spot_imgspot_imgspot_imgspot_img
Tuesday, April 30, 2024
spot_imgspot_imgspot_imgspot_img

မြို့ဝင်/မြို့ထွက်ဂိတ်တချို့ ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေတာကို ဇူလိုင်လ(၁၆)ရက်နေ့မှစ ရုတ်သိမ်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အတွင်းရှိ မြို့ဝင်/မြို့ထွက်ဂိတ်တွေတချို့ ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေတာကို ဇူလိုင်လ (၁၆)ရက်နေ့ကစပြီး ရုတ်သိမ်းလိုက်ပြီဖြစ်တယ်လို့လွိုင်ကော် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းကပြောပါတယ်။

“ဒါကတော့ ဗဟိုကိုဗစ်ကော်မတီကနေညွှန်ကြားလာပြီးတော့ ပြည်နယ်ကော်ဗစ်ကော်မတီကနေတဆင့် မြို့နယ်ကိုညွှန်ကြားလာတယ်ပေါ့နော။ ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုတွေအတွက်ကိုပဲ ဖြုတ်တာပါ ကျန်တာတော့ နဂိုပုံစံအတိုင်းပဲ လဝကတို့ ထွေအုပ်တို့ သစ်တော ရဲ ဒါတွေကတော့ ပုံမှန်လုပ်နေကြအတိုင်းပဲ ဆက်သွားမှာပေါ့နော အဲလိုတော့ရှိတယ်။ အဓိကကတော့ ကျန်းမာရေးဝန်ထမ်းတွေက အပူချိန်တိုင်းတဲ့ဟာမျိုးတွေတော့ ဖြုတ်လိုက်ပြီပေါ့”လို့ ဦးရန်နိုင်ဝင်းက ပြောပါတယ်။

လွိုင်လင်လေးမြို့ ထီးစဲခါးပူးပေါင်းစစ်ဆေးရေးဂိတ်ကိုမြင်တွေ့ရစဥ်

လွိုင်ကော်မြို့နယ်အတွင်းရှိ မြို့ဝင်မြို့ထွက် ဂိတ် ၃ ဂိတ်ဖြစ်တဲ့ ထီးစခန်းပူးပေါင်းစစ်ဆေးရေးဂိတ်၊ ပီကင်း ကောခူ ပူးပေါင်းစစ်ဆေးရေးဂိတ် ၊ ဆောင်ကန်းဂိတ်တွေမှာ စစ်ဆေးမှုတွေ မပြုလုပ်တော့ဘူးလို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်တဲ့စစ်ဆေးဆောင်ရွက်နေတာကိုရုတ်သိမ်းလိုက်ပေမယ့် တခြား ပုံမှန် စစ်ဆေးနေကြ လုံခြုံရေးကဏ္ဍတွေကိုတော့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းတာတွေ ဆက်ရှိနေအုံးမှာဖြစ်ပါတယ်။

Coronavirus Disease 2019(COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက တိုင်းဒေသကြီး၊ ပြည်နယ်ရှိ မြို့အဝင်အထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုကို ရုတ်သိမ်းဖို့ ညွှန်ကြားထားချက်အရ ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

မြို့အဝင်/အထွက်ဂိတ်တွေကို ရုတ်သိမ်းလိုက်ပေမယ့် နှစ်နိုင်ငံ ထိစပ်လျက်ရှိတဲ့ ရှားတော့ နယ်စပ်ဝင်ပေါက်ဂိတ်တွေမပါဝင်ဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts