spot_img
23 C
Loikaw
Tuesday 17, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းယာယီသမ္မတ ဦးမြင့်ဆွေ သေဆုံး

ယာယီသမ္မတ ဦးမြင့်ဆွေ သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းကာလအတွင်းမှာ ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးမြင့်ဆွေ သေဆုံးသွားပြီလို့ ဒီကနေ့ စစ်ကောင်စီရဲ့ ဝဘ်ဆိုဒ် စာမျက်နှာမှာ အသိပေးဖော်ပြလာပါတယ်။

ဒီကနေ့ ဩဂုတ်လ ၇ ရက်နေ့ မနက် ၈ နာရီ ခွဲမှာ သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်။” လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တယ်လီဂရမ် ချာနယ်တွေမှာလည်း “ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားခဲ့ပါသည်။ ယာယီသမ္မတ ဦးမြင့်ဆွေ ၏ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။”လို့ ဖော်ပြထားတာရှိပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေဟာ လက်ရှိမှာ အသက် ၇၄ နှစ်ရှိပြီဖြစ်ပါတယ်။

ယာယီသမ္မတဦးမြင့်ဆွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ကျန်းမာရေးအရ လှုပ်ရှားရာမှာ တုန့်နှေးတာ၊ အစာအာဟာရ စားသုံးနိုင်မှုအားနည်းတာတွေကို စတင်ခံစားခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ဖူးပါတယ်။

ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး အထူးကုဆရာဝန်တွေနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အရ အာရုံကြော နှေးကွေးတုန့်ဆိုင်းတဲ့ရောဂါ (Parkinson’s Disease) နဲ ဆက်စပ်တဲ့ အာရုံကြောအားနည်းရောဂါ ခံစားနေရသူတစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်အတွင်း ကျန်းမာရေးကုသမှု ခံယူနေရင်း ၂၀၂၄ခုနှစ်၊ ဇူလိုင်လ၁၈ရက်နေ့ကစပြီးဆေးခွင့် နဲ့ နေအိမ်မှာ အနားယူကာ ဆေးကုသမှုခံယူနေခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ ဦးမြင့်ဆွေရဲ့ ရောဂါအခြေအနေ စိုးရိမ်ဖွယ်ဖြစ်လာတာကြောင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်မှာ ကုသခံယူနေကြောင်းကိုလည်း ပြီးခဲ့တဲ့ ဩဂုတ်လ (၅) ရက်‌နေ့မှာ စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာကနေ အသိပေးထုတ်ပြန်ချက်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ