spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

အန္တရာယ်ဇုံအဖြစ်သတ်မှတ်ထားသည့် မော်ချီးဒေသတွင် မြေပြိုမှုဖြစ်ပွား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယခုတစ်ပတ်အတွင်း မိုးများဆက်တိုက်ရွာသွန်းနေမှုကြောင့် ဖားဆောင်းမြို့နယ် မော်ချီးဒေသရှိ အန္တရာယ်ဇုံအဖြစ် သတ်မှတ်ထားသည့်နေရာများတွင် မြေပြိုမှုများဆက်တိုက်ဖြစ်နေသည်ဟု မော်ချီးဒေသမှ ပါပွာကလူ ကရင်လူမှုဖွံ့ဖြိုးတိုးတက်ရေးအမျိုးသမီးအဖွဲ့ ဥက္ကဌ ဒေါ်မားဂရက်စိန်က ပြောပါသည်။

“အရင်ပြီးခဲ့တဲ့ အရင်ရက်ကတည်းက မြေတွေစပြိုနေတာ အခုချိန်အထိပဲ ဆက်တိုက်ကို ပြိုနေတာ။ အဲဒီပြိုတဲ့နေရာက ကျမတို့ အန္တရာယ်ဇုံလို့ သတ်မှတ်ထားတဲ့နေရာထဲက တစ်ခုပါပဲ။” ဟု ဒေါ်မားဂရက်စိန်က ပြောပါသည်။

ယခုမြေပြိုသည့်နေရာမှာ မော်ချီး ၁၃ ကုန်းရွာ၏မြောက်ဘက် ယူကော်ခိုရွာ၏ ခဲသတ္တုကျဉ်းလုပ်ငန်း KV 1 အထက်ဘက် အန္တရာယ်ဇုံတွင် ဖြစ်သည်ဟု ဆိုပါသည်။ ၎င်းနေရာသည် ၂၀၁၅ခုနှစ်တွင် မြေပြိုဖူးသည့်နေရာဖြစ်ပြီး လုပ်ကိုင်ခွင့် ခွင့်ပြုချက်မရသည့်နေရာဖြစ်သည်။

မြေပြိုမှုကြောင့် လက်ရှိတွင် ကျင်းပိုင်ရှင် ၄ ဦး၏ တဲများ ပါသွားကြောင်းနှင့် လူနာအချို့ကို ဆေးရုံပို့ဆောင်ထားသည်ဟုဆိုသော်လည်း မြေပြိုမှုကြောင့်ထိခိုက်ခြင်းဟုတ်မဟုတ် အတည်မပြုနိုင်သေးကြောင်း ဒေါ်မားဂရက်စိန်က ပြောပါသည်။

၎င်းနေရာသည် ယခင်နှစ်တွင်လည်း မြေပြိုဖူးသဖြင့် သက်ဆိုင်ရာဌာနပေါင်းစုံများနှင့် မော်ချီးဒေသသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်စောင့်ရှောက်ရေးကော်မတီတို့က ကွင်းဆင်းစစ်ဆေးခဲ့ထားပြီးဖြစ်ပြီး လုပ်ငန်းများဆက်လက်လုပ်ကိုင်ရန် မသင့်ကြောင်း အစီရင်ခံခဲ့ပြီးဖြစ်သည်ဟု သိရသည်။

မော်ချီးဒေသရှိ မြေပြိုနိုင်သည့် အန္တရာယ်ဇုံများနှင့်ပတ်သက်ပြီး သတ္တုတွင်းလုပ်ငန်းများကို ပိတ်ပေးရန် အစီအစဉ်ရှိမရှိကို ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်းရန် တင်ပြထားပြီး လာမည့် ဩဂုတ်လ ၁၆ ရက်နေ့တွင် မေးခွန်းမေးမြန်းခွင့်ကျထားသည်ဟု ဖားဆောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက ပြောပါသည်။

“အခုမြေပြိုတာတွေကြားပါတယ်။ လူအသေအပျောက်မရှိဘူးလို့တော့ကြားပါတယ်။ လုပ်ငန်းတွေ ပိတ်ပေးဖို့လည်း မေးမြန်းမှာပါ။”ဟု ဒေါ်နန်းထွေးသူက ပြောပါသည်။

မော်ချီးဒေသတွင်မြေပြိုမှုမှ အကာအကွယ်ပြုလုပ်ရန် ၈ နေရာရှိသည်ဟု မော်ချီးဒေသသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်စောင့်ရှောက်ရေးကော်မတီမှ ထုတ်ပြန်ချက်အရသိရသည်။

အကြီးစား ခဲသတ္တုတူးဖော်ရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် ကုပ္မဏီများက သက်တမ်းတိုးခွင့်ရခဲ့သည့်အတွက်လည်း မော်ချီးဒေသတွင် ခဲသတ္တုတူးဖော်ရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာသည့်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်စေလာသည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များက ဝေဖန်နေကြသည်။

spot_img
spot_img

Recent posts