ကန္တာရဝတီတိုင်း(မ်)
ထိုင်း-ကရင်နီ နယ်စပ်တစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ဆယ်သဲကောလိပ် ကျောင်းရဲ့ အပတ်စဥ် (၁၃) ဘွဲလက်မှတ်အပ်နှင်းခြင်းနဲ့ ကျောင်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဆယ်သဲကောလိပ် ကျောင်းဟာ လူငယ်လူရွယ်တွေအနေနဲ့ ဒေသတွင်း ရပ်ရွာအသိုင်းအဝန်းမှာ ပြန်လည်အထောက်အကူပြုနိုင်ဖို့အတွက် ၂၀၁၃ခုနှစ်က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ အပတ်စဉ်(၁)အနေနဲ့ စတင်ဖွင့်လှစ်ခဲ့ကာ ၂၀၂၁ခုနှစ်မှာတော့ နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုတွေကြောင့် ထိုင်း-ကရင်နီနယ်စပ်မှာ ပြောင်းရွေ့ ဖွင့်လှစ်ခဲ့တာပါ။
လက်ရှိ အပတ်စဥ် (၁၃) မှာတော့ Education နဲ့ Community Development မေဂျာ ၂ ခုကနေ အထူးပြု သင်ကြားပေးခဲ့တာဖြစ်ပါတယ်။
ဆယ်သဲ ကောလိပ် (STC)ကျောင်း ပြီးမြောက်သွားတဲ့ ကျောင်းသူ/သား နဲ့ မိဘ အချို့ရဲ့ “ကျောင်းအတွင်းရရှိတဲ့ အခွင့်အရေး/အခွင့်အလမ်းနဲ့ အားပေးတိုက်တွန်းစကားသံ” တွေကို တင်ဆက်ပေးလိုက်ပါတယ်။
ခူးလော်ရယ် ( ကျောင်းသားတစ်ဦး )
“ကျနော်အခုကျောင်း၃နှစ်သာပြီးဆုံးထားတော့ကျနော်အရမ်းပျော်ရွှင်မိတာပေ့ါ။ ကျနော့စိတ်ထဲမှာတော့ ကျနော်တစ်နေ့ကျရင်ကျနော့အသိုင်းအဝန်းမှာ ပြန်ကူနိုင်မယ်လို့ ကျနော့မှာက အနာဂတ်မှာမျော်လင့်ထားတာအများကြီးရှိတယ်ပေ့ါနော။ကျနော်တို့ရည်ရွယ်ချက်ပန်းတိုင်ရောက်ဖို့ဆိုရင် ကျနော်တို့အခုကတည်းက ကျနော်တို့ခြေလှမ်းအစအခုမှဖြစ်မှာပေါ့နော်။ ကျောင်းသားအသစ်တွေကိုကျနော်ကြိုဆိုပါတယ်ပေ့ါနော်။အမြဲတမ်းကြိုဆိုပါတယ်လို့ ကျနော်တို့ကျောင်းကိုလာပြီးတော့တက်ရောက်နိုင်ပါတယ်လို့။ ကျနော်တို့ကျောင်းမှာတော့ကျောင်းသားသစ်တွေအားလုံးကိုကျနော်တို့ကြိုဆိုပါတယ်။ကျနော်တို့ကျောင်းကိုလည်းလာရောက်တက်နိုင်ပါတယ်ဆိုပြီး ပထမဦးစွာကြိုဆိုပါတယ်နော။ကျနော်တို့ကျောင်းမှာက ကိုယ်ထူကိုယ်ထကျောင်းဖြစ်ပေမဲ့ ကျနောတို့ကျောင်းမှာကပညာရှင်တွေနဲ့ အများကြီးသင်ခွင့်ရှိတယ်။ ပြီးတော့မှလာရောက်လည်းချိတ်ဆက်နိုင်တယ်ပေါ့။”
ဒေါ်ဘူးမြာ(ခ) ဆာဝါး (ကျောင်းသားမိဘ)
“အရမ်းပျော်တယ် အရမ်းကြည်နူးတယ်။ ပြီးတော့ ရှေ့ဆက်လာမယ့်သားသမီးအတွက်လည်း အဲ့လိုမျိုးပညာ ဆက်ပြီးသင်စေချင်တယ်ပေါ့။ ကျောင်းကတော့ ပညာရေးကနေ အဆုံးထိတက်ခိုင်းစေချင်တယ်။ ပြီးမှ အလုပ်လျှောက်ခိုင်းစေချင်တယ် အဲ့လိုမျိုးပေါ့။ တချို့ကလေးတွေက ပညာမရဘဲနဲ့ တဝက်တပျက်နဲ့ အလုပ် အဲ့မျိုးဆိုရင်တော့ အဆင်မပြေဘူး။”
မော်စူးမြာ (ကျောင်းသူတစ်ဦး)
“ ဒီကျောင်းကနေတက်မယ်ဆိုလို့ရှိရင် ကျမတို့က ဆရာတို့ကနေတဆင့် ကျမတို့ကိုတခြားကျောင်း၊ နိုင်ငံခြား တခြားကျောင်းတွေ join လို့ရတယ်ဆိုတဲ့အကြောင်း ဆရာမတို့ကနေမျှဝေပေးတာတွေ ရှိတယ်။ ပြီးလို့ရှိရင် ကျမတို့တက်တဲ့အချိန်မှာဆိုလို့ရှိရင် မာစတာတန်းတွေရတဲ့ ဆရာ၊ ဆရာမတွေနဲ့ အွန်လိုင်းကနေတဆင့် သင်ကြားနိုင်ဖို့အတွက် ဖိတ်ခေါ်ပေးတာတွေရှိတယ်။ ပြီးလို့ရှိရင် တခြားကျောင်းကဆရာ၊ ဆရာမတွေ ပြီးလို့ရှိရင် ဒေါနိုးကူးကိုရောက်ရှိလာတဲ့ ဧည့်သည့်တွေကို Guest speaker အနေနဲ့ ခေါ်ပေးတာတွေလည်းရှိတယ်။ သူတို့ဆီကနေ အတွေ့အကြုံတွေရရှိတယ်။ ပြီးလို့ရှိရင် ကျမတို့ကိုအလုပ်သင်တွေ စီစဉ်ပေးတဲ့အချိန်ဆိုလို့ရှိရင် ကျမတို့အလုပ်သင်ကနေ ကျမတို့အတွေ့အကြုံတွေ ပိုရရှိတယ်။ အဲ့ဒီကနေတဆင့် ကွန်ယက်တွေလည်း ကျယ်ပြန့်လာတယ်ပေါ့နော။ ပြီးရင် ကျမတို့ဒီကျောင်းကို မတက်လာခင်မှာဆိုလို့ရှိရင် ဥပမာ မင်းမဟော်(Minmahaw) တို့ အဲ့လိုမျိုးဆိုကျမတို့တခါမှ မကြားဖူးဘူး။ ဒါပေမဲ့ ဒီရောက်လာတဲ့ချိန်မှာဆို ဆရာမတို့ကနေ အဲ့လိုမျိုးကျောင်းတွေလည်းရှိတယ်။ ပြီးလို့ရှိရင် နိုင်ငံခြားကနေ join လို့ရတဲ့ကျောင်းတွေလည်းရှိတယ်ဆိုတဲ့အကြောင်းတွေကို ဆရာမတို့မျှဝေပေးတယ်။ ပြီးလို့ရှိရင် ကျမ တတိယနှစ်တစ်ယောက်အနေနဲ့ ကျောင်းပြီးသွားတော့ ကျမ ဘယ်လိုခံစားရလဲဆိုလို့ရှိရင်တော့ ပျော်တယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် ကျမက ၃နှစ်လုံးလုံးကြိုးစားပြီး အခက်အခဲတွေကို ကျော်ဖြတ်လာခဲ့တယ်။ ပြီးရင် ကျမမိဘတွေလည်း အဲ့လောက်ထိမတတ်နိုင်တောင်မှ အဖက်ဖက်ကနေ ပံ့ပိုးပေးတယ်။ ကျမအဲ့လိုမျိုးကျောင်းပြီးသွားတော့ ကျမမိဘတွေလည်း ဘွဲ့တစ်ခုရသွားတဲ့အချိန်မှာ ကျမမိဘတွေလည်း ကျမအတွက် ဂုဏ်ယူပေးတယ် ပျော်တယ်။ ပြီးလို့ရှိရင် ကျမလည်း ကျမမိဘတွေအတွက် အဲ့လိုမျိုးကြိုးစားပေးနိုင်တာ ကျမလည်းပျော်တယ်ပေါ့နော။ ကျမနောက်လာမယ့် ဂျူနီယာတွေကို ကျမဖိတ်ခေါ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီကျောင်းမှာဆိုလို့ရှိရင် နောက်ကျရင် ပိုပြီး အဆင့်မြှင့်လာတာတွေရှိမယ် ပိုပြီးတို့မြှင့်လာတာတွေရှိမယ်။ ပြီးလို့ရှိရင် ဆရာ၊ ဆရာမတို့ကလည်း သူတို့က နိုင်ငံတကာအဆင့်မီအောင် သူတို့ကြိုးစားနေတာတွေလည်းရှိတယ်။ ပြီးရင် ကျမတို့က ဒီကျောင်းကိုလာရင် စာတစ်ခုပဲမဟုတ်ဘဲနဲ့ အသင်းတွေဖွဲ့ပေးတယ်။ ပြီးလို့ရှိရင် အဲ့အသင်းကနေမှ ကိုယ်စိတ်ဝင်စားတဲ့အပိုင်းမှာဝင်ပြီးတော့ join လို့ရတယ်ဆိုတဲ့ဟာပေါ့နော။ အဲ့တာကြောင့်မို့လို့ ကျမတို့ကျောင်းကိုတက်စေချင်ပါတယ်။ “
ဦးသျားရယ် (ကျောင်းသားမိဘ)
“ ကျနော်စိတ်အနေနဲ့ဆိုဝမ်းလည်းဝမ်းသာတယ်ပေ့ါနော။ ဘယ်လိုပြောလည်ဂုဏ်လည်းဂုဏ်ယူတယ်ပြောရမှာပေ့ါ။ အခုလောလောဆယ်ကျောင်းပြီးတဲ့သားသမီးတွေကဥပမာဒီမနက်ဆရာပြောသလိုပဲ သူတို့လည်းဆက်တက်မယ်ဆိုရင်လည်း ကျောင်းရှိသေးတယ်လို့ ဆရာတို့ကသူတို့ကိုပြောထားတယ်လေး။ကျနော်တို့လည်းမိဘတစ်ယောက်အနေနဲ့ အကယ်၍ရှေ့လမ်းစဥ်ရှိဦးမယ်ဆိုရင်တော့ ဆက်တက်ခိုင်းချင်တာပေ့ါကျောင်းကို။ ကျောင်းဆုံးတဲ့အထိတက်ခိုင်းချင်တာပေ့ါကျနော့အနေနဲ့။”
ဒေါ်ရှားမိုး (ကျောင်းသားမိဘ)
“ အခုအဲ့လိုမြင်ရတာ အရမ်းပျော်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ကလေးတွေကို ကျမတို့က မျှော်လင့်တယ်။ အဲ့လိုတက်တာ။ အခုက အခြေအနေက မကောင်းသော်လည်း ဆရာ/မတွေက ဒီလိုမျိုးစီစဥ်ပေးတဲ့အတွက် ဒီလိုမျိုးဖြစ်လာတော့ ဘွဲ့လည်းယူကြတော့ အရမ်းပျော်တယ်။ စိတ်အရမ်းပျော်တာကို အရမ်းပျော်တော့ စိတ်ထဲမှာပျော်ရွှင်တာတောင် မပြောနိုင်တော့ဘူး မပြောတတ်တော့ဘူး။ အရင်ဆုံးပြောချင်တာက စာမေးပွဲဖြေပြီးတဲ့သူ ဘွဲ့ယူပြီးတဲ့သူတွေပေါ့ သူတို့က ဆရာ/မတွေကို အရင်ကျေးဇူးတင်ရမယ်။ ပြီးတော့ ဖြေပြီးတော့ ဘွဲ့ယူပြီးတော့ ဒီမှာပဲ မပြီးခိုင်းချင်ဘူး။ ဆက်ပြီးတော့ သူတို့ကို ရှာဖွေခိုင်းချင်တယ်။ သူတို့လုပ်ချင်တဲ့ အလုပ်မျိုးကို။ ဆရာ/မပဲဖြစ်ဖြစ် မိဘတွေပဲဖြစ်ဖြစ် သူတို့(ကျောင်းသူ/သား)တွေအတွက်ရှာကူဖို့။ ကျောင်းသူ/သားတွေလည်းဒီမှာ မရပ်တန်လိုက်နဲ့။ ဆက်လက်ရှာဖွေတတ်ဖို့ ဆက်လက်တက်နိုင်ဖို့ သူတို့အတွက် သူတို့ရှာဖွေနိုင်ဖို့အတွက် သူတို့ရဲ့လက်ထဲမှာပဲရှိတယ်။ ဆရာ/မ လက်ထက်မှာပဲပေါ့။ နောက်ပြီး မတက်ရသေးတဲ့သူတွေအတွက် ဒီကျောင်းက ပျော်လွန်းလို့မပျော်တတ်တော့ဘူး။ ဘယ်လို့လဲဆိုတော့ ကလေးတွေကျောင်းမတက်နိုင်တဲ့သူတွေ မိဘတွေမကူနိုင်တဲ့သူတွေ ပြီးတော့ စာမလိုက်နိုင်တဲ့ ကလေးတွေ ပြီးတော့ ဟိုပြေးဒီပြေး ပြေးတော့ စိတ်တွေကလေတဲ့သူတွေလည်းရှိတော့ ဒီလိုမျိုး ကျောင်းဖွင့်တစ်လုံးဖွင်ပေးတော့ အရမ်းပျော်တယ်။ ပြီးတော့ ကျောင်းမတက်ရတဲ့ ကလေးတွေကိုလည်း ကျမတို့က သူတို့ကိုဒီလို့မျိုး ကျောင်းတက်ခိုင်းချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တီထွင်ကြံဆနိုင်ဖို့ သူတို့ တီထွင်နိုင်ဖို့ လူကြားမှာလည်း သွားလာတတ်ဖို့ စာပေတွတတ်ဖို့ အင်္ဂလိပ်၊မြန်မာ၊ကယား အမျိုးစုံအတွက် ကျမအရမ်းပျော်တယ်။ ဒီကျောင်းကိုဆက်လက်ဖွင့်ဖို့လည်း ကျမအားပေးတယ်။”
ကျောင်းသားမိဘတစ်ဦး
“ဝမ်းမြောက်ဝမ်းသာစွာ ဆရာဆရာမအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ပြီးတော့ သူတို့ကိုစောက်ရှောက်ပေးတယ် ကျမလည်း အဝေးမှာနေတယ် ကျမအနောက်ဖက်ခြမ်းကနေ အားလုံးကို တွေ့ချင်လို့ ကြိုးစားပြီးဒီထိရောက်အောင်လာတယ် အားလုံးကိုလည်းကျေးဇူးတယ်ပေါ့နော။ ဆရာဆရာမတွေ ကြည့်ရှုစောက်ရှောက်ပေးလို့လည်း အရမ်းလည်းပျော်ရွှင်ပါတယ် ကျေးဇူးလည်း တင်ပါတယ်။ နောက်လည်း ကျမတို့သားသမီးကိုလည်း ထောက်ပံ့ပေးကြဖို့ ပြောချင်ပါတယ်။”





