spot_img
HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ( ၁၉ ) ရက်၊ (တနင်္လာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ( ၁၉ ) ရက်၊ (တနင်္လာနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ( ၁၉ ) ရက်၊ (တနင်္လာနေ့)
– ကရင်နီက ၃ မြို့ အပါဝင် ၅၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ရက်ပေါင်း (၉၀) ထပ်မံ တိုးမြှင့်
–  ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကြမ်းကို အတည်ပြုပြဌာန်းလိုက်တဲ့သတင်း၊
– အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်အစိုးရကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲမှာ ဩစတြေးလျရောက် ကရင်နီတွေ ပူးပေါင်းပါဝင်ခဲ့တဲ့အကြောင်း၊
– စပါးမရိတ်သိမ်းခင် ကျင်းပလေ့ရှိတဲ့ ကယားရိုးရာ ( ကေးထျိုးဘိုးပလျား) ပြုလုပ်ခဲ့တဲ့သတင်းတွေကို တင်ဆက်ပေးသွားပါမယ်။ ဒီလို ကန္တာရဝတီတိုင်း(မ်)ရဲ့ နောက်ဆုံးရသတင်းတွေနဲ့အတူ မိုးလေဝသသတင်း၊ ဒေသတွင်းသတင်းတွေကိုလည်း ဆက်လက်နားဆင်ကြရမှာပါ။ သတင်းအစီအစဉ်ပြီးတဲ့နောက်မှာတော့ “အမျိုးသမီးအစီအစဉ်” ကနေပြီး “ဆုံးဖြတ်ချက်ချမှတ်တဲ့ စားပွဲပေါ်ကို ရောက်လာတဲ့ ကရင်နီအမျိုးသမီးများ” ဆိုတဲ့ အကြောင်းနဲ့အတူ “ကုန်ဈေးသတင်း”ကိုလည်း ဆက်လက်တင်ဆက်ပေးပါမယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ