spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

ထိုင်းနယ်စပ်ဘက် မလိုအပ်ဘဲသွားလာသူ တားမြစ်သွားမည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနှင့်ကယား(ကရင်နီ) ပြည်နယ် နယ်စပ်ဂိတ်တွေပေါက်တွေကို မလိုအပ်ဘဲ ခရီးသွားလာတဲ့သူတွေကို တားမြစ်သွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောလိုက်ပါတယ်။

“ကျနော်တို့မလိုအပ်ပဲ ခရီးသွားလာတဲ့သူခွင့်မပြုဘူး။ ကျနော်တို့နယ်စပ်ခရီးသွားဂိတ်တွေရှိတယ်။ အဲဒါတွေဆောင်ရွက်နေတယ်။ တားမြစ်ထားတယ်။” လို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။

KNPP ဆက်ဆံရေးရုံးကနေတဆင့် နယ်စပ်ဂိတ်ဖြစ်တဲ့ အဓိက BP-9 နဲ့ ဒုက္ခသည်ထွက်ပေါက် နှစ်နေရာကို ခရီးသွားလာသူတွေ ကြပ်မတ်သွားမယ်လို့သိရပါတယ်။

ကရင်နီပြည်နယ် ၊ ထိုင်း-ကရင်နီနယ်စပ်နှင့် ကရင်နီဒုက္ခသည်စခန်းရှိ ကရင်နီတမျိုးသားလုံး COVID-19 ဗိုင်းရပ်ရောဂါ ကူးစက်ခံရခြင်းကနေ ကာကွယ်နိုင်ဖို့ နယ်စပ်ဒေသဝင်ပေါက်တွေကို ခရီးသွားလာဖို့ ကန့်သတ်လိုက်တာဖြစ်တယ်လို့ KNPP ကနေ ယနေ့ မတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေငြာထားတာဖြစ်ပါတယ်။

ယခုထုတ်ပြန်ကြေငြာလိုက်တဲ့နေ့မှစပြီး သေရေးရှင်ရေးကိစ္စနှင့် လုပ်ငန်းတာဝန်ဖြင့် ခရီးသွားလာရန်လိုအပ်သူများမှအပ နယ်စပ်ဒေသဝင်ပေါက်တွေမှာ ကန့်သတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်တွင်းနဲ့ အခြားဒေသတွေရောက်ရှိနေတဲ့ ကရင်နီဒုက္ခသည်စခန်းနှင့် ထိုင်း-ကရင်နီနယ်စပ်တွေမှာနေထိုင်တဲ့သူတွေအနေနဲ့ မတ်လ ၃၁ ရက်နေ့ ၂၀၂၀ ခုနှစ်နောက်ဆုံးထားပြီးတော့ မိမိတို့ နေထိုင်ရာ နေရပ်ကို အရောက်ပြန်လာကြဖို့ ကြေငြာထားပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသဘက်မှ ကရင်နီပြည်နယ်အတွင်း ပြေးဆွဲနေတဲ့ လိုင်းကားတွေလည်း ဧပြီလ ၁ ရက်နေ့ ၂၀၂၀ ခုနှစ်ကနေ ဧပြီလ ၃၀ ရက်နေ့ ၂၀၂၀ခုနှစ်အထိ ခရီးစဉ်တွေ ရပ်ဆိုင်းသွားမယ်လို့ဆိုပါတယ်။

လိုအပ်ချက်တွေအရ ခရီးသွားလာတဲ့သူတွေအနေနဲ့ နယ်စပ်ဒေသဝင်ပေါက်တွေမှာ ကရင်နီကျန်းမာရေးအဖွဲ့ကနေ လိုအပ်တဲ့ ကျန်းမာရေး အခြေခံ စစ်ဆေးမှုတွေကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့သိရပါတယ်။

“ဒီဗိုင်းရပ်ရောဂါစစ်ဆေးနိုင်တဲ့ အခြေအနေတော့မလုပ်နိုင်ဘူးပေါ့။ ဒါပေမယ့်လည်း အခြေခံအားဖြင့် ကိုယ်ပူချိန်တိုင်းတာတာလောက်ပဲ လုပ်မယ်ပေါ့။”လို့ ဦးရွှေမျိုးသန့်က ဆက်ပြောပါတယ်။

မတ်လ၁၇ ရက်နေ့ ၂၀၂၀ ခုနှစ်နောက်ဆုံးရရှိထားတဲ့ စာရင်းများအရ နိုင်ငံပေါင်း ၁၃၇နိုင်ငံမှာ COVID-19 ဗိုင်းရပ်ရောဂါ ကူးစက်ဖြစ်ပွားနေပြီး ကူးစက်ခံရသူပေါင်း (၁၇၂၁၅၈)ဦးနှင့် စုစုပေါင်းသေဆုံးသူ(၆၆၅၂) ဦးရှိခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

spot_img

Recent posts