spot_img
14.9 C
Loikaw
Monday 8, December 2025
spot_img
Homeသတင်းမှတ်ပုံတင်ပျောက်ဆုံးခြင်း နဲ့ လဲလှယ်ခြင်းကို လုပ်ဆောင်လို့မရတဲ့ ကရင်နီဒေသခံတွေ အခက်အခဲရှိ

မှတ်ပုံတင်ပျောက်ဆုံးခြင်း နဲ့ လဲလှယ်ခြင်းကို လုပ်ဆောင်လို့မရတဲ့ ကရင်နီဒေသခံတွေ အခက်အခဲရှိ

-

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီဒေသခံတွေ ကိုင်ဆောင်တဲ့ ၂/ နိုင်ငံသားစိစစ်ရေးကဒ်ပြား ပျောက်ဆုံးခြင်းနဲ့ ၁၈နှစ်ပြည့် မှတ်ပုံတင် လဲလှယ်ခြင်း ကို လုပ်ဆောင်လို့မရတာကြောင့် အခက်အခဲရှိနေတယ်လို့ ရှမ်းပြည်နယ်ကို ရောက်ရှိနေတဲ့ ကရင်နီဒေသခံတွေက ပြောပါတယ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဌာနဆိုင်ရာရုံးတချို့က ဝန်ထမ်းတွေကို တောင်ကြီးမြို့မှာ ရုံးလုပ်ငန်းလည်ပတ်နိုင်ဖို့ ရွေ့ပြောင်းထားတယ်လို့ သိရပါတယ်။ နိုင်ငံကူးလက်မှတ်ရုံး နဲ့ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက)ရုံး လုပ်ငန်းတွေ မလည်ပတ်သေးတဲ့အတွက် ခရီးသွားလာတဲ့အခါ အခက်အခဲရှိတယ်လို့ ကရင်နီဒေသခံတစ်ဦးက ပြောပါတယ်။

“ကားလိုင်စင် သက်တမ်းတိုးတာတော့ရတယ်ဗျ။ အခြားသော အသိ ဌာန ဆိုင်ရာ ဝန်ထမ်းတွေလည်း အလုပ်ဆင်းနေရတယ် ကြားတယ် ၊ အရေးကြီးတဲ့ မှတ်ပုံတင်တွေကျမှ ဘာလို့ မလုပ်ပေးလည်း နားမလည်တော့ဘူး ” လို့ သူက ပြောပါတယ်။

တိုက်ပွဲကြောင့် ရှမ်းပြည်နယ်အတွင်းကို တိမ်းရှောင်ကြတဲ့ ကရင်နီဒေသခံတွေဟာ မှတ်ပုံတင်ပျောက်ဆုံးတာ၊ အိမ်ထောင်စုစာရင်းမရှိတာ၊ အရေးကြီးစာရွက်စာတမ်း မပါလာတာကြောင့် စစ်ကောင်စီရဲ့ စစ်ဆေးရေးအဖွဲ့က စစ်ဆေးတဲ့အခါ အခက်ကြုံရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အရေးကြီးတဲ့ မှတ်ပုံတင်လျှောက်ထားတာကို လတ်တလောမှာ မပြုလုပ်ပေးတဲ့အတွက် နေထိုင်ရေး နဲ့ သွားလာရေးမှာ အခက်အခဲရှိတယ်လို့ တောင်ကြီးမြို့ရောက် ကရင်နီ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“မှတ်ပုံတင် ပျောက်သွားတော့ ခုက အသစ်လည်း ပြန်လျှောက်မရဘူး။ လမ်းမှာ အစစ်အဆေးတွေကလည်း အရမ်းရစ်တယ် ။ တည်းဖို့ ဘာညာလည်း အဆင်မပြေနေဘူး ” လို့ သူက ပြောပါတယ်။

လတ်တလောမှာ ရှမ်းပြည်နယ်အတွင်း ခရီးသွားလာကြတဲ့ ၂/ ကိုင်ဆောင်တဲ့ ကရင်နီဒေသခံတွေကို စစ်ဆေးတင်းကြပ်မှု ပိုမိုပြုလုပ်နေသလို ရှမ်းပြည်နယ်မှာ မိမိအမှန်တကယ်နေထိုင်ကြောင်း ထောက်ခံစာကို နေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာ တာ၀န်ရှိသူတွေရဲ့ လက်မှတ်ပြနိုင်မှသာ သွားလာခွင့်ရတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ