Saturday, May 15, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု မိုးရေထဲမှာ ပြုလုပ်ခဲ့

Must read

မေလ ဒုတိယအပတ် ကယားဘာသာ ရေဒီယိုအစီအစဉ်

ကယားရေဒီယိုအစီအစဉ်အပတ်စဉ်တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဉ် (ကယား)သောကြာနေ့ည (၇) နာရီတိုင်းယခုတစ်ပတ်မှာတော့ ‘ဖမ်းဆီးခံ နာနတ်တောရပ်ကွက် ပြည်သူ ၃ ဦးထပ်မံလွှတ်မြောက်လာ’ ဆိုတဲ့သတင်းနဲ့ ‘Non CDM ပညာရေးဝန်ထမ်းတွေကို CDM ပြန်ဝင်ကြဖို့...

ဖရူဆိုမြို့အတွင်း ကားတစ်စီးကို စစ်ကောင်စီတပ်ကသေနတ်ဖြင့်ပစ်ခတ်

ကန္တာရဝတီတိုင်း ယနေ့မေလ ၁၄ ရက်နေ့ မနက်၈ နာရီ ခွဲ အချိန်မှာ ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့ မှာ အတားအဆီးအဖြစ်ထားထားတဲ့ ပေပါ ပုံးတွေကို ကားတစ်စီးက...

စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ နာနတ်တောသပိတ်ဖြိုခွင်းခံရအပြီး အသက်၁၃နှစ်အရွယ်မိန်းကလေးအပါအဝင် စုစုပေါင်း ၁၃ဦးဖမ်းဆီးခံရ

ကန္တာရဝတီတိုင်း(မ်) စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်တဲ့ လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်သပိတ် ယနေ့ မေလ ၁၂ရက်နေ့ ညနေပိုင်းမှာ စစ်တပ်၊ ရဲ အင်အား အများအပြားက လာရောက်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့...

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ အခြေခံမူဝါဒရှိရမယ်လို့ KSCCပြော

ကန္တာရဝတီတိုင်း(မ်) စစ်အာဏာရှင်စနစ်အမြစ်ပြတ် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်ကြမယ့် ဖွဲ့စည်းလိုက်တဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံ၊ အခြေခံမူဝါဒ ရှိရမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ( KSCC) ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ထောက်ပြပြောဆိုပါတယ်။ "တကယ့်တကယ်လက်နက်ကိုင်တပ်ဖွဲ့ဆိုတာက ပြောရရင်တော့...

ကန္တာရဝတီတိုင်း (မ်)

ကယားပြည်နယ် ဒီးမော့ဆိုမြို့ ကန်ခုနစ်ဆင့်မှာ ဧပြီ ၆ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုသပိတ်ကို မိုးရေထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ရေးမှာ အသက်ပေးသွားတဲ့လူတွေအတွက် ဆက်လက်တိုက်ပွဲဝင်ပေးရမယ်ဆိုတဲ့စိတ်နဲ့ ဒီသပိတ်ကို လာရခြင်းဖြစ်တယ်လို့ လူငယ်တစ်ဦးက ပြောပါတယ်။

“ အိမ်ကလူတွေလည်းစိတ်ပူတယ်မသွားခိုင်းဘူး။ ကိုယ်မပါလိုက်ရရင် လိပ်ပြာမလုံသလိုခံစားရတယ်ပေါ့နော။ ပထမဆုံးကတော့ ကျဆုံးသွားတဲ့သူတွေအတွက် တိုက်ခိုက်ပေးရမယ်ဆိုတဲ့ စိတ်နဲ့ သွားတယ်ပေါ့နော။ သူတို့တွေလည်း ခက်ခက်ခဲခဲအသေခံရတယ်။ ကိုယ်တွေက ဒီလောက်ရာသီဥတု ခက်ခဲတာက မဆိုစလောက်ပါပဲပေါ့။ သွားကို သွားရမယ်အဲ့လိုမျိုးစိတ်ထားနဲ့ သွားဖြစ်ခဲ့တယ်ပေါ့နော။ နိုင်ငံအတွက် ဒီလိုမျိုးတွေလည်း သွားစုဖြစ်တယ်ပေါ့နော။ ကိုယ်တွေမှမသွားဘူးဆိုရင်လည်း ကျန်တဲ့ လူကြီးတွေကလည်း ဒီနေ့ဆိုမသွားကြဘူးလေ။ ရှိတဲ့ သူငယ်ချင်းတွေလိုက်စုပြီးတော့မှ ကားနဲ့ သွားကြတယ်ပေါ့နော။ ဒီလိုမျိုးလူငယ်တွေ ပူးပေါင်းစေချင်လို့ ဒီလိုမျိုးအတူတူတော်လှန်ချင်လို့ ဒီလိုမျိုးနေ့မှာ အခက်အခဲရှိပေမယ့် လာရခြင်းဖြစ်ပါတယ်။”

စစ်အာဏာရှင်ဆန့်ကျင်တဲ့လူထုလှုပ်ရှားမှုသပိတ် ပြုလုပ်လာတာ ရက်ပေါင်း ၆၀ကျော်ပြီးဖြစ်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့မှာ စစ်တပ်နဲ့ ရဲက သပိတ်တွေကို ဖြိုခွင်းတာတွေရှိနေပါတယ်။
ဒီးမော့ဆို သပိတ်စစ်ကြောင်းကို ဖြိုခွင်းတာတွေမရှိသေးတဲ့အတွက် လူထုအင်အားဆက်လက်ပြသသွားမယ်လို့ သပိတ်မှာပါဝင်သူတစ်ဦးကပြောပါတယ်။

“ မြို့ပေါ်မှာတော့ စစ်တပ်က သတ်ဖြတ်တော့ လူတွေ လျော့တာတော့ အမှန်အကန်ပဲ။ ဒီးမော့ဆိုမှာတော့ သိပ်ပြဿနာမရှိသေးတဲ့အတွက် ကျနော်တို့ အင်အားပြနိုင်တဲ့ အခြေအနေရှိသေးတဲ့ အချိန်အထိ အင်အားပြသွားမှာပါ။ ကျနော်တို့ ဆက်ပြလို့ ရမယ့်အခြေအနေရှိမယ်လို့လည်း မျှော်လင့်တယ်။ ဒီအသံမကြားမရမချင်းပေါ့။ ဒီစစ်အစိုးရကို ကျနော်တို့ မနိုင်မချင်း တိုက်ထုတ်မှာပဲ။ ကျနော်တို့ လုပ်နိုင်တာ ဒီသပိတ်ပဲဆိုရင်လည်း ဒီအာဏာရှင်မပြုတ်မချင်း ကျနော်တို့ လုပ်မယ်။ ဒီထက် အရေးကြီးလာမယ်ဆိုရင်လည်း ကျနောတို့ အရေးကြီးတဲ့ အရာမှာ ပါဝင်ဖို့အသင့်ပါ။ “

ဒီးမော့ဆိုမြို့နယ်မှာ ဧပြီလ ၆ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး သပိတ်မှောက် ပြည်သူတွေကလည်း မိုးကာ၊ ထီးကိုယ်စီကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ သပိတ်မှောက်ခဲ့ကြပါတယ်။ အဲ့ဒီသပိတ်မှာလည်း လူအင်အားထောင်ချီပါဝင်ခဲ့ပါတယ်။

Comments

comments

- Advertisement -
- Advertisement -

Latest article

မေလ ဒုတိယအပတ် ကယားဘာသာ ရေဒီယိုအစီအစဉ်

ကယားရေဒီယိုအစီအစဉ်အပတ်စဉ်တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဉ် (ကယား)သောကြာနေ့ည (၇) နာရီတိုင်းယခုတစ်ပတ်မှာတော့ ‘ဖမ်းဆီးခံ နာနတ်တောရပ်ကွက် ပြည်သူ ၃ ဦးထပ်မံလွှတ်မြောက်လာ’ ဆိုတဲ့သတင်းနဲ့ ‘Non CDM ပညာရေးဝန်ထမ်းတွေကို CDM ပြန်ဝင်ကြဖို့...

ဖရူဆိုမြို့အတွင်း ကားတစ်စီးကို စစ်ကောင်စီတပ်ကသေနတ်ဖြင့်ပစ်ခတ်

ကန္တာရဝတီတိုင်း ယနေ့မေလ ၁၄ ရက်နေ့ မနက်၈ နာရီ ခွဲ အချိန်မှာ ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့ မှာ အတားအဆီးအဖြစ်ထားထားတဲ့ ပေပါ ပုံးတွေကို ကားတစ်စီးက...

စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ နာနတ်တောသပိတ်ဖြိုခွင်းခံရအပြီး အသက်၁၃နှစ်အရွယ်မိန်းကလေးအပါအဝင် စုစုပေါင်း ၁၃ဦးဖမ်းဆီးခံရ

ကန္တာရဝတီတိုင်း(မ်) စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်တဲ့ လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်သပိတ် ယနေ့ မေလ ၁၂ရက်နေ့ ညနေပိုင်းမှာ စစ်တပ်၊ ရဲ အင်အား အများအပြားက လာရောက်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့...

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ အခြေခံမူဝါဒရှိရမယ်လို့ KSCCပြော

ကန္တာရဝတီတိုင်း(မ်) စစ်အာဏာရှင်စနစ်အမြစ်ပြတ် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်ကြမယ့် ဖွဲ့စည်းလိုက်တဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံ၊ အခြေခံမူဝါဒ ရှိရမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ( KSCC) ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ထောက်ပြပြောဆိုပါတယ်။ "တကယ့်တကယ်လက်နက်ကိုင်တပ်ဖွဲ့ဆိုတာက ပြောရရင်တော့...

ဖမ်းဆီးထားတဲ့ လူငယ် ၇၄ ကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်း နေဆဲလို့ KNPP အတွင်းရေးမှူးပြော

ကန္တာရဝတီတိုင်း(မ်) လူငယ်စွမ်းရည်မြှင့်သင်တန်း တက်ရောက်ပြီး အပြန်မှာ စစ်တပ်က ဖမ်းဆီးလိုက်တဲ့ လူငယ် ၇၄ဦးကို ပြန်လွှတ်ပေးဖို့ ညှိ့နှိုင်းနေဆဲလို့ KNPP အတွင်းရေးမှူး(၂) ဦးဒယ်နီယာယ် ကန္တာရဝတီတိုင်းမ်ကိုပြောပါတယ်။ ဖမ်းဆီးထားတဲ့လူငယ်တွေထဲမှာ ၁၈နှစ်အောက်လူငယ်...

Comments

comments