spot_img
28.9 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းအာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် (၅၁၅) ဦးကျဆုံးခဲ့

အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် (၅၁၅) ဦးကျဆုံးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ လက်နက်ကိုင်တိုက်ပွဲတွေစတင်တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၄ခုနှစ် အထိ ၊ ၃နှစ်ကျော်ကာလအတွင်း ကျဆုံးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် (၅၁၅)ဦး ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဧပြီလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီစာရင်းဟာ ကရင်နီပြည်အတွင်းက တိုက်ပွဲတွေအပြင် မိုးဗြဲ၊ ဖယ်ခုံနဲ့ ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်စာရင်းတွေဖြစ်တယ်လို့ PKPF ရဲ့တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“စာရင်းအရကတော့ ကရင်နီပြည်တိုက်ပွဲပဲလားဆိုတော့ မိုးဗြဲ၊ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ကျဆုံးမှုစာရင်းကော ဆီဆိုင်ဖက်မှာကော အကုန်ထည့်ထားပါတယ်။” လို့ PKPF ရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင် (၅၁၅)ဦးစာရင်းဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်တပ်မတော်(KA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့တွေဖြစ်တယ်လို့ ဆိုပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ချက်အရ တော်လှန်ရေးကာလ ၃နှစ်ကျော်အတွင်း ကရင်နီပြည်မှာ တိုက်ပွဲပေါင်း (၁၀၄၁)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု (၁၄၀၄) ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ