spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

မိုးရွာသွန်းမှုကြောင့် နှမ်းခင်းဧက ၂၀ကျော် ရေမြှုပ်ပျက်ဆီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့ဩဂုတ်လ ၃ရက်နေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာမှာ တောင်သူအချို့စိုက်ပျိုးထားတဲ့ နှမ်းခင်းဧက ၂၀ကျော် ရေမြှုပ်ပျက်စီးသွားတယ်လို့ သိရပါတယ်။

နှမ်းခင်း ၅ဧက စိုက်ပျိုးထားတဲ မသင်းထူးဆန်းက “ မနေ့ညကမှပေါ့ ချောင်းရေကြီးတာလည်းပါမယ်ထင်တယ် မနေ့က လပြည့်နေ့ဆိုတော့ ဘုန်းကြီးကျောင်းတက်ရင်းနဲ့ နှမ်းခင်းထဲရေဝင်ကုန်ပြီဆိုတာနဲ့သွားကြည့်တော့ နှမ်းကအဲလိုဖြစ်ကုန်တာ” လို့ ပြောပါတယ်။

ရိတ်သိမ်းပြီးစ နှမ်းတွေကို စုပုံထားစဉ် မိုးရွာသွန်းမှုကြောင့် နှမ်းခင်းအားလုံးရေမြှုပ်သွားခဲ့တာပါ။ စမုံနက်အမည်ရှိတဲ့ နှမ်းအထွက်နှုန်းကောင်းတာကြောင့် ခန့်မှန်းခြေ တန်ဖိုးငွေ သိန်း၈၀လောက် ရမယ်လို့ ခန့်မှန်းထားကြပါတယ်။

မြှုပ်သွားတဲ့နှမ်းပင်တွေကို ပြန်လိုက်ဆယ်ပြီး ရသလောက် အခြောက်ပြန်ခံမယ်ဆိုရင် ၃ပုံတစ်ပုံပြန်ရနိုင်သလို မရရင်လည်း အားလုံးပျက်ဆီးသွားနိုင်တယ်လို့ မသင်းထူးဆန်းကပြောပါတယ်။
ကုန်းသားကျေးရွာမှာ နှမ်းခင်းရေမြှုုပ်ပျက်ဆီးသွားသလို အချို့စိုက်ပျိုးထားတဲ စပါးခင်း၊ ပြောင်းခင်းလည်း မိုးရွာသွန်းမှုကြောင့် ပျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဦးငှိုင်းက “မိုးလေဝါသမမှန်လို့ပေါ့ များလည်းများလွန်း နည်းလည်းနည်းလွန်းတယ်ပေါ့။ ရေမရှိပေမယ့် မိုးရွာတဲ့ချိန်လည်း များလွန်းပြန်ရော ရေလျှံပြန်ရော အဲလိုမျိုးဖြစ်တာ” လို့ ဆိုပါတယ်။

နှမ်းကိုအဓိက စိုက်ပျိုးကြတဲ့ ဘောလခဲမြို့နယ်မှာတော့ မိုးရွာသွန်းမှုနည်းပါးတာကြောင့် နှမ်းပင်တွေ ညှိုးနွမ်းတာတွေ ခြောက်တာတွေ ဖြစ်နေတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts