် ယာဉ်လိုင်းအသီးသီးက ၃၉ဦးပေါ့” လို့ ပြောပါတယ်။

အရေးကြီးကုန်စည်ပို့ဆောင်ရန်ရှိတဲ့ ကုန်တင်ယာဉ်နဲ့ အရေးပေါ်သွားလာတဲ့ကိစ္စရပ်တွေအတွက် ကန့်သတ်ချိန်အတွင်း သွားလိုပါက ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် ထောက်ခံချက် ရယူဖို့ ညွှန်ကြားထားပါတယ်။

ပြည်နယ်တွင်းကို ရောက်ရှိလာတဲ့ ကုန်တင်ယာဉ်တွေကို သက်ဆိုင်ရာနေရာဆီ တိုက်ရိုက်ပို့ဆောင်ခြင်းမပြုတော့ဘဲ ကုန်တင်ယာဉ်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ အထက(၆)မှာ ယာဉ်ရပ်နားစခန်းထားရှိပြီး သက်ဆိုင်ရာ ကုန်သည်များမှ လာရောက်သယ်ဆောင်တဲ့စနစ်နဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်တွင်း ဝင်ရောက်လာမယ့် ကိုယ်ပိုင်ယာဉ်နဲ့ ဌာနဆိုင်ရာယာဉ်အနေနဲ့ ယာဉ်မောင်းပါသုံးဦးအထိသာ သယ်ဆောင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ခရီးသည်သယ်ယူပို့ဆောင်တဲ့ယာဉ်၊ ကုန်စည်သယ်ယူပို့ဆောင်တဲ့ယာဉ်အားလုံးကို စက်တင်ဘာလ ၉ ရက်နေ့မှစပြီး ည(၁၂း၀၀) မှ နံနက်(၄း၀၀)အထိ ပြေးဆွဲခြင်း၊ ပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့်မပြုတော့ပါဘူး။

ကယားပြည်နယ်မှ ရပ်ဝေး/ရပ်နီး ခရီးသည်ယာဉ်လိုင်း၊ ကုန်တင်ယာဉ်လိုင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၇၀နီးပါးရှိပြီး ပြည်နယ်အတွင်းသာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၂၀ကျော်ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်-လွိုင်ကော် ခရီးစဉ်ပြေးဆွဲနေတဲ့ မြန်မာ့လေကြောင်းလိုင်းကလည်း စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ခေတ္တပိတ်ထားပြီလို့လည်း ကြားသိရပါတယ်။

spot_img
spot_img

Recent posts