Monday, September 20, 2021

ကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်ဖို့လိုပြီး ၂၇ ရက်နေ့နောက်ပိုင်းမှ ပြောစရာရှိတာပြောမယ်လို့ ကရင်နီတပ်မတော် ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်အောင်မြတ်ပြော

Must read

စက်တင်ဘာလ တတိယအပတ် ကယန်းဘာသာရေဒီယိုအစီအစဉ်

https://soundcloud.com/kantarawaddy-times/bvoy8uolfquf ကယန်းရေဒီယိုအစီအစဥ်အပတ်စဥ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဥ်စနေနေ့ည (၇) နာရီတိုင်းယခုတစ်ပတ်မှာတော့ “တိုက်ပွဲဖြစ်ရာလမ်းတစ်လျှောက် ခရီးသွားလာခြင်းမပြုရန် KNDF အသိပေး” သတင်းနဲ့ “တိုက်ပွဲအတွင်းလက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီတပ်မတော်မှတပ်ကြပ်ကြီးတစ်ဦးကျဆုံး” ဆိုတဲ့သတင်းနဲ့အတူ “စစ်အာဏာရှင်ကို အမြဲတိုက်နေတဲ့ ကရင်နီအာဇာနည်သူရဲကောင်း”...

ဆေးဝါး၊ ရိက္ခာသယ်ယူတဲ့ စေတနာ့ဝန်ထမ်းကား သေနတ်ပစ်ခံရ

ကန္တာရဝတီတိုင်း(မ်) စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါး၊ ရိက္ခာသွားယူပြီး လွိုင်ကော်မြို့မှ ဒီမော့ဆိုမြို့ဖက်သို့ ပြန်လာတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးရဲ့ကား ဒီကနေ့ (စက်တင်ဘာလ ၁၇ ရက်နေ့ ) နံနက်ပိုင်းမှာ သေနတ်နဲ့ အပစ်ခံရတယ်လို့ ဒီမော့ဆိုမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ တတိယအပတ် ကယားဘာသာရေဒီယိုအစီအစဉ်

https://soundcloud.com/kantarawaddy-times/pioxw7mapbsc ကယားဘာသာရေဒီယိုအစီအစဉ် အပတ်စဉ်တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဉ်(ကယား) မြန်မာစံတော်ချိန် သောကြာနေ့ည (၇) နာရီတိုင်း

တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီတပ်မတော်မှတပ်ကြပ်ကြီးတစ်ဦး ကျဆုံး

ကန္တာရဝတီတိုင်း(မ်) ယမန်ညက ဒီမော့ဆိုမြို့နယ် ဒေါပိုးစီနဲ့ ၆ မိုင်ကျေးရွာအနီးတစ်ဝိုက်မှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပူးပေါင်းပြီး အကြမ်းစစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကရင်နီတပ်မတော်မှ တပ်ကြီးကြီးအဆင့်ရှိသူ တစ်ဦး...

ကန္တာရဝတီတိုင်း(မ်) ၊ မတ်လ၂၄ရက်

စစ်တပ်ကနေ အာဏာသိမ်းထားတဲ့အချိန်ကာလမှာ သူများပြောတိုင်းမယုံကြဖို့ ကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်ဖို့လိုပြီး လာမယ့် မတ်လ၂၇ ရက်နောက်ပိုင်းမှသာ ပြောစရာရှိတာပြောမယ်လို့ ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ဒီကနေ့ မတ်လ၂၄ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“တစ်ခါတလေ သူများပြောတာကို သွားမယုံနဲ့ ကိုယ့်ဟာကို ကာကွယ်၊ ကိုယ့်ဟာကိုယ်ပြုလုပ် ၂၇နောက်ပိုင်းမှပဲ ပြောစရာရှိတာကျနော်ပြောမယ်။ အခုတော့ မပြောနိုင်သေးဘူး။” လို့ ဗိုလ်ချုပ်အောင်မြတ်ကပြောပါတယ်။

ကရင်နီတပ်မတော်ကလည်း ၎င်းတို့နယ်မြေဒေသအသီးသီးမှာ လုံခြုံရေးတွေ ၊ အဆင်သင့် နေရာယူထားကြပြီး နယ်မြေကျော်လာပါက ပစ်မိန့်ရထားတယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ ပြန့်နှံ့နေတဲ့အပေါ် အခုလိုပြောလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မတ််လ ၂၇ရက်နေ့ တိုက်ပွဲဖြစ်မယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့နေပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုကော်မတီဝင် ဦးတော်ရယ်က “ဘာမှတော့မဖြစ်ပါဘူး။ ဒါပေမယ့် ရွာသူရွာသားတွေအနေနဲ့ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားတာတွေလည်းရှိမှာပေါ့။ ဘာတွေဖြစ်လာမလဲဆိုတာကိုလည်း ကျနော့်အနေနဲ့ သေသေချာချာမပြောနိုင်သေးဘူးပေါ့။ ကျနော်တို့ဘက်မှာတော့ ဒါတွေပြင်ဆင်ထားရမယ်ဆိုပြီးတော့ ဘာမှမရှိပါဘူး။” လို့ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေး KNPP အနေနဲ့က တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို မထိုးထားသေးတဲ့ အဖွဲ့ ဖြစ်ပါတယ်။

၂၀၁၂ခုနှစ် မတ််လ က ပြည်နယ်အဆင့် ပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးထား တဲ့အဖွဲ့ဖြစ်ပါတယ်။

- Advertisement -
- Advertisement -

Latest article

စက်တင်ဘာလ တတိယအပတ် ကယန်းဘာသာရေဒီယိုအစီအစဉ်

https://soundcloud.com/kantarawaddy-times/bvoy8uolfquf ကယန်းရေဒီယိုအစီအစဥ်အပတ်စဥ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဥ်စနေနေ့ည (၇) နာရီတိုင်းယခုတစ်ပတ်မှာတော့ “တိုက်ပွဲဖြစ်ရာလမ်းတစ်လျှောက် ခရီးသွားလာခြင်းမပြုရန် KNDF အသိပေး” သတင်းနဲ့ “တိုက်ပွဲအတွင်းလက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီတပ်မတော်မှတပ်ကြပ်ကြီးတစ်ဦးကျဆုံး” ဆိုတဲ့သတင်းနဲ့အတူ “စစ်အာဏာရှင်ကို အမြဲတိုက်နေတဲ့ ကရင်နီအာဇာနည်သူရဲကောင်း”...

ဆေးဝါး၊ ရိက္ခာသယ်ယူတဲ့ စေတနာ့ဝန်ထမ်းကား သေနတ်ပစ်ခံရ

ကန္တာရဝတီတိုင်း(မ်) စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါး၊ ရိက္ခာသွားယူပြီး လွိုင်ကော်မြို့မှ ဒီမော့ဆိုမြို့ဖက်သို့ ပြန်လာတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးရဲ့ကား ဒီကနေ့ (စက်တင်ဘာလ ၁၇ ရက်နေ့ ) နံနက်ပိုင်းမှာ သေနတ်နဲ့ အပစ်ခံရတယ်လို့ ဒီမော့ဆိုမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ တတိယအပတ် ကယားဘာသာရေဒီယိုအစီအစဉ်

https://soundcloud.com/kantarawaddy-times/pioxw7mapbsc ကယားဘာသာရေဒီယိုအစီအစဉ် အပတ်စဉ်တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဉ်(ကယား) မြန်မာစံတော်ချိန် သောကြာနေ့ည (၇) နာရီတိုင်း

တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီတပ်မတော်မှတပ်ကြပ်ကြီးတစ်ဦး ကျဆုံး

ကန္တာရဝတီတိုင်း(မ်) ယမန်ညက ဒီမော့ဆိုမြို့နယ် ဒေါပိုးစီနဲ့ ၆ မိုင်ကျေးရွာအနီးတစ်ဝိုက်မှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပူးပေါင်းပြီး အကြမ်းစစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကရင်နီတပ်မတော်မှ တပ်ကြီးကြီးအဆင့်ရှိသူ တစ်ဦး...

စစ်ကောင်စီက စစ်ကြောင်းထိုးရင် ဖမ်းဆီးခံရသူများ ပြန်လွှတ်သူ မရှိသေး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးရင်းဖမ်းသွားတဲ့သူ ဩဂုတ်၂၇ရက်နေ့ကနေ စက်တင်ဘာလ၈ရက်နေ့အတွင်း ၂၅ဦး ရှိနေပြီး ပြန်လွှတ်လာတဲ့သူ မရှိသေးဘူးလို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဦးဗညားထံက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း...