spot_img
22.9 C
Loikaw
Wednesday 7, January 2026
spot_img
Homeသတင်းတစ်လကျော်အတွင်း Quote For You အပလီကေးရှင်း အသုံးပြုသူ ၁၀၀ ဝန်းကျင်သာရှိ

တစ်လကျော်အတွင်း Quote For You အပလီကေးရှင်း အသုံးပြုသူ ၁၀၀ ဝန်းကျင်သာရှိ

-

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်ပြည်သူနဲ့ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ ကာကွယ်တပ်ဖွဲ့တွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် Click 4 Freedom ရဲ့ Quote for you အပလီကေးရှင်းကို တစ်လကျော်အတွင်း ဒေါင်းလုတ်သူ ဦးရေ ၁၀၀၀ခန့်ရှိပေမယ့် အသုံးပြုသူ ၁၀၀ ဝန်းကျင်သာရှိတယ်လို့ Click4freedom မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အပလီကေးရှင်းကို လတ်တလောမှာတော့ Download လုပ်ထားတဲ့သူတွေက 1k ပေါ့ တစ်ထောင်လောက်တော့ရှိပြီ။ ဒါပေမယ့် အမြဲတမ်း ပုံမှန်ကလစ်တဲ့သူကတော့ ဝင်ကြည့်တဲ့သူကတော့ ၁၀၀ ဝန်းကျင်လောက်ပဲရှိပါသေးတယ်။ ကျမတို့ တော်လှန်ရေးကာလကြာတာနဲ့အမျှ အခက်အခဲတွေလည်းအများကြီးရှိကြပါတယ်။ဝင်ငွေပိုင်းကော ငွေကြေးဖောင်းပွမှုတွေကော အဓိက မြို့ပြတွေမှာဆိုလို့ရှိရင် လုံခြုံရေးအပိုင်းနဲ့ပတ်သက်ရင်အရမ်းအစစ်ဆေးခံရပါတယ်။ အဲတော့ တော်လှန်ရေးလုပ်ဖို့အတွက်ကို အားနည်းလာကြပါတယ်။ ဒါပေမယ့် ကျမတို့ရဲ့ ဒီဂျီတယ်ပလက်ဖောင်းမှာကတော့ ကိုယ့်ရဲ့ လုံခြုံရေးအတွက်ကော ဝင်ငွေအပိုင်းကော စိုးရိမ်စရာမလိုပါဘူး။ ကိုယ့်ရဲ့အင်တာနက်အသုံးပြုတဲ့အချိန် အနည်းငယ်လေးကို ဖဲ့ပြီးတော့မှ တော်လှန်ရေးမှာပါဝင်လို့ရအောင်လို့ ကျမတို့ရဲ့ ဒီဂျီတယ်ပလက်ဖောင်းကို ဖိတ်ခေါ်ပါရစေ။ ကျမတို့ရဲ့ ကရင်နီပြည်အတွင်းမှာရှိတဲ့ တော်လှန်ရေးကာလအတွင်းမှာ ခက်ခဲတဲ့စစ်ရှောင်အတွက်ကိုကော ကာကွယ်ရေးရဲဘော်အတွက်ကိုကော ပါဝင်ချင်တယ်ဆိုရင် ကျမတို့ရဲ့ Click for Freedom ဆိုတဲ့ ယူကျူ့ချန်နယ်ကိုကော တယ်လီဂရမ်လင့်လေးကိုကော ဖေ့ဘွတ်ပေ့ချ်ကိုကော ပြီးတော့မှ Quote for you ဆိုတဲ့ အပလီကေးရှင်းမှာကော ကျမတို့ Click for freedom ရဲ့ ဝက်ဆိုဒ်တွေမှာကော ဝင်ကြည့်ရင်းနဲ့ ပါဝင်ပေးကြဖို့ ဒီကနေ မေတ္တာရပ်ခံပါတယ်။”လို့ Click4freedom မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အပလီကေးရှင်းကို Android ဖုန်းအတွက် Play Store မှာ Quote for you လို့ရိုက်ထည့်ပြီး ဒေါင်းလုတ်နိုင်သလို မကြာခင်မှာ IOSဖုန်းအတွက် ရရှိနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ Quote for you အပလီကေးရှင်းမှာ ကဏ္ဍစုံ စာတို၊ တော်လှန်ရေးသတင်း၊ Life Style၊ အခြားဗဟုသုတရရှိစေမယ့် အကြောင်းအရာတွေ ထည့်သွင်းဖော်ပြထားတာကြောင့် ဝင်ရောက်ဖတ်ရှုသူအတွက် အကျိုးရှိစေမယ်လို့ ဆိုပါတယ်။

Click4freedom ရဲ့ Digital Platform မှာ Click 4 Freedom You Tube Channel၊ Click 4 Freedom Telegram Channel၊ website၊ Quote For You Application တွေ အသုံးပြုပြီး ကရင်နီပြည်တွင်း စစ်ရှောင်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် အချိန်အနည်းငယ်အသုံးပြုပြီး ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ