spot_imgspot_imgspot_imgspot_img
Sunday, May 19, 2024
spot_imgspot_imgspot_imgspot_img

ကြော်ညာ ဆိုင်းဘုတ်များကို အခွန်မဆောင်ပါက စည်းကမ်းအတိုင်း ဖြုတ်ချမည်

Author

Date

Category

စူးမယ်

ကြော်ညာဆိုင်းဘုတ်များ လမ်းဘေးတွင် ကြော်ညာခြင်းအပါအဝင် စည်ပင်သာယာရေးနယ်နမိတ်အတွင်း တည်ဆောက်ထားသော နေအိမ်မျက်နှာစာနှင့် အိမ်ခြံစည်းရိုးတွင်း ကြော်ညာဗီနိုင်းများ မိမိသဘောဖြင့် ပြုလုပ်၍မရကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှသိရသည်။

ပြည်နယ်စည်ပင် ဒုညွန်ကြားရေးမှူး ဦးသန်းထွန်းက “ကြော်ငြာဆိုင်းဘုတ် ဖြုတ်ခိုင်းတယ်ဆိုတာ ကြော်ငြာဆိုင်းဘုတ် တင်ရင် စည်ပင်ကို အခွန်လည်း ဆောင်ရတယ် လျှောက်လည်း လျှောက်ရတယ်။ ဘာလျှောက်ချင်လဲ။ တယ်လီနော် ကြော်ငြာကပ်မလား။ စီးပွားရေး ကြော်ငြာကပ်မလား။ အချိုရည်ပေါ့။ ဘာအချိုရည် ညာအချိုရည် ကြိုက်တာရွေးပေါ့။ စီးပွားဖြစ်လို့ ကြော်ငြာတဲ့ဟာဆိုရင်တော့ ရှင်းပြောရရင် နောက်ဆုံး စားသောက်ဆိုင်နာမည်ပေါ့ ဥပမာ အက်စတာ ထမင်းဆိုင် အဲဒါက အစ ဆိုင်းဘုတ်ခပေးရတယ်။ သူ့နှုန်းခနဲ့ ပေးရတယ်။” ဟု ပြောသည်။

ဖားဆောင်းမြို့တွင် ဇန်နဝါရီလအတွင်း စည်ပင်မှ ဆိုင်းဘုတ်များ လိုက်လံဖြုတ်ချခြင်းများ ရှိနေပြီးနောက်တွင် ကုမ္ပဏီများမှ ကြောငြာလာကပ်ပါက စည်ပင်ကို အခွန်ဆောင်ပြီး မပြီး သေချာမေးမြန်းပြီးမှ ကပ်ခွင့်ပြုနေရကြောင်း ဖားဆောင်းမြို့မှ ကိုကျော်လင်းက ပြောသည်။

ကိုကျော်လင်းက “စိုးရိမ်တာပေါ့။ စိုးရိမ်တယ် တကယ်လို့ ကျနော်တို့ လာတပ်ပြီဆိုရင် ကျနော်တို့ မေးမှာပဲ။ အိမ်မှာပဲ ဖြစ်ဖြစ်ပေါ့နော်။ ခင်ဗျားတို့လာကပ်ရင် ဘယ်လိုပဲဖြစ်ဖြစ် တပ်ချင်ရာ တပ်လို့မရဘူး ထင်တယ်နော်လို့။ အခွန်တို့ စည်ပင်ကို ကျနော်ကတော့ ညွန်းလိုက်မှာပဲ”ဟု ဆိုသည်။

ဆိုင်ရောင်းနေသည့် ဆိုင်ရှင်များအတွက် ဗီနို်င်း လာကပ်လျှင် ဆိုင်းဘုတ်တွင် ဆိုင်နာမည် တပ်ထားပေးတာကို သဘောကျသော်လည်း အခွန်မဆောင်ရသေးသည့် ဆိုင်းဘုတ်များကြောင့် ဆိုင်ရှင်များ အခွန်ဆောင်ရမည်ကို စိုးရိမ်နေကြသည်။

ဖားဆောင်းမြို့ လက်ဘက်ရည်ဆိုင်ရှင် မစမ်းစမ်းအေးက “တွေ့ရသလောက်ကတော့ သူတို့ နှစ်ကုန်သွားတဲ့ဟာကို လိုက်ဖြုတ်တာလားတော့ မသိဘူး။ အမတို့ ဒီဆိုင်းဘုတ်ကိုလည်း လာမေးတယ်လေ။ တပ်ထားတာ တစ်နှစ်ပြည့်ပြီလား။ အဟောင်းလား အသစ်လားလို့ လာမေးတယ်လေ။ တပ်ထားတာတော့ မကြာသေးဘူးလို့။ တစ်လလောက်ပဲ ရှိသေးတယ်လို့ အဲလိုပြန်ပြောလိုက်တယ်။ ခြံစည်းရိုးတို့ ဘာတို့တွေမှာ ကပ်ထားတာ လိုက်ဖြုတ်တာ တွေ့တယ်။” ဟု ဆိုသည်။

အဆိုပါနေရာများ၌ ကြော်ညာဗီနိုင်းများ ကပ်လိုပါက သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့သို့ တရားဝင်ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကာ သတ်မှတ်ထားသော နှုန်းထားအတိုင်း အခွန်အခပေးဆောင်ရမည်ဟု ဦးသန်းထွန်းက ဆိုထားသည်။

စည်ပင်သာယာရေးနယ်နမိတ်အတွင် မြေစိုက်ဆိုင်ဘုတ်ဖြင့် ကြော်ညာပါက စတုရန်းတစ်ပေလျှင် ၂၀၀ဝ ကျပ်ကျသင့်မည်ဖြစ်ကာ မြေစိုက် ဆိုင်းဘုတ်မဟုတ်ပါက စတုရန်တစ်ပေလျှင် ၁၀၀ဝ ကျပ် ကျသင့်မည်ဖြစ်သည်။

ထိုသို့ စည်ကမ်းနှင့်မညီသော ကြော်ညာဗီနိုင်းများကို မိမိတို့သဘောဖြင့် ကပ်ထားပါက စည်ပင်သာယာရေးအဖွဲ့မှ တွေ့ရှိပါက ဖြုတ်ချမည်သာဖြစ်ကြောင်း ၎င်းက ဆိုသည်။

spot_img
spot_img

Recent posts