spot_img
15 C
Loikaw
Sunday 4, January 2026
spot_img
Homeသတင်းကရင်နီပြည် ကြားကာလလွှတ်တော် ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် အခမ်းအနားကို အွန်လိုင်းဖြင့် ပြုလုပ်

ကရင်နီပြည် ကြားကာလလွှတ်တော် ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် အခမ်းအနားကို အွန်လိုင်းဖြင့် ပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ကြားကာလလွှတ်တော် ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် အခမ်းအနားတစ်ရပ်ကို အွန်လိုင်း နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည် ကြားကာလလွှတ်တော်က ဒီက‌နေ့ ဩဂုတ် လ ၂၄ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။

တိုင်းရင်းသားလူမျိုး အသီးသီးတို့ရဲ့ နှစ်ပေါင်းများစွာ ဆုံးရှုံးနစ်နာခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်းတီးခွင့်၊ တစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ မွေးရာပါအခွင့်အရေးများကို ပြန်လည်ရရှိရန်နဲ့ (Buttom up Federalism Approach) ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေး ချဉ်းကပ်ရေးမူကို လက်ကိုင်ပြုပြီး မိမိပြည်နယ် အားကောင်းရေးအတွက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်လျက်ရှိကြတဲ့ အဖွဲ့အစည်းတွေအားလုံးကို ဂုဏ်ပြုလိုတယ်လို့ ကရင်နီပြည် ကြားကာလွှတ်တော် ဥက္ကဌ က အခုလို ပြောပါတယ်။

“အထူးသဖြင့် ကရင်နီပြည် လူထုတစ်ရပ်လုံးအား ကရင်နီပြည်ကြားကာလ လွှတ်တော် မှ မော်ကွန်းဝင် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြောကြားလိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့တွေဟာ အခက်အခဲ အကြပ်အတည်းအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုး၊ ညှင်းပမ်းနှိပ်စက်မှုအမျိုးမျိုး စသည်တို့ကို ကြံ့ကြံ့ခံရင်ဆိုင်ပြီမး မိပြည်နယ် အားကောင်းရေးကို အခြား ပြည်နယ်/လူမျိုးအခြေပြုကောင်စီများ၊ ဖက်ဒရယ်ယူနစ်များ က စံနမူနာ ယူနိုင်လောက်တဲ့ထိ၊ နိုင်ငံတကာ က အာရုံစိုက်အသိအမှတ်ပြုနိုင်တဲ့အထိ ဆောင်ရွက်ကြလို့ ဖြစ်ပါတယ်” လို့ ကြားကာလလွှတ်တော် ဥက္ကဌ ဦးဌေးအောင် က ပြောပါတယ်။

အခမ်းအနားကို ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ(KSCC)၊ ကရင်ပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ၊ ကရင်နီပြည် ကြားကာလ တရားစီရင်ရေး(KSIJ)၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဌာန ဒုတိယဝန်ကြီး၊ ဖယ်ဒရယ်ပြည်ထောင်စု ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကြီး ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊လွှတ်တော်ကိုယ်စားလှယ်များ ၊ လွှတ်တော်ရေးရာ ကော်မတီဝင်များ၊လွှတ်တော်ရုံး အထောက်အကူပြု နည်းပညာအဖွဲ့ဝင်များ ၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီရဲ့ ဌာန ဆိုင်ရာများ ၊ကရင်ပြည်တွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ၊ ကရင်နီ လူမျိုးစု လူငယ်များ၊ အမျိုးသမီး အစုအဖွဲ့များ၊ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်းများ CDM ကော်မတီဝင်များ ၊ စာပေနှင့်ကော်မတီဝင်များနဲ့ အရပ်ဘက် အဖွဲ့အစည်းများ စတဲ့အဖွဲ့အစည်းအသီးသီး က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး စုစုပေါင်း လူဦးရေ (၇၉) ဦး တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ