spot_img
Homeသတင်းKNPP အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကွယ်လွန်

KNPP အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကွယ်လွန်

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ဒီကနေ့ သြဂုတ် ၃၀ ရက်နေ့ ထိုင်းစံတော်ချိန်၊ ညနေခင်း ၃ နာရီဝန်းကျင်မှာ ကွယ်လွန်သွားကြောင်း နီးစပ်တဲ့မိသားစုဝင်ဆီကနေ သိရှိရပါတယ်။

ဦးအောင်ဆန်းမြင့်က ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေစဥ် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဦး‌အောင်ဆန်းမြင့် က ကရင်နီအမျိူးသားတိုးတက်ရေးပါတီ ( KNPP ) အထွေထွေ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) ဥက္ကဌ အဖြစ်လည်းကောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အတွင်းရေးမှူး အဖြစ်လည်းကောင်းတာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ဦးအောင်ဆန်းမြင့် ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တဦးအဖြစ် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ငန်းစဥ်အဆင့်ဆင့်တွေမှာ ကာလကြာရှည်စွာ အစဥ်တစိုက် ပါဝင်ခဲ့တဲ့ ကရင်နီအမျိူးသား တော်လှန်ရေးခေါင်းဆောင်ကြီးတဦး ဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ