Homeသတင်းစက်သုံးဆီ အခွန်ကင်းလွတ်ခွင့် IEC သတ်မှတ်

စက်သုံးဆီ အခွန်ကင်းလွတ်ခွင့် IEC သတ်မှတ်

-

ကန္တာရဝတီတိုင်း (မ်)

လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို သတ်မှတ်ဆောင်ရွက်ထားတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာနရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ IEC အနေနဲ့ စက်သုံးဆီတင်သွင်းသယ်ယူတာနဲ့ ပတ်သက်ပြီး အခွန်ကင်းလွတ်ခွင့်ပြုတဲ့ကာလကို (မတ်လ ၂၀ ရက်မှ ဇွန် ၂၀ထိ) သတ်မှတ်ထားပါတယ်။” လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စက်သုံးဆီ သယ်ယူတင်သွင်းမှု အခွန်ကင်းလွတ်ခွင့်ကို ၃ လတာ သတ်မှတ်ထားတာဖြစ်ပြီး IEC ဂိတ်ရှိတဲ့နေရာတွေပဲ အကျုံးဝင်မှာဖြစ်ပါတယ်။ ဒါက အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြောင့် အကျိုးဆက်အနေနဲ့ ကမ္ဘာ့ရေနံစျေးမြင့်တက်မှုကို ကြုံတွေ့နေရတဲ့ ကရင်နီလူထုအတွက် စီမံထားခြင်းဖြစ်တယ်လို့လည်း IEC ၊ အတွင်းရေးမှူ ၂ ဦးဗညားက ပြောဆိုထားပါတယ်။

ဒါပေမဲ့ အခွန်ကင်းလွတ်ခွင့် အစီအမံ မသက်ရောက်တဲ့ ကုန်စည်လမ်းကြောင်းတွေတော့ ပုံမှန်အတိုင်း အခွန်ငွေဆောင်နေရတယ်လို့ လောင်စာဆီသွင်းနေတဲ့ ကုန်သည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဘာပစ္စည်းပဲတင်တင် အခွန် ၂ ဂိတ်ပေးရတယ်လေး။ IEC ဂိတ်မရှိဘူး။ KA ဂိတ်ပဲပေးရတာ။ တန်ချိန်နဲ့ တွက်တာမဟုတ်ဘူးလေး။ သူ့ဟာက ပစ္စည်းများရင်များသလို နည်းရင်နည်းသလို ကြည့်ပြီးတော့ ခန့်မှန်းတောင်း အဲလိုပါပဲ” လို့ သူက ပြောပါတယ်။

တောင်ငူ – ဒီးမော့ဆို လမ်းမကြီးမှာရှိတဲ့ ဂိတ်တွေမှာ အခွန်ငွေကို ပုံမှန်အတိုင်းပေးဆောင်ရပေမယ့် IEC နဲ့ တပ်ပေါင်းစုဂိတ်မှာတော့ အခွန်ဆောင်စရာမလိုတော့ဘူးလို့ ဒီးမော့ဆိုကနေ လောင်စာဆီသွင်းနေတဲ့ ကုန်သည်အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

ပြည်တွင်းဆီ စျေးမြင့်တက်မှုလျော့ချအောင် လောင်စာဆီ အခွန်ကင်းလွတ်ခွင့်ကို ဂိတ်ပေါင်းစုံက သတ်မှတ်နိုင်ရင် ကောင်းတယ်လို့ ဆိုပါတယ်။

“အခွန်ကင်းရင် ဆီစျေးသက်သက်သာသာ ရောင်းလို့ရတာပေါ့။ သုံးသူလည်း အရမ်းသက်သာတယ်။ ဖြစ်နိုင်ရင် ရှိသမျှဂိတ်တွေ အခွန်ကင်းလွတ်ရင် ပိုအဆင်ပြေတယ်လေနော။ အခုက ဆီစျေးညစ်ရင် လျော့ခိုင်းရင်၊ သူတို့က ဂိတ်ကြေးနဲ့ ကိုက်လို့၊ ဂိတ်ကြေးတွေဒီလောက်ပေးရလို့ မကိုက်လို့နဲ့ပဲ ကျမတို့က စျေးလျော့ခိုင်းဖို့ အားမရှိဘူး။ ခုတောင် အမတို့ ဆီဆိုင်သမားတွေက စျေးမတက်အောင် မနည်း ထိန်းရောင်းနေရတာ” လို့ သူက ပြောပါတယ်။

IEC က အခွန်ကင်းလွတ်ခွင့်ပေးထားပေမယ့် ဒီးမော့ဆိုအနောက်ခြမ်းမှာ လက်ရှိ စက်သုံးဆီစျေးက ဓာတ်ဆီ တစ်လီတာ ၁၅၀၀၀ ကျပ်ပေးဝယ်နေရပြီး ဒါက ပုံမှန် စျေးရဲ့ ၃ ဆ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ