spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

လိင်အကြမ်းဖက်သည့် တပ်သားကို စစ်ခုံရုံးတွင် စစ်ဆေးမည့်ကိစ္စ တရားမျှတမှူမရှိမည်ကို စိုးရိမ်

Author

Date

Category

ကရင်နီသူ

ဖရူဆိုမြို့နယ်တွင် အသက်၁၃နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်သားမှ အတင်းအဓမ္မပြုကျင့်သည့်ကိစ္စ သက်ဆိုင်ရာ ရဲစခန်းတွင် အမှူဖွင့် တိုင်ကြားထားသော်လည်း စစ်တပ်မှ စစ်ခုံရုံးတွင်စစ်ဆေးမည်ဟုကြားသိရသည့်အတွက် တရားမျှတမှု မရမည်ကို စိုးရိမ်နေကြသည်ဟု future Woman Association မှ ဒါရိုက်တာ ဒေါ်စန္ဒာဝင်းကပြောသည်။ 

“ပြုကျင့်တဲ့သူက စစ်သားပါ။ ရှေ့တန်းက မပြန်လာရသေးခင် အမှားတစ်ခုထပ်လုပ်တာပဲ။ လိင်ပိုင်းဆိုင်ရာကိစ္စကိုသွားတိုင်လိုက်တဲ့အခါ ဒကစမှူးက သူ့ကိုခုံရုံး တင်မယ်လို့ပြောတယ်။တရားမျှတမှူမရမည်ကိုလည်း စိုးရိမ်ရတယ်။” ဟု ဒေါ်စန္ဒာဝင်းက ပြောပါသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ရက်နေ့ နေ့လည်အချိန်၊ ဖရူဆိုမြို့နယ်အားကစားကွင်းတွင် အမျိုးသမီးတစ်ဦး ငိုသံကိုကြားရပြီး သွားရောက်ကြည့်ရှုရာ အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးကို ပါးစပ်ပိတ်၊ ပါးရိုက်ကာ မုဒိမ်းကျင့်နေသည်ကို တွေ့ရှိရပြီး မျက်မြင်များမှ အော်ဟစ်အကူအညီတောင်းရာ အမျိုးသားမှာ ကွင်းထဲမှ ပြေးထွက်သွားကြောင်း အမည်မဖော်လိုသူ မျက်မြင်သက်သေ တစ်ဦးက ပြောသည်။ 

“ ငိုသံကြားနေရတာ နာရီဝက်လောက်ရှိတယ်။ အစက ကလေးတွေဆော့ရင်း ထိခိုက်ကြလို့ ငိုနေတာလို့ထင်တာ။ နောက်တော့ အဲဒါ ဒီလောက်ကြာနေတာမဟုတ်သေးဘူး နာရီဝက်လောက်ရှိတယ်လေး ငိုသံက ၊ အဲဒါကြောင့် သွားကြည့်လို့မှ အော်လိုက်တာ။” ဟု မျက်မြင်သက်သေက ပြောပါသည်။ 

၎င်းအမျိုးသမီးငယ်မှာ ဖရူဆိုမြို့နယ် ရာဧပရားကျေးရွာအုပ်စုထဲမှ ကျေးရွာတစ်ရွာတွင် နေထိုင်ပြီး ၎င်း၏ဖခင်နေမကောင်းဖြစ်၍ ဆေးကုရန် ၄၂၈တပ်တွင်းနေထိုင်သူ အစ်မနှင့် လာရောက်နေထိုင်ကြောင်း သိရသည်။ အမျိုးသမီးမှာ အသက် ၁၃နှစ် ၄လဖြစ်ကြောင်း သိရသည်။

 ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှ အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသူ အမျိုးသားကို ၄၂၈ တပ်တွင်းရှိ အကျဉ်းတွင် ချုပ်နှောင်ထားကြောင်း ၊ စစ်တပ်မှ စစ်ခုံရုံးတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်းကြားသိရသည့်အတွက် အမျိုးသမီးများအတွက် လုံခြုံမှူ မရှိကြောင်း ဒေါ်စန္ဒာဝင်းက ဆက်ပြောပါသည်။ 

“ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်တာပဲလို့မြင်တယ်။ အရပ်သားကလေးကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာဟာ အကြီးမှားဆုံး ချိုးဖောက်မှူပါ။”ဟု ဒေါ်စန္ဒာဝင်းက ပြောပါသည်။ 

စစ်ခုံရုံးမှာပင် စစ်ဆေးမည်ဆိုပါက အရပ်သားမျာအတွက် လုံးဝ တရားမျှတမှူ မရှိနိုင်ကြောင်း၊ တရားမျှတမှုရရှိရန် အမျိုးသမီးများ၊ အရပ်ဖက်အဖွဲ့အနေဖြင့် တောင်းဆိုသည့်အချက်များမရပါက မိမိအနေဖြင့် လွှတ်တော်တွင် မေးမြန်းသွားမည်ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါသည်။ 

“ကျေအေးမယ်ဆိုတဲ့ သတင်းလည်းကြားတယ်။ ဒီအမှူတွေက ကျေအေးပေးလို့ရတဲ့ဟာဆိုတာ ဘယ်လိုမျိုးလဲ၊ ကလေးမလေးက အသက်လည်းမပြည့်သေးတော့ လုံးဝမဖြစ်နိုင်ဘူး။ စစ်တပ်ဖြစ်နေလို့လားပေါ။ တရားဥပဒေအတိုင်း ထိုက်သင့်တဲ့ တရားဥပဒေအရ အပစ်ပေးသင့်ပါတယ်။”ဟု ဦးသဲရယ်က ပြောပါသည်။ 

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းထွက်ပေါ်လာသည့်အတွက် အစ်မဖြစ်သူမှာ တပ်တွင်းတွင်နေထိုင်သူဖြစ်သဖြင့် ၎င်းသည်လည်း ခြိမ်းခြောက်ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။ 

 ယခု အမျိုးသမီးကို ကျန်းမာရေးစစ်ချက်များ ယူထားကြောင်း ၊ ထိုအမှူကိစ္စကို စစ်တပ်မှ အရပ်ဘက်သို့ လွှဲမလွှဲဆိုသည်ကို စောင့်ကြည့်ရမည့်  အ ခြေအနေတွင် ရှိကြောင်း KNWO(ကရင်နီအမျိုးသမီးအစည်းအရုံး)မှ မမီးမီးက ပြောပါသည်။ 

 “စစ်သားဖြစ်ပေမယ့်လည်း စစ်တပ်ထဲကနေ ဘယ်လိုတွေ စီရင်မလဲဆိုတာ မသိရသေးဘူးလေး။ ဒါပေမယ့် ဒါကတော့ ရဲကိုပြန်လွဲပေးမလား၊ ပါလားဆိုတာတော့ မသိသေးဘူး။ စောင့်ကြည်ရမှာပေါ့။”ဟု မမီးမီးက ပြောသည်။ 

ပြီးခဲ့သည့်လပိုင်းအတွင်းတွင် ဒီးမော့ဆိုမြို့နယ် တရားရုံးတွင်  သက်ငယ်မုဒိမ်းမှူတစ်ခုကို ထောင်ဒဏ် နှစ် ၂ဝ နှင့် အလုပ်ကြမ်းကျခံရန် တရားစီရင်ချမှတ်ခြင်းခံလိုက်ရသည့် အမှူလည်းရှိခဲ့သည်။ 

spot_img
spot_img

Recent posts