spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ကုန်ပစ္စည်းတွေမှာ ပစ္စည်းအညွန်းတွေ ထည့်သွင်းမထားရင် အရေးယူနိုင်တော့မည်

Author

Date

Category

အန်ထော်နီ

ကုန်ပစ္စည်း အရောင်းဆိုင်တွေမှာ ရောင်းချတဲ့ ကုန်ပစ္စည်းတွေအတွက် အညွန်းအမှတ်အသားဖော်ပြပြီးမှ ရောင်းချသွားဖို့ ဆိုတဲ့ အသိပေးရှင်းလင်းပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ က စားသုံးသူရေးရာ ဦးစီးဌာနက ပြုလုပ်ခဲ့ပါတယ်။

“ကျနော်တို့ရဲ့ စားသုံးသူရဲ့ဥပဒေမှာ သူ့ရဲ့နစ်နာဆုံးရှုံးမှု ဝန်ဆောင်မှုအရဖြစ်စေ စားသောက်ကုန်မာပဲဖြစ်စေ ပေးထားတဲ့ဟာအတိုင်း ကျေနပ်နှစ်သိပ်မှု့မရှိဘူး အန္ဒရာယ်ဖြစ်စေတယ်ဆိုရင် ကျနောတို့ကို လာတိုင်ပြီးဆိုရင် ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးရေးမုှုးတွေက စုံစမ်းတွေ့ရှိမယ်ဆိုရင်တော့ စားသုံးသူရေးရာကောင်မတီရဲ့ ဥပဒေနဲ့ အရေးယူလို့ရတယ်။ အဲ့ဒီစားသုံးသူတွေရဲ့ ဥပဒေနဲ့မလုံလောက်တော့ဘူး နယ်ဖက်ဆိုင်ရာ တရားရုံးတွေမှာ တရားစွဲဆိုတင်ပို့ရမဲ့ အမှုမျိုးဖြစ်လာရင် နယ်ဖက်ဆိုင်ရာ တရားရုံးတွေက တရားစွဲဆိုပိုင်ခွင့်ရှိတယ်” လို့ စုပေါင်းကူးသန်းရောင်းဝယ်ရေးဌာန ပြည်နယ်ဦးစီးမှုူး ဦးကျော်ဝင်းကပြောပါတယ်။

အညွန်းအနေနဲ့ ကုန်စည်တွေမှာ ကုန်စည်ရဲ့အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နဲ့ အသားတင်ပမာဏ၊ ထားသိုသိမ်းစည်းမှုအညွန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက် စတဲ့အချက်တွေကို မြန်မာဘာသာနဲ့ ဖြစ်စေ၊ တခြားဘာသာစကားတခုနဲ့ ဖြစ်စေ ၂ခုတွဲလျှက်ဖြစ်စေ ဖော်ပြပေးရမှာ ဖြစ်ပါတယ်။

စားသောက်ဆိုင်တွေနဲ့ စတိုးဆိုင်တွေက သတ်မှတ်ထားတဲ့ ထုတ်ပြန်ချက်အတိုင်းလိုက်မနာပါက တရားဥပဒေအရအရေးယူလို့ရတယ်လို့ စုပေါင်းကူးသန်းရောင်းဝယ်ရေးဌာန ပြည်နယ်ဦးစီးမှူးဦးကျော်ဝင်းက ပြောပါတယ်။

ရှင်းလင်းပွဲကို တက်ရောက်လာသူတစ်ဦးဖြစ်တဲ့ ပုလဲစတိုးကိုယ်စားလှယ် ဦးကိုရယ် က “အခုထုတ်ပြန်လိုက်တဲ့ ဥပဒေတွေက ကောင်းတယ် ကိုက်ညီမှုရှိတယ် စားသုံးသူတွေအတွက်လည်း လုံခြုံရေးရှိရမယ် နောက်ပြီးတော့ ရောင်းဝယ်ဖောက်ကားသူတွေနဲ့ ဝန်ဆောင်မှုလုပ်တဲ့သူတွေကလည်း သက်တမ်းကုန်ဆုံးရက်တွေကြည့်ရမယ် ပြီးတော့ မြန်မာစာသားနဲ့ပါရမယ်ဆိုတာ မှန်တယ်။” လို့ ပြောပါတယ်။

ကုန်ပစ္စည်း အရောင်းဆိုင်တွေဖက်ကတော့ ကုန်ပစ္စည်း တွေကို ထုတ်လုပ်တဲ့ သူတွေဆီကဝယ်ပြီး ပြန်လည်ရောင်းချကြရတာဖြစ်တဲ့အတွက် သူတို့ အနေနဲ့ ကုန်ပစ္စည်း အညွန်းကို ထည့်သွင်းဖို့ရာ မဖြစ်နိုင်ကြောင်းပြောပါတယ်။

ဦးကိုရယ် ပုလဲစတိုး ကိုယ်စားလှယ်က “အခုကျနော့်ဆိုင်မှာ ဥပဒေနဲ့မကိုက်ညီတဲ့ စားသုံးကုန်တွေတော့ မထုတ့်လုပ်ဘူး ဝယ်ပြီးတော့ ကုန်သွယ်မှုပဲလုပ်တယ်။ ဒီစည်းကမ်းချက်တွေကိုတော့ ကြိုက်တယ် ဒါပေမဲ့ ထုတ်လုပ်မှုအပေါ်မှာ ရန်ကုန်၊ မန္တလေး ထိုင်းကနေလာတဲ့ထုတ်ကုန်တွေ ဒီလိုမျိုးအဝေးကနေလာတဲ့ ကုန်စည်တွေဟာ မြန်မာစာလိုပါရမယ်ဆိုတဲ့ဟာတော့ တော်တော်လေးခက်တယ်။ ဒါပေမဲ့ မြန်မာစာမပါရင် တစ်ခြားဘာသာနဲ့ ပါရင်လည်းရတယ်လို့ပြောတယ်။ မုန့်တွေဆိုရင် မြန်မာစာမပါဘူး။ ပါအောင်ဆိုရင် ထုတ်လုပ်သူတွေအနေနဲ့က ပိုအရေးကြီးတာပေါ့။ ဒါတွေကမှန်တယ်။ Date တွေပါရမယ်လေး။ စထုတ့်တဲ့ရက် ကုန်ဆုံးတဲ့ရက်၊ ဘယ်အချိန်ထိ အကန့်အသတ်ရှိတယ်ဆိုတာသိအောင် စားသုံးသူတွေကို ပြေားပြမှရမှာပေါ့။”လို့ ပြောပါတယ်။

စားသုံးသူဆိုင်ရာ ဥပဒေကို ၂၀၁၄ ခုနှစ်မှာ ပထမအကြမ် ပြဌန်းခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် နောက်ဆုံးအကြိမ် အတည်ပြုပြဌန်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အတည်ပြုပြဌန်းထားသော စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ ဒီဥပဒေ အခန်း (၁၈)ပါ ကုန်အညွန်း အမှတ်အသားဆိုင်ရာ ပြဌန်းချက်တွေဟာ ဥပဒေ ပြဌန်းပြီး တစ်နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်တဲ့ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့မှစပြီး အာဏာတည်မှာ ဖြစ်ပါတယ်။

အာဏာတည်ပြီး နောက်ပိုင်း ဆိုင်တွေမှာ လိုက်လံစစ်ဆေးမှာဖြစ်ပြီး ဥပဒေအတိုင်းမလိုက်နာပါက အရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts