HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ( ၁၃ ) ရက်၊ (တနင်္လာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ( ၁၃ ) ရက်၊ (တနင်္လာနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ( ၁၃ ) ရက်၊ (တနင်္လာနေ့)
– ဒီးမော့ဆိုမြို့နယ်မှာ ဓာတ်ဆီစျေးပြန်တက်နေပြီး စက်သုံးဆီအရောင်းဆိုင်တချို့ပိတ်ထားရတဲ့သတင်း၊
– နန်းမယ်ခုံမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ထက်စောပြီး စပါးပိုးကျတာကို စိုက်ပျိုးတောင်သူတွေ ကြုံတွေ့နေရတဲ့အကြောင်း၊
– ဖရူဆိုအနောက်ခြမ်းက လမ်းမတနေရာမှာ လမ်းအက်ကွဲနေတဲ့အခြေအနေ
စတဲ့ ကန္တာရဝတီတိုင်း (မ်)ရဲ့ နောက်ဆုံးရသတင်းတွေနဲ့ နေ့စဉ်မိုးလေဝသ အခြေအနေတွေကို နားဆင်ကြရမှာပါ။ အဲဒီနောက် “အမျိုးသမီး အစီအစဉ်”ကနေပြီး “အသက် ၈ နှစ်အရွယ်ကတည်းက တယောနဲ့ စတင်ရင်းနှီးခဲ့ပြီး ဒီနေ့ စစ်ဘေးကြားမှာ ကလေးတွေကို တယောသင်ကြားပေးနေတဲ့ အမျိုးသမီး”ဆိုတဲ့ အကြောင်းနဲ့အတူ၊ ကုန်ဈေးသတင်းကိုလည်း တင်ဆက်ပေးဖို့ ရှိပါတယ်ရှင့်….

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ