Homeသတင်းကရင်နီဒုက္ခသည်စခန်းအမှတ် (၁) မှာ Livelihood Fair အစီအစဉ်ပြုလုပ်

ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) မှာ Livelihood Fair အစီအစဉ်ပြုလုပ်

-

ကန္တာရဝတီတိုင်း ( မ် )

ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ Livelihood Fair ( အသက်မွေးဝမ်းကြောင်း) ဆိုင်ရာ နဲ့ ပတ်သက်ပြီး အစီအစဉ်တစ်ရပ်ကို ကရင်နီဒုက္ခသည်စခန်းအမှတ် ( ၁ ) မှာ ပြုလုပ်သွားပါတယ်။

အဲ့ဒီအစီအစဉ်ကို တစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ကြပြီး လူထုတွေ အတူတကွပူးပေါင်းပါဝင်စေလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ Livelihood Fair အစီအစဉ်ကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ခူးမယ်ရယ်က ပြောပါတယ်။

” တစ်နှစ်တစ်ကြိမ်ပဲ လုပ်ရတယ်။ Livelihood လုပ်တဲ့ အဖွဲ့အစည်းတိုင်းမှာ ဘာဝန်ဆောင်မှုတွေပေးသွားလဲ အဲ့လိုမျိုးပေါ့နော် ကျနော်တို့ လူထုတွေကို အသိပေးချင်တယ်။ ချပြချင်တယ်။ နောက်ပြီးတော့ လူထုဆီက သူတို့ ရယူထားတဲ့ နည်းပညာပဲဖြစ်ဖြစ်၊ ဗဟုသုတ ပဲဖြစ်ဖြစ် ပညာတွေပေါ့နော် ဒီပွဲမှာ Livelihood Fair အခမ်းအနား မှာ သူတို့ကို ပါဝင်လာစေချင်တယ် သူတို့ကို ရှိတဲ့ အစွမ်းအစနဲ့ လာပြီးတော့မှာ ထုတ်ပြခိုင်းစေချင်တာပေါ့နော်” လို့ ခူးမယ်ရယ်က ပြောပါတယ်။

Livelihood Fair ပြုလုပ်တဲ့အစီအစဉ်မှာတော့ ရိုးရာအထည်ချပြတာ ၊ လက်မှုပစ္စည်းလေးတွေ ခင်းကျင်းတာ ၊ ပြခန်းပြုလုပ်ပြီး နှုတ်မေးနှုတ်ဖြေအစီအစဉ်မှာ လက်ဆောင်ရယူတာ ၊ ခြံထွက်သီးနှံ ခင်းကျင်းတာ ၊ ရိုးရာအက ဖျော်ဖြေတင်ဆက်တာ ၊ ပြိုင်ပွဲအစီအစဉ်တွေနဲ့ ပြုလုပ်သွားပါတယ်။

ဒုက္ခသည်စခန်းထဲက လူထုအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ စီမံကိန်း ပြုလုပ်နေကြတဲ့ အဖွဲ့အစည်းတွေက အခုလို အစီအစဉ်ကို စုပေါင်းပြုလုပ်သွားကြတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ