KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မေလ ( ၂၆ ) ရက်၊ (အင်္ဂါနေ့)
– လမ်းကြောင်းပိတ်ဆို့ပြီး ပြောင်းစျေးမတည်ငြိမ်မှုကြောင့် လွိုင်ကော်မြို့နယ်တောင်သူတွေ နှမ်းစိုက်ပျိုးမှုကို ရွေးချယ်လာ
– လွိုင်ကော်အရှေ့ခြမ်းမှာ ငှက်ဖျားရောဂါအဖြစ်များ၊ ကြိုတင်ကာကွယ်ဖို့ခြင်ထောင်တွေ လိုအပ်နေ
– ဖလာစျေးကျလို့ ယခုနှစ်မှာ ဖာလာ စိုက်ပျိုးမှုလျော့နည်းလာ
– ဒေသတွင်းစစ်ရေးအခြေအနေကြောင့် နန်းမယ်ခုံမြို့က ဒေသခံတွေ ငါးမွေမြူရေး မလုပ်နိုင်တော့
– လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ ကောလိပ်အဆင့်ကျောင်းတွေ ဖွင့်လှစ်ပေးနိုင်ဖို့ ဒေသခံတွေ မျှော်လင့်နေ
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ သတင်းတွေကိုကြားကြရမှာပါ။ ဒါ့အပြင် အပတ်စဉ်တင်ဆက်ပေးတဲ့ လူငယ်အစီအစဉ်နေ “တိုင်းတပါးမှာ အိမ်မက်အတွက် ကြိုးစားနေတဲ့ လူငယ်မွေထိုင်းလက်ဝှေ့သမား ခူးဘော်ရယ်” နဲ့တွေ့ဆုံမေးမြန်းထားတာကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါ
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်




