spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မန်ကျည်းသီးဈေး ယခင်နှစ်ထက်ဈေးပိုကောင်း

Author

Date

Category

အန်ထောနီ

ပြည်မဘက်မှ မန်ကျည်းသီးအဝယ်လိုက်သူတွေက ကယားပြည်နယ်အထိ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူနေတဲ့အတွက် ယခုနှစ်မန်ကျည်းသီးဈေးမှာ ယခင်နှစ်ကထက် ဈေးကောင်းပိုရတယ်လို့ မန်ကျည်းသီးအဝယ်လိုက်သူတွေထံကနေ ကြားသိရပါတယ်။

“အရင် တစ်နှစ်ကကျ အကိုတို့အခွံနဲ့ ၄၀၀-၄၅၀ ဂိတ်ဆုံးပါပဲ ရာသီကုန်တဲ့အထိအဲ့လောက်ပဲဝယ်တယ်။ ဒီနှစ်ကရာသီအစမာတင် ၆၀၀-၆၅၀ ဆိုတော့ ဈေးကောင်းတယ်ပဲ ပြောရမာပေါ့။” လို့ ငွေတောင်အုပ်စု အောင်သပြေကျေးရွာမှာနေတဲ့ မန်ကျည်းသီးပွဲစား ကိုစိန်ညွန့်က ပြောပြခဲ့ပါတယ်။

ဒီးမော့ဆိုမြို့မဈေးအနီးတွင် မန်းကျည်းသီး ရောင်းဝယ်နေကြသည့် မြင်ကွင်း

အဓိက ကတော့ ကျောက်ပန်းတောင်းကိုတင်ပို့ပြီး ရမည်းသင်း၊ ရန်ကုန်တို့ဘက်က ဝယ်တာဖြစ်တယ်လို့သိရပါတယ်။

ဒီမောဆိုမြို့နယ် ရူးဖယ်ခူရပ်ကွက်မှာနေတဲ့ မန်ကျည်းသီးပွဲစား ဦးလောသေး က “ရောင်းချင်တဲ့သူတွေက လာပို့တယ် ကျနောကစောင့်ဝယ်တယ်။ ဒီလိုရောင်ဝယ်တာ အခက်အခဲတော့မရှိဘူး သူများလာရောင်းရင်တော့ဝယ်လိုက်ရုံပဲ။ ပြီးတော့ ကျနောဆီမှာရှိတဲ့ဟာတွေကို နောက်ထပ်ဝယ်ဝယ်သူတွေက ကြိုတင်မှာထားတယ်။သူတို့ကိုယ်ဟာကိုလာတင်တယ်။” လို့ ပြောပါတယ်။

အခုလို မန်ကျည်းသီးစကောက်တဲ့အချိန်မှာ အခွံပါ တစ်ပိသာလျှင် ၆၀၀(သို့)၆၅၀ကျပ်ဖြစ်ပြီး ယခင်နှစ်က ၄၀၀ (သို့) ၄၅၀ ကျပ်သာရှိတယ်လို့သိရပါတယ်။

မန်ကျည်းသီးဟာ ရာသီအစတွင်းမှာ အရင်နှစ်ကထက်ဈေးပိုကောင်းနေပြီး အဓိက ကျောက်ပန်တောင်းနှင့်အခြားပြည်နယ်များကိုတင်ပို့တယ်လို့သိရပါတယ်။

ဒီလိုမျိုး တစ်လခွဲလောက်သာလုပ်ရတဲ့ မန်ကျည်းသီးဟာ ရာသီဥတုနှင့်အပြိုင်လုလုပ်နေရပြီး အလုပ်သမား မရှိသည့်အတွက်ကြောင့် ခက်ခဲနေသည့်အခြေအနေကို ကြုံတွေ့နေရတာလည်းရှိပါတယ်။

မန်ကျည်းသီးကိုရောင်းချရာမှာ အပင်ပြတ်ရောင်းတာထက် ခူးပြီးရောင်းတာကိုပိုနှစ်သက်ကြပြီး ဈေးလည်းပိုရတယ်လို့သိရပါတယ်။

“အခုအိမ်မှာ မန်ကျည်းသီးပင် ၁၀ ပင်လောက်ရှိတယ်။ ဈေးကောင်းရင်ကောင်းသလို ခူးပြီးရောင်းချင်တယ်။ တာပေမဲ့ခူးပေးမဲ့လူမရှိတော့ အပင်ပြတ်နဲ့ရောင်းဖို့များတယ်” လို့ ရူးဖယ်ခူရပ်ကွက်မှ ဒေါ်စူလျားနာက ပြောပြခဲ့ပါတယ်။

ကယားပြည်နယ်မှာဆိုရင် မန်ကျည်းသီးကို တစ်ဖက်တစ်လမ်း ဝင်ငွေရစေတဲ့အတွက် ဒေသခံအများစုက မန်ကျည်းသီးတွေကို တချို့က အပင်ပြတ်ရောင်းသလို တချို့က ပိသာချိန်နဲ့လည်းရောင်းဝယ်ကြပါတယ်။

spot_img
spot_img

Recent posts