KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ( ၁ ) ရက်၊ (အင်္ဂါနေ့)
– အမေရိကန်နိုင်ငံ၊ ဘတ်ဖလိုမြို့ (Buffalo) မှာ ၁၇ ကြိမ်မြောက် ကယားရိုးရာ အဲ့ဒိုပေါ်မီ (ခေါ် ) ဒီးကူပွဲ ကျင်းပ
– ကရင်နီမှာ မြေပြင်အခြေအနေကြောင့် အိမ်ထောင်ရေးဖောက်ပြန်မှုဆိုင်
– လောပိတမြို့မှာ ဓာတ်ဆီရောင်းချမှုကို အာဏာသိမ်းစစ်တပ် တားမြစ်
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသသတင်းတွေကို ကြားကြရပါမယ်။ ဒါ့အပြင် အပတ်စဉ်တင်ဆက် ပေးနေတဲ့ လူငယ်အစီအစဉ်ကနေ “ ကျောင်းလခတိုးလာမှုအပေါ် ငွေကြေးအခက်အခဲရှိတဲ့ စစ်ရှောင်မိဘတွေရဲ့ ရင်ဖွင့်စကားသံ” တွေနဲ့အတူ “စာသင်ခန်းကိုကျောခိုင်းပြီး ဝမ်းရေးခရီးဆီ လျှောက်လှမ်းလာရသူများ..” အကြောင်း ဆက်လက်ဆင်ဆက်ပေးဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်





