spot_img
24.6 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းစိုက်ပျိုးရေးလူမှုအကျိုးစီးပွားအနေဖြင့် ကော်ဖီလုပ်ငန်းလာမည့်နှစ် အောင်မြင်လာမည်ဟုဆို

လူမှုအကျိုးစီးပွားအနေဖြင့် ကော်ဖီလုပ်ငန်းလာမည့်နှစ် အောင်မြင်လာမည်ဟုဆို

-

ကန္တာရတီတိုင်း(မ်)

ကယားပြည်နယ်အတွင်းလူမှုအကျိုးပြုစီးပွား (Social Entrepreneur)အနေနဲ့ လာမည့်နှစ်တွေမှာ ကော်ဖီထုတ်လုပ်တဲ့လုပ်ငန်းအောင်မြင်လာတော့မယ်လို့ ကယားပြည်နယ်ကွန်ပြူတာပညာရှင်အသင်းဥက္ကဌ ဒေါ်ခင်လင်းဦး ပြောပါတယ်။

ဒေါ်ခင်လင်းဦးက “မကြာခင် ၂၁ ရာစုမှာ Born (မွေးဖွား) လာတော့မည့် ဖြစ်လာမည့်အဖွဲ့အစည်းပဲပေါ့နော်။ အဓိကတော့ အခုဖန်တီးထားတဲ့ Genius ကော်ဖီလုပ်ငန်းကိုကြည့်မယ်ဆိုရင် ဒါက Social Entrepreneur ပဲပေ့ါနော်။ အခုနကပြောတဲ့အလုပ်အကိုင် တိုးတက်လာမယ်။ အလုပ်သမားတွေအလုပ်ရမယ်။ Product (ထုတ်ကုန်)တွေ အချိတ်အဆက်တွေ ချိတ်ဆက်မိအောင် သူတို့က ဖန်တီးထားတယ်။” လို့ ပြောပါတယ်။

ကယားပြည်နယ်မှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ရက်သတ္တပတ် အနေဖြင့် နိုဝင်ဘာလ ၂၅ရက်နေ့က လွိုင်ကော်ၤမြို့ ကန္ဒရဝတီခန်းမတွင် အခမ်းအနားပြုလုပ်သွားစဉ် (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))

ရှမ်းပြည်နယ်တောင်ပိုင်းမှ Genius ညဏ်ကြီးရှင် ကော်ဖီလုပ်ငန်းကို အခု ကယားပြည်နယ်မှာ တိုးချဲ့ပြီးအလုပ်လုပ်နိုင်ဖို့ ကော်ဖီပင်တွေကို စတင်တိုးချဲ့စိုက်ပျိုးနေပြီဖြစ်တယ်လို့သိရပါတယ်။

၂၀၁၉ခုနှစ်အတွင်း ကယားပြည်နယ်အတွင်းမှာ ဖရူဆိုမြို့နယ် ဟိုယာ/ဘီယာဒေသမှာ ဧက ၂၀၊ လွိုင်လင်လေးမြို့မှာ ၁၀ ဧက၊ ရှားတောမြို့နယ်အတွင်းမှာ ၁၀ ဧက ၊ တိုးချဲ့စိုက်ပျိုးဖို့ ကြိုတင်မှာထားတဲ့သူက ဧက ၁၅၀ ရှိ

တယ်လို့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ရက်သတ္တပတ် အခန်းအနားမှာ Aung Nay Lin Htun Co.,LTD မှ Founder , Director Nuwe Tun က ရဲ့ ရှင်းပြချက်အရ သိခဲ့ရပါတယ်။

Director Nuwe Tun က “ကျနော်တို့အနေနဲ့လူမှုအကျိုးပြုတဲ့ လုပ်ငန်းတွေကိုလုပ်မယ်။ အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းတွေဖြစ်ထွန်းအောင်လုပ်မယ်။ အဲဒီနှစ်ခုကို ပေါင်းစပ်ထားတဲ့ လုပ်ငန်းတွေလုပ်မယ်။” လို့ အခန်းအနားမှာပြောသွားပါတယ်။

ကယားပြည်နယ်မှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ရက်သတ္တပတ် အနေဖြင့် နိုဝင်ဘာလ ၂၅ရက်နေ့က လွိုင်ကော်မြို့ ကန္ဒရဝတီခန်းမတွင် အခမ်းအနားပြုလုပ်သွားချိန်မှာ ပြောဆိုသွားတာဖြစ်ပါတယ်။

နောက်ပြီးတော့ ၃ နှစ်အတွင်းမှာ ကယားပြည်နယ်အတွင်း ကော်ဖီစက်ရုံတည်ထောင်ဖို့ရှိတယ်လို့ဆိုပါတယ်။ ၎င်းအဖွဲ့အနေနဲ့ ကယားပြည်နယ်အတွင်း လူမှုအကျိုးစီးပွားပြုလုပ်သွားမှာဖြစ်ပါတယ်။

“လူမှုစီးပွားအကျိုးကိုဘယ်လိုမျိုးဖြစ်ထွန်းစေသလဲ သူ့ရဲ့ Profit အမြတ်လည်းရှိရမယ်။ Non Government (NGO) တွေက profit မရှိကျနော်တို့က ရင်းနှီးမြုပ်နှံမှုရှာပေးတဲ့အဖွဲ့အစည်းမဟုတ်ဘူး။ ဒါပေမယ့်ဒီ Social Entrepreneur ဆိုတဲ့အဖွဲ့အစည်းကကြတော့ Profit လည်းရှိရမယ်။ လူထုကိုလည်းအကျိုးရှိစေတဲ့အလုပ်လည်း လုပ်ကြတယ်။” လို့ ဒေါ်ခင်လေးဦးက ပြောပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ရက်သတ္တပတ် အခမ်းအနားမှာ ပြည်နယ်အတွင်း လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းလုပ်နေကြတဲ့သူတွေနဲ့ ကုန်သည်များတချို့တက်ရောက်ခဲ့ကြပါတယ်။ ဒေသအတွင်း ထုတ်လုပ်တဲ့ ထုတ်ကုန်တချို့တွေကိုလည်း အဲဒီအခန်းအနားမှာ လာရောက်ချပြသွားကြပါတယ်။

သဘာဝမျက်နှာသစ်ဆပ်ပြာတွေခေါင်းလျှော်ရေတွေ ထုတ်လုပ်တဲ့ ဒေါ်မီမြာက “စီးပွားဖြစ်ကိုယ့်ဟာကိုယ်လုပ်တတ်ရင်တော့ ဝယ်မည့်သူရှိရင်တော့ အရမ်းလုပ်ရောင်းချင်ပါတယ်။” လို့ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ