KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မေလ ( ၂၂ ) ရက်၊ (သောကြာနေ့)
– ဖားဆောင်မှာ စစ်ကော်မရှင်က အသေခံ ဒရုန်း နဲ့ လက်နက်ကြီးတွေ ပစ်ခတ်လို့ ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရ
– ဖရူဆိုအနောက်ခြမ်းမှာ ၁၅ နှစ်အောက်ကလေးတွေ ပါးချိတ်ရောင်ရမ်းမှုဖြစ်
– လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ လာမယ့်စာသင်နှစ်အတွက် သင်ကြားရေး ဆရာ၊ ဆရာမတွေ လိုအပ်နေ
–ခရု၊ဂဏန်းနဲ့ ကြွက် ဖျက်လို့ နန်းမယ်ခုံ မြို့နယ်က စပါးစိုက်တောင်သူတွေ အခက်တွေ့
–ကြေးတုံ စစ်ရှောင်စခန်းမှာ သောက်သုံးရေ ရရှိနိုင်ဖို့ ရေပိုက်နှင့် မိုးကာ အကူအညီလိုအပ်နေ
–ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် စာရေးကိရိယာတွေ လိုအပ်နေ
စတဲ့သတင်းတွေအပါအဝင် “ ပြည်တွင်းမျိုးသန့်စပါး ဖြန့်ဖြူးရေး အိပ်မက် အသက်ဝင်ပြီ”ဆိုတဲ့ ဆေင်းပါးနဲ့အတူ မိုးလေဝသ သတင်းတွေကိုကြားကြရမှာပါ။ ဒါ့အပြင် အပတ်စဉ် တင်ဆက်ပေးတဲ့ ကုန်ဈေးနှုန်းသတင်းတွေကိုလည်း ဆက်လက်နားဆင်ကြရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်




