ကန္တာရဝတီတိုင်း (မ်)
စစ်မြေပြင်နဲ့နီးတဲ့ ကရင်နီပြည်က မြို့နယ်တချို့မှာ စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မှု နဲ့ လေယာဉ်ကင်းထောက်ပျံသန်းမှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ လုံခြုံရေးအခြေအနေကြားက ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းတွေကို ဖွင့်လှစ်သင်ကြားနေပေမယ့် အခက်အခဲ၊ စိန်ခေါ်မှု နဲ့ လုံခြုံရေးအပေါ် ကျောင်းဆရာ၊ ဆရာမတချို့ရဲ့ စိုးရိမ်ပူပန်မှု စကားသံတွေကို တင်ဆက်ထားပါတယ်။




