spot_img
19.8 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းသမ္မတကြီးကယားပြည်နယ်သို့လာသည့်ခရီးစဉ် ပြည်သူလူထုများ၏ အခက်အခဲများ တင်ပြခွင့်မရ

သမ္မတကြီးကယားပြည်နယ်သို့လာသည့်ခရီးစဉ် ပြည်သူလူထုများ၏ အခက်အခဲများ တင်ပြခွင့်မရ

-

ကန္တာရဝတီတိုင်း(မ်)

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ကယားပြည်နယ်သို့လာရောက်သည့်ခရီးစဉ်တွင် ပြည်သူလူထုများ၏ အခက်အခဲများ တင်ပြခွင့်မရခဲ့ကြောင်း လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောပါသည်။

ယနေ့ ကယားပြည်နယ် ပြည်နယ်ခန်းမတွင် သမ္မတတွေ့ဆုံပွဲတွင် အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး၊ တရာစီရင်ရေးမဏ္ဍိုင် သုံးရပ်မှ အကြီးအကဲများနှင့် တွေ့ဆုံပြီး ဝန်ကြီးချူပ်၊ လွှတ်တော် ဥက္ကဌ ၊ တရားသူကြီးချူပ် တို့မှ ၎င်းတို့၏ လုပ်ငန်း လိုအပ်ချက်များကိုသာ တင်ပြခွင့်ရကြသည်။

သမ္မတနှင့်တွေ့ဆုံပွဲ အခန်းအနားတက်ရောက်ခဲ့သည့် ဒေါက်တာခင်စည်သူက “Dialogue ကိုယ်ကမပါတာပါ။ အစီအစဉ်ထဲမှာကိုက ကိုယ်စားလှယ်တွေကော လူထုတွေကော အစီအစဉ်မပါမှတော့ ဘာမှတင်ပြခွင့်မရလိုက်ပါဘူး။ ဘာတွေတင်ပြမယ်ဆိုတာတော့ ခေါင်းထဲမှာ စီစဉ်ထားတာတော့ အများကြီးပေါ့။” ဟု ပြောသည်။

တွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ၊ လူထုများ၏ အခန်းကဏ္ဍမပါသည့်အတွက် လူမှုအသင်းအဖွဲ့အစည်းများက တင်ပြတောင်းဆိုခိုင်းသည့်အရာများကိုလည်း မတင်ပြနိုင်ခဲ့ကြောင်း ဒေါက်တာခင်စည်သူကပြောပါသည်။ လူထုမှ သမ္မတထံပေးပို့ခိုင်းသည့် တိုင်စာများကိုလည်း လက်ခံဌာနတွင်ပေးပို့ထားလိုက်သည်ဟု ဆိုပါသည်။

ထိုတွေ့ဆုံပွဲတွင်လည်း မီဒီယာသမားများကို သမ္မတမိန့်ခွန်းပြောသည့်အချိန်အတွင်းသာ ဝင်ခွင့်ပြုထားပါသည်။

သမ္မတခရီးစဉ်တွင် ကယားပြည်နယ်နေ့အခန်းအနား၌ မိန့်ခွန်းပြောကြားခြင်း၊ ညစာတည်ခင်းဧည့်ခံခြင်း၊ ပြည်နယ်၏ အထင်ကရဖြစ်သည့် ဒီးမောဆို မြို့နယ်၊ ပန်ပက်ကျေးရွာရှိ တိုင်းရင်းသား ရိုးရာ အရောင်းဆိုင်၊ ငွေတောင်ဆည်၊ လောပိတရေအားလျှပ်စစ်စက်ရုံ၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာ တောင်ကွဲ စေတီနှင့် သမိုင်းဝင် မြို့နာမ်စေတီသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ