Homeမာလ်တီမီဒီယာ(၂၆) ကြိမ်မြောက်ကယန်း အမျိုးသားနေ့မှာ ကယန်းလူငယ်တွေရဲ့ သတင်းစကားများ

(၂၆) ကြိမ်မြောက်ကယန်း အမျိုးသားနေ့မှာ ကယန်းလူငယ်တွေရဲ့ သတင်းစကားများ

-

ခွန်းလွမ်းမိုး
ကယန်းလူငယ်တစ်ဦး
“လက်ရှိ ဒီပွဲမှာ လူငယ်တစ်ယောက်အနေနဲ့ ပွဲဖြစ်မြောက်ရေးအတွက် လုပ်အားပေးသော်လည်းကောင်း ပါဝင်ဖြစ်တယ်။ ကျနော်တို့ပါဝင်နိုင်တဲ့ အခန်းကဏ္ဠ ကနေလည်း ပါဝင်ပေးဖြစ်တာရှိတယ်။ ပြီးတော့ ကယန်းလူထုတစ်ရပ်လုံးကို မှာချင်တာကတော့ ကျနော်တို့ ဒီ (၂၆)ကြိမ်မြောက်ကယန်း အမျိုးသားနေ့ ကနေစပြီးတော့မှ ကျနော်တို့ကယန်းအမျိုးသားရေးနဲ့ ပတ်သက်ပြီးတော့မှ အားလုံးပူးပေါင်းပါဝင်ဝန်းရံဖို့ ကျနော်တို့ရဲ့ ကယန်းအမျိုးသား ဝိသေသလက္ခဏာကို ကောင်းမွန်စွာဖော်ဆောင်ဖို့ အတွက် ကျနော်တို့လူငယ်အချင်းချင်းကြားမှာချစ်ကြည်ရင်းနှီးဖို့ အတွက်ပေါ့နော။ ကျနော်တို့မတူကွဲပြားမှုတွေ အများကြီးရှိးနိုင်တယ်။ သို့ပေမဲ့လည်း မတူကွဲပြားမှုတွေကို ကျနော်တို့လက်သင့်ခံမယ်။ ဆွေးနွေးကြမယ်။ လူငယ်တွေက ရှေ့ကနေပြီး အမျိုးသားရေးကို ဦးဆောင်နိုင်ဖို့ အတွက်ပေါ့။ အများကြီးတိုက်တွန်းမှာချင်ပါတယ်”

မရို့စလင်း
ကယန်းလူငယ်တစ်ဦး
“နောက်နှစ်မှာ ဒီထက်မက ကယန်းအမျိုးသားနေ့မှာ ဆက်လက်ပြီး ပါဝင်အားဖြည့်ပေးကြဖို့ ကျမကိုယ်တိုင်ကလည်း ပါဝင်အားဖြည့်မှာပါ။ ဆက်ပြီးတော့မှလည်း ကယန်းတွေရဲ့ ယဥ်ကျေးမှုတွေ အကတွေ ပြီ‌တော့ ရိုးရာဝတ်စုံတွေ တခြားသော ယဥ်ကျေးမှုတွေဖက်ကနေလည်း ဆက်လက်ပြီးတော့မှ ထိန်းသိမ်းပေးကြဖို့ ဆက်လက်ပြီးမှ ဒီလိုပွဲတွေ ဒီထက်မကဖြစ်မြောက်ဖို့ ဝန်းရံဖို့ သတင်းစကားပါးချင်ပါတယ်။”

ခွန်းစိုင်းချစ်နိုင်
ကယန်းလူငယ်တစ်ဦး
” ဒီကယန်း အမျိုးသားနေ့မှာ ကျနော်လူငယ်အခန်းကဏ္ဠ အနေနဲ့ များကြီးတွေ့ရတယ်ပေါ့နော။ လူငယ် တွေကို စုစုစည်းစည်းနဲ့ ပေါ့ ဘက်ပေါင်းစုံ အလွှာပေါင်းစုံ ကနေလာကြတဲ့ လူငယ်တွေဖြစ်တဲ့ အခါမှာ ကျနော်တို့ တကယ်ပဲ ‌ရှေ့လျှောက်ပေါ့နော။ ဒီထက်ပိုပြီးအားကောင်းစေဖို့ ဆိုရင်တော့ ကျနော်တို့လူငယ်တွေရဲ့ လက်ထဲမှာရှိတယ်ပေါ့နော်။အဲ့ဒါကို ကျနော်တို့ဆက်လက်ထိန်းသိမ်းပြီး မြှင့်တင်သွားဖို့လိုတယ်ဆိုတာကို ကျနော်သတင်းစကားပါးချင်ပါတယ်။”

မူထိုက်
ကယန်းလူငယ်တစ်ဦး
” ကျမတို့ရဲ့ အမျိုးသားနေ့မှာ စည်ကားစွာ ကျင်းပနိုင်ဖို့ ကျမက ကျေးရွာထဲမှာ လူငယ်တွေကိုလဲ အကလာရောက် ပူးပေါင်းပါဝင်ပေးဖို့ စည်းရုံးတယ်။ ကျမကိုယ်တိုင်ကလည်း နေ့ထူးနေ့မြတ်ဖြစ်တဲ့ အတွက်ကြောင့် ဒီအကထဲမှာ ကျမလည်း ကိုယ်တိုင်ဝင်ကတယ်။ ကျမတို့က လူမျိုးတစ်မျိုးဖြစ်တယ်။ ကျမ တို့က ကယန်းလူမျိုးဖြစ်တယ်။ ဒီရက်က ကျမတို့လူမျိုးတွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ အတွက်ကြောင့်မို့ ကျမတို့လူငယ်တွေအားလုံးတက်တက်ကြွကြွနဲ့လာရောက်ပြီးတော့မှ စုပေါင်း‌ပေးတာမြင်ရတော့ ကျမအရမ်းပျော်ပါတယ်။ နောက်ထပ်လည်း ဒီထက်မက ကျမတို့ရဲ့ ကယန်းလူမျိုး၊ တခြာလူမျိုးလဲ ကျမတို့လူမျိုးကို တန်ဖိုးထားအောင် ကျမတို့လည်း တန်ဖိုးထားရမယ်။ကျမတို့ အချင်းချင်း ကိုယ်ပိုင် ဝိသေသလက္ခဏာတွေကို ကျမတို့ အချင်းချင်းတန်ဖိုးထားတတ်ဖို့လိုတယ်။နောင်လာမယ့်နှစ်မှာ လူငယ်တွေလည်း ကျမတို့ရဲ့နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကယန်းအမျိုးသားနေ့မှာ အတတ်နိုင်ဆုံးပူးပေါင်းပါဝင်ပြီး ဦးဆောင်ပေးကြဖို့ တောင်းဆိုပါတယ်။”

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ