KT-FM ကရင်နီဘာသာ အစီအစဉ် ဧပြီလ (၉) ရက်၊ ၂၀၂၆ ခုနှစ်(ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ
– ပဋိပက္ခဇုန်က အမျိုးသမီးသတင်းထောက်တွေ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု ကြုံတွေ့နေရ
– နှစ်ပေါင်း (၂၀၀)ကျော်ကြာ ရန်ငြိုးရှိလာတဲ့ လိုဘာခို နဲ့ ယပ်ခူ ဆွေမျိုးစုတို့ ပြန်လည်သင့်မြတ်ရေး စာချုပ်ချုပ်ဆို
– စစ်ရှောင်စခန်းကနေပြန်လာပြီး နေရပ်မှာ ကေ့ထျိုးဘိုး(ခေါ်) တံခွန်တိုင်ပွဲကို ပြန်လည် ကျင်းပ
– (၁၃) ကြိမ်မြောက် ကယောလူငယ်များနေ့နဲ့ နှစ်ပတ်လည် အစည်းအဝေးကို KwYO ကျင်းပ
– ရေပူစစ်ရှောင်စခန်းမှာ ကျောင်းဆင်းပွဲနဲ့ လက်မှတ်ပေးအပ်ခြင်း အခမ်းအနားပြုလုပ်ဆိုတဲ့ သတင်းနဲ့အတူ “နွေရာသီမှာ ကျန်းမာ၊ လုံခြုံဖို့ ဘယ်လိုနေထိုင်မလဲ” ဆိုတဲ့ ဆောင်းပါးနဲ့ မိုးလေဝသ သတင်း၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ရောင်းချပေးနေတဲ့ ကုန်စျေးနှုန်းသတင်း၊ ယင်းတလဲဘာသာနှင့် ကယားဘာသာ အစီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်




