spot_img
27.6 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းCOVID-19 အတည်ပြုလူနာ Case 121 နဲ့ထိတွေ့ခဲ့တဲ့ အမျိုးသားတစ်ဦးအပါအဝင် ၎င်းမိသားစုဝင်နှစ်ဦးလည်း ပိုးမတွေ့

COVID-19 အတည်ပြုလူနာ Case 121 နဲ့ထိတွေ့ခဲ့တဲ့ အမျိုးသားတစ်ဦးအပါအဝင် ၎င်းမိသားစုဝင်နှစ်ဦးလည်း ပိုးမတွေ့

-

ကန္တာရဝတီတိုင်း(မ်)

COVID-19 အတည်ပြုလူနာ Case 121 နဲ့ထိတွေ့ခဲ့တဲ့ လောဓမ္မရပ်ကွက် (ကြည်သာယာ) မှ အမျိုးသားတစ်ဦး အပါအဝင် မိသားစုဝင် သုံးဦးရဲ့ ဆေးစစ်ချက်က ပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။

“သုံးယောက်လုံးအဖြေ ပိုးမတွေ့ဘူးလို့ ထွက်ပါတယ်” ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က အတည်ပြုပြောပါတယ်။

Facility Quarantine ထားရှိမှုအခြေအနေနဲ့ပတ်သက်ပြီး ဒေါက်တာဌေးလွင်က “Case 121 နဲ့စတွေ့တာက ၆ရက်နေ့စတွေ့တယ် Facility Quarantine က ဧပြီလ ၂၇ရက်နေ့ဆို ၂၁ရက်ပြည့်ပြီ ဆရာတို့က ၂၈ရက်ပြည့်အောင် ဒီမှာပဲထားမယ် ၂၈ရက်ပြည့်ကျရင် ဓတ်ခွဲနမူနာကိုထပ်ပြီးစစ်အုံးမယ် နောက်တစ်ကြိမ်ထပ်စစ်မယ်” လို့ ဆိုပါတယ်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်အတွင်းရှိ သံသယလူနာ၊ စောင့်ကြည့်လူနာတို့ရဲ့ ဓတ်ခွဲနမူနာပို့ရာမှာ အားလုံးရဲ့ အဖြေကပိုးမတွေ့ရှိ (Negative) ဖြစ်ပြီး ဧပြီလ၂၆ရက်နေ့မှထပ်မံပို့မယ့် ဓတ်ခွဲနမူနာ ၆ခု ရှိတယ်လို့ သိရပါတယ်။

လွိုင်ကော်ဆေးရုံကြီးမှ တစ်ဦး၊ ဖားဆောင်းမြို့ မော်ချီးဒေသ လိုခါးလိုကျေးရွာမှ Facility Quarantine ထားရှိတဲ့ နှစ်ဦး၊ ဒီမော့ဆို စိုက်ပျိုးရေးသိပ္ပံကျောင်းမှ Facility Quarantine ထားရှိတဲ့ Case 121 နဲ့အတူ ဖယ်ခုံမြို့ တောင်ပေါ်စခန်းပရဟိတကျောင်းမှာ လုပ်အားပေးလုပ်ကိုင်သူ သုံးဦး၊ စုစုပေါင်း ၆ ဦး တို့ရဲ့ ဓတ်ခွဲနမူနာကို ထပ်မံပို့သွားမယ်လို့ ဒေါက်တာဌေးလွင်ရဲ့ပြောကြားချက်အရ သိရပါတယ်

COVID-19 အတည်ပြုလူနာ Case(121) နဲ့ ဖခင်ဖြစ်သူမှာ ဧပြီလ ၆ရက်နေ့က ကယားပြည်နယ်အတွင်း ဖြတ်သန်းသွားလာမှုအခြေအနေကို သိရှိပြီးနောက် ၎င်းတိုနဲ့အတူ ကားတစ်စီးတည်း လိုက်ပါခဲ့တဲ့ လောဓမ္မရပ်ကွက် (ကြည်သာယာ)ရှိ အမျိုးသားတစ်ဦးအပါအဝင် မိသားစုဝင်သုံးဦးရဲ့ ဓတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓတ်ခွဲမှုဆိုင်ရာဌာနာ(ရန်ကုန်)ကို ဧပြီလ ၂၃ရက်နေ့က ပေးပို့ထားတာဖြစ်ပါတယ်။

လက်ရှိမှာလည်း ပိုးမတွေ့ မိသားစုဝင်သုံးဦးကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသင်တန်းကျောင်း (လွိုင်ကော်) မှာ Community Based Facility Quarantine ထားရှိပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူုနာ (၁၄၆)ဦး၊ ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ (၁၀)ဦး၊ သေဆုံးသူလူနာ (၅) ဦး ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဧပြီလ ၂၆ရက်နေ့ နံနက်ပိုင်း(ရး၀၀) သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ