Homeသတင်း၂ နှစ်ကျော်ကြာပျောက်ဆုံးနေတဲ့ ဝါရီဆူးပလိုင် ဒေသခံ ၂၀ ဦး ရဲ့ သတင်း မကြားရသေးဟု ဒေသခံတွေဆို

၂ နှစ်ကျော်ကြာပျောက်ဆုံးနေတဲ့ ဝါရီဆူးပလိုင် ဒေသခံ ၂၀ ဦး ရဲ့ သတင်း မကြားရသေးဟု ဒေသခံတွေဆို

-

ကန္တာရဝတီတိုင်း (မ်)

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ရှိ ဝါရီဆူးပလိုင် ကျေးရွာက ပျောက်ဆုံးနေတဲ့ရွာသား ၂၀ ဦးရဲ့ သတင်းအစအနကို လက်ရှိအချိန်ထိ မကြားရဘူးလို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်း‌က ဝါရီဆူးပလိုင်ကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။ အဆိုပါ ဒေသခံ ၂၀ ဦးဟာ စစ်ကောင်စီစစ်ကြောင်းက ဝါရီဆူးပလိုင်ကျေးရွာမှာ တပ်စွဲ ဝင်ရောက်ချိန်အတွင်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ သတင်းအစန တစ်ခုမှမတွေ့ဘူးပေ့ါနော” လို့ ဝါရီဆူးပလိုင် ဒေသခံတစ်ဦးက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ဒေသခံထဲကတစ်ဦးရဲ့ အရိုးစုကို ယခုနှစ် စက်တင်ဘာလအတွင်း ကျေးရွာတွင်းရှိ နေအိမ်ထဲမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

နောက်တစ်ဦးရဲ့ အရိုးစုကိုတော့ ‌အောက်တိုဘာလထဲ ဝါရီဆူးပလိုင်ရွာရှိ နန်းဖဲချောင်းဘေးမှာ ပြန်လည်တွေ့ရှိခဲ့ပြီး အရိုးစုနှစ်ခုကို ကျေးရွာရဲ့ ဓလေ့ထုံးတမ်းအရ သင်္ဂြိုလ်ပေးခဲ့လိုက်ပြီလို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

အရိုးစုနှစ်ခုကိုသာ တွေ့ရှိခဲ့ပြီး ကျန် ၁၈ ယောက်က ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြန်လည်တွေ့ရှိတဲ့ အရိုးစုပိုင်ရှင်တွေဟာ စစ်ကောင်စီရဲ့ ပစ်သတ်ခြင်းခံရတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။ ပျောက်ဆုံးနေသူတွေထဲက ၁၈ ဦးဟာ အမျိုးသားတွေဖြစ်ပြီး ၂ ဦးက တော့ အမျိုးသမီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်းမှာ မိုးဗြဲမြို့ နဲ့ အနီးအနားကျေးရွာတွေမှာ တော်လှန်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်စွဲထားခဲ့တဲ့ ဝါရီဆူးပလိုင်ကျေးရွာကို စစ်ဇုန်အဖြစ် တော်လှန်ရေးတပ်ဖွဲ့ဖက်က သတ်မှတ်ထားခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ