spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ပွင့်လင်းမြင်သာမှုမရှိတဲ့အစိုးရလုပ်ငန်းတချို့ချပြဖို့ စာရင်းစစ်ချုပ် စစ်ဆေးနေ

Author

Date

Category

ဦးမြာ၊ မီမြာ
ပွင့်လင်းမြင်သာမှုမရှိတဲ့ ပြည်နယ်အစိုးရလုပ်ငန်းတွေကို ချပြပေးဖို့ ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေတောင်းဆိုတဲ့အပေါ်မှာ မကြာမှီ ချပြပေးနိုင်ဖို့ ဥပဒေနှင့်အညီဆောင်ရွက်နေပြီးဖြစ်တယ်လို့ ကယားပြည်နယ် စာရင်းစစ်ချုပ် ဦးအောင်မောင်းက ပြောပါတယ်။
“အပြည်ပြည်ဆိုင်ရာစာရင်းစစ်စံဆိုတာရှိတယ်လေ။ ဘယ်လိုစစ်ရမလဲဆိုတဲ့ညွှန်ကြားချက်တွေရှိပြီးသားအဲ့ဟာတွေနဲ့ပဲစစ်ရမှာပေါ့။ ဥပဒေနဲ့အညီပဲပေါ့။” လို့ ဦးအောင်မောင်းပြောပါတယ်။
ပွင့်လင်းမြင်သာမှုမရှိလို့ စီမံကိန်းလုပ်ငန်းတွေချပြပေးဖို့ တောင်းဆိုတဲ့ထဲမှာ ပန်းပင်၊ပန်းမျိုး အလှပန်းစိုက်စီမံကိန်းတခုထဲက လွိုင်ကော်မြို့အဝင် ကြိုဆိုပါ၏ဆိုင်ဘုတ်ရှိ ပန်းခင်းအား မြင်တွေ့ရစဉ်။ ဓါတ်ပုံ – စိုးထိုက်အောင်
တာဝန်ပေးထားတဲ့အတွက်သေချာပေါက် အမြန်ဆုံးစစ်‌ပေးမှာဖ%Cစ်ပြီး ဘယ်ချိန်လောက်ပြီးမှာကိုတော့ စစ်ရတဲ့ပမာဏာပေါ်မူတည်လိမ့်မယ်လို့ ဆိုပါတယ်။
အရပ်ဖက်အဖွဲ့အစည်းတောင်းဆိုတဲ့ အချက်တွေထဲမှ ပြည်နယ်လွှတ်တော်ကနေ သတ္တုသန့်စင်စက်ရုံတည်ဆောက်ခြင်းနှင့် စက်မှုဇုံစီမံခန့်ခွဲလုပ်ဆောင်ခြင်း၊ ပန်ဥယာဉ်မြေယာရှုခင်းလုပ်ငန်းများ၊ ကန္တာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်နှင့် ဆက်စပ်လုပ်ငန်းများတည်ဆောက်ခြင်း စီမံကိန်းတွေကို စာရင်းစစ်ကနေစစ်ဆေးပေးပြီး လွှတ်တော်ထဲကို အစီရင်ခံစာတင်ပြပေးနိုင်ဖို့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ စာရင်းစစ်ချုပ်ကို အကြောင်းကြားစာပေးပို့ခဲ့တာဖြစ်ပါတယ်။
အချက်၃ချက်ကိုတာဝန်ယူပြီးစစ်ဆေးပေးတဲ့အပေါ် အရပ်ဖက်အဖွဲ့အစည်းအနေဖြင့် အားရကျေနပ်မှုရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းထဲကကယား( ကရင်နီ) ပြည်လူမှုအဖွဲ့အစည်းဒါရိုက်တာ ဦးဗညားကပြောပါတယ်။
“တခါမှ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စဉ်းစားချက်တောင်းဆိုချက်တွေကို ပြည်နယ်အစိုးရကဖြစ်စေ လွှတ်တော်ကဖြစ်စေ ဖော်ဆောင်ခဲ့တာက လုံးဝမရှိသလောက်နည်းပါးခဲ့တယ်။ လွှတ်တော်က အရပ်ဖက်အဖွဲ့အစည်း နဲ့ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာတဲ့အပေါ်မှာ အခုလိုမျိုး၃ချက်ကိုတာဝန်ယူပြီး စီစစ်ပေးတာကို အရမ်းပဲအားရကျေနပ်မိပါတယ်။” လို့ သူကဆက်ပြောပါတယ်။
ကယားပြည်နယ်လွှတ်တော်က ပြီးခဲ့တဲ့လမှာ ပြည်နယ်ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှို ကို စက်ယန္တယားဌားရမ်းတဲ့ကိစ္စ၊ ကယားဒေးကွင်းမြေဌားရမ်းတဲ့ကိစ္စ ပွင်လင်းမြင်သာမှုမရှိတဲ့အတွက် စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့ ကစုံစမ်းပြီး ဝန်းကြီးချုပ်ကို တာဝန်မှရပ်စဲလိုက်တဲ့ကိစ္စတွေရှိခဲ့ပါတယ်။
အဲ့ဒါနဲ့ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်း ၂၃ဖွဲ့က ပွင့်လင်းမြင်သာမှုမရှိသေးတဲ့ အချက်‌တွေကို စုံစမ်းစစ်ဆေးပေးဖို့ လွှတ်တော်ကို အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က အရပ်ဖက်အဖွဲ့အစည်း၂၃ဖွဲ့က သတ္တုသန့်စင်စက်ရုံတည်ဆောက်ခြင်းနှင့် စက်မှုဇုံစီမံခန့်ခွဲလုပ်ဆောင်ခြင်း၊ ပန်းဥယာဉ်မြေယာရှုခင်းလုပ်ငန်းများ၊ဘာသာရေးဆိုင်ရာအလှူအတန်း ပြုလုပ်မှုနှင့် တိုင်းရင်းသားစားပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များထံ ထောက်ပံ့ငွေပေးအပ်ခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ခရီးစဉ်တိုင်းတွင် ပေးဝေသော ငွေ‌ကြေးဆိုင်ရာကိစ္စ၊ ကန္တာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်နှင့် ဆက်စပ်လုပ်ငန်းများတည်ဆောက်ခြင်း စတဲ့အချက်တွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။
spot_img
spot_img

Recent posts