HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မတ်လ ( ၃၁ ) ရက်၊ (အင်္ဂါနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မတ်လ ( ၃၁ ) ရက်၊ (အင်္ဂါနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မတ်လ ( ၃၁ ) ရက်၊ (အင်္ဂါနေ့)
– လွိုင်ကော်မြို့နယ်အရှေ့ခြမ်းတနေရာမှာ ကေးထျိူးဘိုးပွဲတော်ကို ၃ရက်တာ ကျင်းပပြုလုပ်
– WSP ကျောင်း အမှတ်စဥ် (၁၉) ပြီးမြောက်တဲ့ သင်တန်းသူ (၃၀) ဦးကို လက်မှတ်ပေးအပ်
– ဒီးမော့ဆိုမှာ ဓာတ်ဆီ တစ်လီတာ ကျပ်တစ်သောင်း ဖြစ်လာ
–  အမှတ်စဥ် (၃၀) နွေရာသီလူငယ်သင်တန်းဆင်းပွဲကျင်းပ ပြုလုပ်ခဲ့
– တော်လှန်ရေးအင်အားစု ၆ ဖွဲ့ နဲ့ ဖွဲ့စည်းထားတဲ့ SCEF ကို ပေါင်းကူးတံတား တစ်စင်းဖြစ်ဖို့အထိ ရည်ရွယ်ထားကြောင်း KNPP ဥက္ကဋ္ဌ ခူဦးရယ် ဆို
– စက်သုံးဆီပြတ်လပ်မှုကြောင့် သောက်သုံးရေပြဿနာတွေ ပိုတိုးလာတဲ့ ဖရူဆိုအရှေ့ခြမ်းဒေသ စတဲ့သတင်းတွေအပါအဝင်  မိုးလေဝသတင်းတွေကိုကြားကြရမှာပါ။  ဒါ့အပြင်  အပတ်စဉ်တင်ဆက်ပေးတဲ့  လူငယ်အစီအစဉ်ကနေ ကရင်နီလူမှုဖွံ့ဖြိုးရေးသင်တန်းကျောင်း(KSDC) ပြီးမြောက်သွားတဲ့ ကျောင်းသူ/သားတွေရဲ့ “ရင်တွင်းခံစားချက်နဲ့ ကျောင်းအတွင်းရရှိတဲ့ အခွင့်အလမ်း/အခွင့်အရေး” ကို မျှဝေကြတဲ့ စကားသံတွေကို ဆက်လက်နားဆင်ကြရမှာဖြစ်ပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ