spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုပပျောက်ရေး အသိပညာပေးလုပ်ဆောင်

Author

Date

Category

ခွန်းကလိုင်းဖရီး

ကယန်းဒေသတွင်း အမျိုးသမီးများအပေါ်ကြမ်းဖက်ခံရမှုများ ပပျောက်လာစေရေးအတွက် ကယန်းအမျိုးသမီး အစည်းအရုံးအဖွဲ့မှ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်နေကြောင်းသိရသည်။

၎င်းတို့မှ အမျိုးသမီးများ ကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာ အမြင်ဖွင့်သင်တန်းပေးခြင်း၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ သင်တန်းပေးခြင်းနှင့် အမျိုးသမီးများအပေါ် ကြမ်းဖက်မှုပပျောက်ရေး စည်းရုံလံှု့ဆော်သည့် ှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ကယန်းဒေသတွင်း ကျေးရွာပေါင်း (၈၀) တွင် အမျိုးသမီးများအား ကြမ်းဖက်မှုနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူခဲ့ရာ အိမ်တွင်းအကြမ်းဖက်မှုကို အများဆုံးတွေ့ရှိရပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် လိမ်လည်ကာမရယူသည့် ကြမ်းဖက်မှုများလည်း တွေ့ရှိရကြောင်းဆိုသည်။

အမျိုးသမီးများ ကြမ်းဖက်ခံရသော်လည်း ရိုးရာဓလေ့ထုံးတမ်းနည်းလမ်းများဖြင့် ဖြေရှင်းရာတွင် ကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် နှစ်နာမှုများရှိနေကြောင်း ကယန်းအမျိုးသမီးအစည်းအရုံးအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး() မူအန်းဂျေလာကဆိုသည်။

၎င်းကရိုးရာဓလေ့နဲ ဖြေရှင်းတဲ့အပေါ်မှာ အများစုသော အမျိုးသမီးတွေက ကျေနပ်မှု မရှိဘူးပေါ့နော်။ ကျေနပ်မှုမရှိပေမယ့် ငြင်းပိုင်ခွင့်မရှိဘူး။ ပြန်ပြီးတော့ ပြောပိုင်ခွင့်မရှိဘူး။ ဘာေကြာင့်လဲဆို ဆုံးဖြတ်ချက်ချတဲ့
လူပုဂ္ဂိုလ်က ဆုံးဖြတ်ချက်ချသွားတယ်လေ။ဟုပြောသည်။

ထိုသို ရိုးရာဓလေ့ဖြင့်ဖြေရှင်းရာတွင် ဝက်တစ်ကောင်နှင့် ငွေနှစ်သောင်း၊ သုံးသောင်းဖြင့်သာ ဖြေရှင်းကြသည့်အတွက်ကြမ်းဖက်ခံရသည့် ကယံကံရှင်အတွက် တရားမျှတမှု မရှိေကြာင်း ၎င်းက ဆိုသည်။
အမျိုးသမီးများကို ကာကွယ်ပေးသည့် လက်ရှိတည်ဆဲ ဥပဒေများကလည်း ဝေးလံခေါင်ဖျားသည့် ကျေးလက်ဒေသများအထိ သက်ရောက်မှုမရှိသကဲ့သို့ ၎င်းတို့ဒေသတွင်လည်း အဆိုပါ ဥပဒေလမ်းေကြာင်းအတိုင်း သွားနိုင်ရန်လည်း လမ်းပန်းဆက်သွယ်ရေးအရ အခက်အခဲဖြစ်ေကြာင်း ဆိုသည်။

ကြမ်းဖက်ခံရသော်လည်း (၉၀) ရာခိုင်နှုန်းသော ကိစ္စရပ်များက မိသားစုအဆင့်၊ ကျေးရွာအဆင့်တွင်သာ တိုးတိုးတိတ်တိတ် ဖြေရှင်းကြပြီး (၁၀)ရာခိုင်နှုန်းမျှသာ ဥပဒေလမ်းေကြာင်းအရ ဖြေရှင်းကြကြောင်းဆိုသည်။
ယခုကဲ့သို ဖြေရှင်းကြခြင်းမှာ သက်ဆိုင်ရာ အမျိုးသမီးအတွက် အရှက်ကွဲမှာကို စိုးရိမ်ခြင်း၊ မိသားစုနှင့် ကျေးရွာများ သိက္ခာကျမည်ကို စိုးရိမ်ကြသည့်အတွက် ဖြစ်ေကြာင်း ဆိုသည်။

၎င်းအပြင် ကယန်းအမျိုးသမီးအစည်းအရုံးမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ကယန်းရှေ နေများအသင်းနှင့် ချိတ်ဆက်ပေးပြီး ဥပဒေလမ်းေကြာင်းအရ အကူအညီပေးနေေကြာင်းနှင့် အရေးအပေါ် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ကူညီဆောင်ရွက်မှုများ ပြုလုပ်ကြောင်း သိရသည်။

ကျွန်မတို့ အမျိုးသမီးတွေကို ဘယ်လိုလုပ်ရင် အကြမ်းဖက်မှုမြောက်တယ်။ ဘယ်လိုလုပ်ရင် ဘယ်ပုဒ်မနဲ ငြှိတယ်ဆိုတာကို ပိုပြီး သိလာရလို ပျော်ပါတယ်။ဟု အမျိုးသမီးတစ်ဦးမှ နိုဝင်ဘာလ (၂၅) ရက်နေ့တွင်
ရှမ်းတောင်၊ဖယ်ခုံမြို့နယ်၊ လယ်ထွန်ကျေးရွာ၌ ကျင်းပသည့် နိုင်ငံတကာအမျိုးသမီးများကြမ်းဖက်ခံရမှု ပပျောက်ရေးနေ အခမ်းအနားတွင် ပြောဆိုသည်။

အဆိုပါအခမ်းအနားကို ကယန်းအမျိုးသမီးအစည်းအရုံးမှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကယန်းရှေ့နေအသင်း မှ အမျိုးသမီးများအကြမ်းဖက်မှုများအပေါ် ဥပဒေဖြင့် ဖြေရှင်းနိုင်မည့် လမ်းေကြာင်းများအား ရှင်းလင်းခဲ့ သကဲ့သိုဖဲကြိုးြ့ဖူလုပ်ရှားမှုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်း နိုင်ငံတကာ အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးအခမ်းအနားသို ကယန်းဒေသမှ အမျိုးသား၊ အမျိုးသမီး (၂၀၀)ဦး ပါဝင်တက်ရောက်ခဲ့ေကြာင်းသိရသည်။

spot_img
spot_img

Recent posts