spot_img
13.7 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းKarenni Arts Careation (KAC) ရဲ့ တစ်နှစ်ပြည့်အခမ်းအနားပြုလုပ်ပြီး LOSE AND HOPE ရုပ်ရှင်ဇာတ်ကားပြသခဲ့

Karenni Arts Careation (KAC) ရဲ့ တစ်နှစ်ပြည့်အခမ်းအနားပြုလုပ်ပြီး LOSE AND HOPE ရုပ်ရှင်ဇာတ်ကားပြသခဲ့

-

ကန္တာရဝတီတိုင်း(မ်)

Karenni Arts Careation (KAC)ရဲ့ တစ်နှစ်ပြည့်အခမ်းအနားကို ကရင်နီပြည်တွင်း တစ်နေရာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ရက်နေ့ က ပြုလုပ်ခဲ့ပြီး LOSE AND HOPE ရုပ်ရှင်ဇာတ်ကားကိုလည်း မိတ်ဆက်ပြသပေးခဲ့တယ်လို့ ဒါရိုက်တာဖြစ်တဲ့ ဂျွန်မီယာ ကပြောပါတယ်။

“ကျနော်တို့အဖွဲ့က ၁ နှစ်ပြည့်လာခဲ့ပြီပေါ့နော်၊ အဖွဲ့သူအဖွဲ့သား အားလုံးရဲ့ ကြိုးစားမှုနဲ့ စည်းစည်းလုံးလုံးနဲ့ အခုချိန်ထိရောက်ရှိလာအောင် အဖက်ဖက်အကူအညီပေးကြတယ်။ ဒါကြောင့် ကျနော်တို့ကနေ ဂုဏ်ပြုပေးချင်တဲ့အနေနဲ့ပေါ့ ကျနော်ပွဲတစ်ပွဲလုပ်ပေးချင်တယ်။ ပြီးတော့ ပွဲတစ်ခုတည်းသာမက ကျနော်တို့ ပထမဆုံး တစ်နှစ်မတိုင်ခင်မှာ ရုပ်ရှင်ဇာတ်ကား ကောင်းမွန်စွာ ပြီးနိုင်ခဲ့တယ်ပေါ့နော်။ ဒီရုပ်ရှင်ဇာတ်ကားမှာဆိုရင်လည်း သူတို့ကို ကျနော်တို့က ဂုဏ်ပြုပေးချင်တဲ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲအနေနဲ့ တစ်ခါတည်း ပြုလုပ်ပြသခဲ့တာပေါ့။” လို့ LOSE AND HOPE ဒါရိုက်တာ ဂျွန်မီယာ က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

KAC ရဲ့ တစ်နှစ်ပြည့် အခမ်းအနားနဲ့ ရုပ်ရှင်ပြသပွဲကို ကရင်နီဒေသတွင်းက CSO အဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအသင်းတွေ၊ တပ်ရင်းအသီးသီးက ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ စုစုပေါင်း လူဦးရေ ၃၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

“ကရင်နီပြည်ကို တကယ် နေ့တိုင်းလက်တွေ့ဖြစ်ပျက်နေတဲ့ဟာ နေ့တိုင်းအဖြစ်အပျက်ကို ပုံဖော်ရိုက်ကူးထားတဲ့ ဇတ်ကားတစ်ကားဖြစ်တယ်ပေါ့။ အရမ်းကိုခံစားရတယ်။ ကြည့်လိုက်ရင် ရသမျိုးစုံနဲ့ ပုံဖော်ရိုက်ကူးထားတယ်။ တော်တော်လေးကိုကောင်းတဲ့ ဇတ်ကားတစ်ကားဖြစ်ပါတယ်”လို့ အခမ်းအနားကို လာရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။

KAC ကရိုက်ကူးထားတဲ့ LOSE AND HOPE ဇာတ်ကားကို နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်မှာ တင်ဆက်ပြသခဲ့ပြီဖြစ်ပြီး အခြားသော နိုင်ငံတွေမှာပါ တိုးချဲ့ပြသသွားဖို့ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ