ကန္တာရဝတီတိုင်း (မ်)
ဒီကနေ့ ဧပြီလ ၁၃ ရက်နေ့ မြန်မာ့ရိုးရာ သင်္ကြန်အကြိုနေ့မှာ စစ်ကော်မရှင်တပ်က ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတနေရာကို လက်နက်ကြီး ၈ လုံးခန့် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့နယ်အခြေစိုက်တပ်စခန်းကနေ ဒီးမော့ဆိုမြို့နယ်ကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လက်နက်ကြီးထပ်ကျတယ်။ ၆လုံး ၊ ၇လုံး ၊ ၈လုံး အထိတောင်ကျတယ်။” လို့ဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုကြောင့် လူထိခိုက်မှု ၊ နေအိမ်ပျက်စီးမှုမရှိခဲ့ပေမယ့် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့မှာလည်း ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကော်မရှင်က လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ဒေသခံနေအိမ်တချို့ ပျက်စီးခဲ့သလို မပေါက်ကွဲပဲ ကျန်နေသေးတဲ့ လက်နက်ကြီးတချို့လည်း ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။






