spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ဒုက္ခသည်အမျိုးသမီး ဘဝလုံခြုံရေး ဥပဒေပေါ်ပေါက်ဖို့လို

Author

Date

Category

အန်ထောနီ

ဒုက္ခသည်ပြန်လည်နေရာချထားရေးကိစ္စရပ်တွေမှာ အမျိုးသမီးတွေရဲ့ဘဝလုံခြုံမှုရှိရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သဘောတူညီချက်တွေရရှိဖို့လိုသလို ဥပဒေတွေလည်း အမြန်ဆုံး ပေါ်ပေါက်ဖို့ လိုပါတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO)မှ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) ဗဟိုကော်မတီဝင် မူရင်းအားပိုင်က ပြောပါတယ်။

“အမျိုးသမီးရူ့ထောင့်ကနေကြည့်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ဘဝလံှုခြုံမူ့ အထူးသဖြင့် ဒုက္ခသည်ပြန် လည်နေရာချထားရေး ကိစ္စတွေမှာ အစိုးရအနေနဲ့ထိထိရောက်ရောက် ဆောင်ရွက်စေချင်ပါတယ်။ မငြိမ်းချမ်း တဲ့အတွက်ကြောင့် ပြည်သူလူထုတွေလည်း မငြိမ်းချမ်းတဲ့ဒဏ်တွေ ခံစားနေရတာ နှစ်ပေါင်းများစွာရှိနေပါပြီ။ အထူးသဖြင့် ဒုက္ခသည်တွေကို အမြနဆုံးပြန်လည်နေရာချထားရေးနှင့် အမြန်ဆုံး နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့အတွက် သဘေားတူညီချက်အမြန်ဆုံး ရပါစေလို့ဆန္ဒပြုပါတယ်။” လို့ မူရင်းအားပိုင်ကပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှှုှု ကာကွယ်တားဆီးရေးဥပဒေဆိုတာ မူကြမ်းအဆင့်လောက်ပဲရှိနေသေးတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအမျိုးသမီးတွေရဲ့ဘဝလုံခြုံမှုတွေအတွက်က စိုးရိမ်ရသလိုစစ်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမျိုးသမီးတွေအတွက် လုံခြုံမှုလုံးဝမရှိသေးဘူးလို့ဆိုပါတယ်။

၎င်းအကြောင်းအရာနဲ့ပတ်သက်လို့ ဇန်နဝါရီလ ၁၅ ရက်နေ့ ၂၀၂၀ခုနှစ်က ဖယ်ခုံမြို့ ဟိန်းဓမ္မ ရပ်ကွက်မှာ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) အဖွဲ့ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးအတွက် ဒေသခံအာဏာပိုင်တွေနဲ့ တွေ့ဆုံညိှနိုင်းတဲ့ဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆိုတာ သေနတ်သံတိတ်နေလို့ ငြိမ်းချမ်းပြီလို့ ပြောလို့မရသေးဘဲ ဒေသဖွံ့ဖြိုးရေးနဲ့ လွှတ်လပ်စွာ လုပ်ပိုင်ခွင့်ရရှိရေးမရှိခြင်းဟာလည်း ငြိမ်းချမ်းမှုးမရှိသေးတာဖြစ်တယ်လို့ ယူဆရကြောင်း ကယန်းအမျိုးသားပါတီ အတွင်းရေးမှူး ခွန်းကလဲမင်းက ပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ငြိမ်းချမ်းရေးဆိုတာ စစ်ဖြစ်တာတစ်ခုထဲပဲလို့ မခံယူထားဘူး။ သေနတ်သံတိတ်မှ ငြိမ်းချမ်းရေးရတာမျိုးမဟုတ်ပဲနဲ့ ဖွံဖြိုးတိုးတက်ရေးတွေ၊ လွတ်လပ်မှှုတွေ မရှိခြင်းဟာလည်း ငြိမ်းချမ်းမှှုမရှိသေးတဲ့အထဲမှာ ထည့်သွင်းထားတယ်။” လို့ ခွန်းကလဲမင်းက ပြောပါတယ်။

ဆွေးနွေးပွဲမှာ အဓိကပါဝင်တဲ့ခေါင်းစဉ်တွေကတော(CIDAW) အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှှု ပပျောက်ရေး သဘေားတူစာချုပ်အကြောင်း၊ (UNSCR-1325) ကမ္ဘာကုလသမဂ္ဂမှ ဆုံးဖြတ်ချက်ချထားတဲ့ လံှုခြုံရေးကောင်စီအကြောင်းနှင့် ကရင်နီ်ပြည်နယ်ရဲ့ ဖွဲ့စည်းပုံအခြေခံမူကြမ်းအကြောင်းတို့ကို ထည့်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

“ပြည်သူတွေကမသိကြသေးဘူး။ ဒါကြောင့် ဒီနေ့ဆွေးနွေးပွဲမှာ ဒီအကြောင်းကိုထည့်ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ နောက်ထပ်ဆွေးနွေးတဲ့ခေါင်းစဉ်ကတော့ (UNSCR) ကမ္ဘာ့ကုလသမဂ မှ ဆုံးဖြတ်ချက်ချတဲ့ လံှုခြုံရေးကောင်စီအမှတ် (၁၃၂၅) အကြောင်းဖြစ်တယ်။” လို့

ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) အဖွဲ့မှ အမျိုးသမီးများအပေါ်အကြမ်းဖက်မူ့ ကာကွယ်တားစီးရေး လုပ်ငန်းစဉ် တာဝန်ခံ ယုယုဆွေက ရှင်းပြသွားပါတယ်။

လက်တွေ့ဘဝမှာ တိုင်းရင်းသားဒေသဘက်က အမျိုးသမီးတွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ မြေယာသိမ်းဆီးမှှုှုခံရတာတွေ မူးယစ်ဆေးဝါးကြောင့် အကြမ်းဖက်ခံရတာတွေ ပြည်တွင်းစစ်ကြောင့် အမျိုးသမီးတွေလိင်ပိုင်းဆိုင်ရာ အတင်းအဓမ္မပြုကျင့်ခံရတာတွေရှိနေတယ်လို့သိရပါတယ်။

၎င်းတို့အဖွဲ့အနေနဲ့ ပြည်နယ်ငြိမ်းချမ်းရေးနှင့် အုပ်ချုပ်ရေးတွေမှာ အမျိုးသမီးများအခွင့်အရေးနည်းနေပြီး အမျိုးသမီးများ နေရာရရေးအတွက်နှင့် ဒုက္ခသည်များပြန်လည်နေရာချထားရေးအတွက် တခြားအမျိုးသမီးအဖွဲ့ အစည်းတွေနဲ့ပူးပေါင်းပြီး ကြိုးစားလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts