spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ပြည်ပသို့ အလုပ်လုပ်ရန် ပြင်ဆင်ထားကြသူ ကုန်ကျစာရိတ် ဆုံးရှုံးမှုဖြစ်လာမှာ စိုးရိန်နေကြ

Author

Date

Category

အန်ထောနီ

ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါကြောင့် ပြည်ပသို့ အလုပ်လုပ်ရန် ပြင်ဆင်ထားကြသူတွေအနေနဲ့ ကုန်ကျစာရိတ် ဆုံးရှုံးမှုကြုံတွေ့လာမည်ကိုလည်း စိုးရိမ်နေကြရပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့အတွက် လိုအပ်တဲ့လမ်းစရိတ်ကို ချေးယူထားတဲ့အတွက်ကြောင့် အခက်အခဲရှိတယ်လို့ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ရန် ပြင်ဆင်ခဲ့တဲ့ ဒီမေားဆိုမြို့နယ် မြို့မ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုနိုင်လင်းထွေးက ပြောပါတယ်။

“ထိုင်းကိုသွားဖို့အတွက် အကုန်လုံးစုစုပေါင်းတော ပတ့်စပို့တွေ ဗီဇာတွေလုပ်ရတဲ့ဟာ အကုန်လုံးပေါင်းရင် ၁၀ သိန်းလောက်ကုန်သွားတယ်။ သွားရမယ့်လမ်းစရိတ်အတွက်ဆိုရင်တော့ ကျနော်တို့က ဒီကယားပြည်နယ်မှာအလုပ်လုပ်ရင်လည်း အဲ့လောက်ထိဝင်ငွေမကောင်းဘူးဆိုပြီတော့ သူများနိုင်ငံကိုသွားမယ်ဆိုပြီတောဆုံးဖြတ်လိုက်တာ ဒါပေမဲ့ ဒီသုံးခဲ့တဲ့လမ်းစရိတ့်တွေကလည်း ကိုယ့်ရဲ့အိမ်တွင်းမှုဝင်ငွေမဟုတ့်တဲ့တွက်ကြောင့် အခက်အခဲလည် ရှိတယ်။” “သူများဆီမှာသွားချေးထားတဲ့ပိုက်ဆံတွေမို့လို့ပေါ့ အခက်အခဲက အဲ့ဒီတစ်ခုပေါ့ ကိုရိုနာဗိုင်းရပ်ကြောင့် အခြေအနေတွေပြောင်းလဲသွာတာကတော့ တစ်ကယ်ကိုဆိုးပါတယ် အဲ့ဒီနောက်ပိုင်းသွားခွင့်မရှိတော့ဘူးလို့ကြားလိုက်တော့ ကိုယ်ချေးထားတဲ့ ပိုက်ဆံတွေတွက် စိတ်ပူရတာပေါ့။ သွားဖို့ရက်ရွှေ့ဆိုင်းလိုက်တယ်။”

ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ၏ဆိုးကျိုးက ပြည်ပအလုပ်အကိုင်ရှာဖွေလုပ်ကိုင်မည့်သူကို အချိန်အကန့်အသတ်မရှိ ပိတ်ပင်ထားသလိုဖြစ်သွားတာကြောင့် ကုန်ကျထားတဲ့ ငွေတွေပြန်ရဖို့လည်း သက်ဆိုင်ရာအလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုပေးနေသူတွေကို ပြန်တောင်းဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်မည့်လူငယ်များအနေဖြင့် လိုအပ်သည့်စာရွက်စာတမ်းများနှင့် လမ်းစရိတ့်အတွက် ၁၀ သိန်းနီးပါး ကုန်ကျခံ ပေးသွင်းပြီသားဖြစ်တယ်လို့သိရပါတယ်။

ဒီလိုပြည်ပကို အလုပ်သွားလုပ်ဖို့ အသင့်ဖြစ်နေချိန်မှာ လက်ရှိအခြေအနေကြောင့် ခေတ္တရပ်ဆိုင်းထားပြီး သွင်းထားတဲ့ငွေတွေ ပြန်မရမှာကိုလည်း စိုးရိမ်နေကြပါတယ်။

အခုလိုရက်ရွှေ့ဆိုင်းမှုကြောင့် ဒီမေားဆိုမြို့နယ် မြို့မ ရပ်ကွက်မှာနေထိုင်တဲ့ ဖရန်းစ္စစ်ကိုက “ ကံကောင်းတယ်လို့ပဲပြောရမလား။ ကံဆိုးတယ်လို့ပဲပြောရမလာပေါနော။ ကျနော်တို့ မသွားဖြစ်လို့ပဲကံကောင်းတယ်လို့ပြောရမှာပေါ သွာဖြစ်ခဲ့ရင် ဒီအတိုင်းအလကားပြန်လာရမှာလေနော် အခုလိုမသွားဖြစ်တော့လည်း ကံဆိုးတာက ပိုက်ဆံတို့ပြန်ရဖို့ အခြေအနေမကောင်းဘူးပေါနော” လို့ သူရဲ့ခံစားချက်ကို ပြောပြပါတယ်။

၎င်းတို့ချိတ့်ဆက် ထားတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအဖွဲ့ကတော့ ယုံကြည်စိတ်ချဖို့တော့ မျှော်လင့်ထားကြပါတယ်။ ကိုရိုနာဗိုင်းရပ် အခြေအနေတည်ငြိမ်သွားတဲ့အချိန်မှာ ၎င်းတို့အနေဖြင့် ပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်ရန် စိတ်အားထက်သန်နေသေးတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်ထိန်းချုပ်ကာကွယ်ဖို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာအားလုံးက အလုပ်အကိုင်တွေ တော်တော်များ ရပ်နားထားတာကြောင့် ပြည်ပရောက်အလုပ်လုပ်သူ တော်တော်များများ နေရပ်ကို ပြန်လာကြပြီး ၁၄ ရက် ကျန်းမာရေး စောင့်ကြည့်မှု ခံယူနေကြရပါတယ်။

spot_img
spot_img

Recent posts