spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ကယန်းဒေသတွင်း အစိုးရဆရာ/မ မလုံလောက်တဲ့ ကျောင်းတွေမှာ စေတနာ့ဝန်ထမ်း (၈၀) ဦးစေလွှတ်မည်

Author

Date

Category

ခွန်းကလိုင်းဖရီး

စေတနာ့ဝန်ထမ်း အယောက်(၈၀)က ကျောင်း ဆရာ/မ မလုံလောက်တဲ့ ကယန်းတိုင်းရင်းသား ဒေသဘက်က ကျောင်းတွေမှာ သွားရောက်စာသင်ကြားပေးဖို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ကနေ ဦးဆောင်နေတာဖြစ်ပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ ပညာရေး စီမံကိန်းတာဝန်ခံ ခွန်းမောင်တင်က “ အဓိက ကယန်းဒေသမှာ ဆရာ၊မ မလုံလောက်မှုဖြစ်စဉ်တွေကို ကူညီထောက်ပံ့ချင်တယ်။ အဲ့ဒါရဲ့ နောက်ဆက်တွဲမှာ ပြန်စဉ်းစားမယ်ဆိုရင် ကျောင်းသူ၊သား ကျောင်းထွက်နှုန်းကို လျော့ချစေချင်တယ်ပေါ့။ ဒီအချက်နဲ့ ကျနော်တို့ စေလွတ်ပါတယ်။” လို့ ပြောပါတယ်။

ဓါတ်ပုံ – KNGY

ကယန်းဒေသကတော့ ရှမ်းပြည်နယ်ရှိ ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်နဲ့ ဆီဆိုင်မြို့နယ်၊ ကယားပြည်နယ်ရှိ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နဲ့ မယ်စဲ့မြို့နယ်၊ ကရင်ပြည်နယ်ရှိ သံတောင်ကြီး မြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေရှိ ပျဉ်းမနားမြို့နယ်နဲ့ လယ်ဝေးမြို့နယ်ရှိ ကျောင်းပေါင်း (၇၀)ခန့်ကို ပေးပို့ စေလွှတ်သွားမယ်လို့ ဆိုပါတယ်။

တချို့ကျေးရွာတွေမှာကတော့ အစိုးရကနေ သတ်မှတ်ထားတဲ့ ကျောင်းသားဦးရေမပြည့်မှီတာကြောင့် ကျောင်းဆရာ/မ ချပေးတာမရှိတဲ့အတွက် ကိုယ်ထူကိုယ်ထဖွင့်နေကြရပြီး ဆရာ/မလိုအပ်ချက်တွေကိုတော့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ (KNGY)အဖွဲ့က ကူညီပေးနေတာဖြစ်ပါတယ်။

“ကျနော်တို့ ကျောင်းခါကျတော့ လူဦးရေနည်းတာပေါ့လေ။ လူဦးရေနည်းတော့ အစိုးရစံချိန်စံနှုန်းနဲ့ မမှီဘူးပေါ့။ အဲ့ခါကျတော့ အစိုးရက အဆင်မပြေဘူး။ အဲ့ကြောင့်မို့ နှစ်တိုင်းပဲ KNGY ဆရာ၊မကို ခေါ်တာပေါ့။” လို့ ရှမ်းတောင်၊ ဖယ်ခုံမြို့နယ်၊ မောင်တိုးရွာဟောင်းမှာ နေထိုင်တဲ့ ခွန်းသားငယ်က ပြောပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က စေတနာ့ဝန်ထမ်း ဆရာ၊မတွေကို နွေရာသီဆရာဖြစ် ၂ လ သင်တန်း ပေးထားပြီး ၎င်းသင်တန်းမှ သင်ကြားမှုနည်းလမ်းနှင့်ဗျူဟာ၊ အတန်းစီမံခန့်ခွဲမှု၊ စီစစ်အကဲဖြတ်ခြင်း၊ ကလေးသူငယ်အခွင့်အရေးနဲ့ အခြေခံအင်္ဂလိပ်စာ စတဲ့ဘာသာရပ်တွေကို သင်ကြားပို့ချပြီး ဖြစ်တယ်လို့ သိရပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်ကစေလွတ်တဲ့ စေတနာ့ဝန်ထမ်းတွေဟာ မူလတန်းအဆင့်ကိုတာ သင်ကြား ပေးမှာဖြစ်ပြီး အဆိုပါ ဆရာ၊မတွေဟာ အစိုးရအကျောင်းတွေမှာ (၈၀) ရာခိုင်နှုန်းနဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတွေမှာ (၃၀) ရာခိုင်နှုန်း ဝင်ရောက် သင်ကြားသွားမယ်လို့ ဆိုပါတယ်။

၎င်းတို့ရဲ့ ပညာရေးကဏ္ဍမှ နှစ်စဉ် ကျောင်းသူ၊သား ၆၀၀၀ ဦးခန့်အပေါ် အကျိုးသက်ရောက်မှုရှိပြီး စာသင်ကျောင်းနဲ့ ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေကို ပြည်ပအလှူရှင်တွေရဲ့ အကူအညီနဲ့ ထောက်ပံ့ပေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ကယန်းဒေသတွင်း စေတနာ့ဝန်ထမ်းဆရာ၊မတွေကို စေလွှတ်နိုင်ဖို့အတွက် အစိုးရရဲ့ ထုတ်ပြန်ချက်တွေကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်အနေနဲ့ စေတနာ့ဝန်ထမ်းစေလွတ်တဲ့ ပညာရေးလုပ်ငန်းစဉ်ကို ၂၀၀၇ ခုနှစ်ကနေ စတင်ခဲ့ပေမယ့် ၂၀၁၂-၁၃ ပညာသင်နှစ်မှသာလျင် ဆရာ၊မ မွေးထုတ်စေလွှတ်တာကို ထဲထဲဝင်ဝင်လုပ် ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

spot_img
spot_img

Recent posts