spot_img
16.4 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းနေသူကို တစ်ရွာတည်းနေ အမျိုးသားများက အဓမ္မပြုကျင့်

ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းနေသူကို တစ်ရွာတည်းနေ အမျိုးသားများက အဓမ္မပြုကျင့်

-

စူးမယ်

ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းနေသူကို တစ်ရွာတည်းနေ အမျိုးသားမှ အတင်းအဓမ္မပြုကျင့်ခြင်း ခံရကြောင်း အမှုဖွင့် တိုင်တန်းမှု ဒီးမော့ဆိုမြို့နယ် ဝါသောခူကျေးရွာအုပ်စု ထေးပအားခူရွာတွင် ဖြစ်ပွားခဲ့သည်။

ထေးပအားခူရွာနေ အသက် ၂၁ နှစ်ရှိသူ ဉာဏ်ရည် ဖွံ့ဖြိုးမှု အားနည်းချက်ရှိသည့် အမျိုးသမီးဖြစ်သူအား အခွင့်ကောင်းယူကာ အတင်းအဓမ္မပြုကျင့်ကြောင်း ဒီးမော့ဆိုမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းထားကြောင်း သိရသည်။

၎င်းအမျိုးသမီးကို တစ်ရွာတည်းနေ အ​ဒ္နြေယာ (ခ) လပေါင်း အသက် ၄၂ နှစ်သည် ၂၀၁၃ ခုနှစ်တွင် မုန့်နှင့် သကြားလုံးကြွေးကာ အလိုမတူပဲ တစ်ကြိမ် ပြုကျင့်ခြင်း၊ အိမ်နီးပါတ်ဝန်းကျင် ငှက်ပျောတောတွင် ခြိမ်းခြောက်ပြီး သားမယား တစ်ကြိမ် ပြုကျင့်ခြင်း ၊ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ညနေပွဲခင်းတွင် အရှေ့ဖက် တောင်ခြေတွင် တစ်ကြိမ်နှင့် ၂၀၁၆ ခုနှစ် မူကြိုကျောင်းပွဲ ညပွဲဝင်းမှ သူ့ကို ခေါ်ကာ မူလတန်းစာသင်ကျောင်းနောက်တွင် ထပ်မံ ပြုကျင့်ခဲ့သဖြင့် မိခင်ဖြစ်သူမှ တရားလိုလုပ်၍ ဒီးမော့ဆိုမြို့နယ် ရဲစခန်းသို့ ၁၂ ရက်နေ့ ၄ လပိုင်း ၂၀၁ရတွင် တိုင်တန်းခဲ့သည်။

ထို့အပြင် တစ်ရွာတည်းနေ ဦးဟင်နရီကလည်း မိငယ်ကို ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် အလိုမတူပဲ ပြုကျင့်ခဲ့ကြောင်း တိုင်တန်းခဲ့ရာ ဒီးမော့ဆိုရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင် သိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၃၇၆)သည် မုဒိမ်းမှုဖြစ်ပြီး မုဒိမ်းမှုကျူးလွန်သူကို တစ်သက်တစ်ကျွန်းဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ