Homeသတင်းစစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ မိုးဗြဲ PDF (၁၀၀၁) တပ်ရင်းဆီ အလင်းဝင်လာ

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ မိုးဗြဲ PDF (၁၀၀၁) တပ်ရင်းဆီ အလင်းဝင်လာ

-

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲပြင်းထန်တဲ့ ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့မှာ စစ်ရေးလှုပ်ရှားနေတဲ့ အမှတ်(၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ လင်းယုန်တပ်ခွဲထံကို ယမန်နေ့ မတ်လ ၂၃ ရက်နေ့မှာ လက်နက်နဲ့အတူ စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာခဲ့တယ်လို့ မတ်လ ၂၃ ရက်နေ့နေ့စွက်နဲ့ မိုးဗြဲ PDF ကထုတ်ပြန်ထားပါတယ်။

အဆိုပါ တပ်သားဟာ မိုးဗြဲ ခမရ(၅၀၈) တပ်ရင်းက ဖြစ်ပြီး မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်မှာ တာဝန်ထမ်းဆောင်ရာကနေ ထွက်ပြေးလာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဥပဒေအရ အတင်းစုဆောင်းခံရသူဖြစ်ပြီး စစ်ကောင်စီရဲ့ မတရားစေခိုင်းမှုကိုမခံစားနိုင်သောဘဲ ထွက်ပြေးလာတာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိ မိုးဗြဲ မှာ နေ့စဥ်ဖြစ်ပွားနေတဲ့ နှစ်ဖက် တိုက်ပွဲမှာလည်း စစ်ကောင်စီဘက် အကျအဆုံးများပြားကြောင်းကိုလည်း အဆိုပါ အလင်းဝင်လာခဲ့သူ တပ်သားက ပြောပြလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ အဆိုပါတပ်သားကို ဆုငွေချီးမြင့်ပေးအပ်ခဲ့သလို စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေတဲ့ တပ်သားတွေအနေနဲ့ အလင်းဝင်လိုသူတွေကိုလည်း ကြိုဆိုနေကြောင်း မိုးဗြဲ PDF(၁၀၀၁)တပ်ရင်း က ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ