spot_imgspot_imgspot_imgspot_img
Monday, April 22, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

7189 POSTS
0 COMMENTS

မဟာမိတ်တိုင်းရင်းသားပါတီ ၃ ပါတီပေါင်းပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးရွေးခြယ်

ထျိုးမြာ ၂၀၁ရ ခုနှစ် ဧပြီလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကယားလူမျိုးစုဒီမိုကရေစီပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီနှင့် ကယန်းအမျိုးသားပါတီ သုံးပါတီပူးပေါင်းပြီး မဟာမိတ်ပါတီများအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းတစ်ဦးကို ဒေသခံလူထုနှင့် ပူးပေါင်းပြီး ရွေးချယ်ခဲ့ကြသည်။ “သုံးပါတီပေါင်းပြီးတော့မှ ကိုယ်စားလှယ်တစ်ဦးရွေးချယ်ပြီးတင်သွင်းဖို့ ကျနော်တို့သဘောတူညီမှုရခဲ့ကြတယ်။ အဲဒီအပေါ်မှာလည်း ကိုယ်စားလှယ်တွေအနေနဲ့ အားလုံးဝိုင်းရွေးတဲ့အချိန်မှာတော့ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီထဲက ကိုသဲရယ် က အရွေးခံရပြီးတော့မှ ကို်ယ်စားလှယ်လောင်းအဖြစ်လျာထားခံရတယ်ပေါ့။...

လူထုအသံ

လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာတချို့မှ တင်ပြလိုသည့် အခက်အခဲများ ထေးငှားလျားရွာ မှ ဦးစိုးရယ် …………………………………. “ရွာမှာက အခု တစ်ခုရှိတာက ကေဘယ်ကြိုးမြှပ်တာပေါ့။ အဲဒါကို ကန့်ကွက်တဲ့သူ တစ်ချို့ရှိနေတယ်။ ပြီးတော့ တာဝါတိုင်ထောင်တာလည်း ကန့်ကွက်သူ တစ်ချို့ရှိတယ်။ ကျနော်တို့ တစ်ရွာလုံးရဲ့ သဘောထားကို ကောက်ယူတော့ ကေဘယ်ကြိုးက ထောက်ခံသူတွေပိုများပြီးတော့ ဆက်သွယ်ရေး...

တိုင်းရင်းသားပါတီနှစ်ပါတီပူးပေါင်းပြီး ပါတီအသစ်ထူထောင်ရန်စီစဉ်

ထျိုးမြာ ကယားပြည်နယ်မှ တိုင်းရင်းသားပါတီနှစ်ခုဖြစ်သည့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီနှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီတို့ပူးပေါင်းပြီး ပါတီတစ်ခုတည်းအဖြစ် ပြန်လည်ဖွဲ့စည်းရန် စီစဉ်ထားသည်ဟု လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ ဥက္ကဌ ဦးဖိုးရယ်က ပြောသည်။ “ အဲဒီမှာ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီနဲ့ ကယားလူမျိုးစုဒီမိုကရေစီပါတီကို ဖျက်သိမ်းလိုက်ပြီးမှ ပါတီအသစ်ထောင်မယ့်အနေအထားမျိုးဖြစ်တယ်ပေါ့နော။ ဆိုတော့ အဲဒီပါတီကို မနက်ဖြန်သဘက်ခါပဲ ပုံတင်နိုင်ဖို့အတွက် ကြိုးစားသွားမယ်။” ဟု ဦးဖိုးရယ်က ပြောသည်။ ကယားလူမျိုးစုဒီမိုကရေစီပါတီနှင့်...

ကာပရူးရွာသားများ လမ်းဖောက်ရန် ပိုက်ဆံစိုက်ထားကြကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြော

မူအက်စတာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ရော်ဒိုခေါအုပ်စု ကာပရူးကျေးရွာတွင် ရွာသားများ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် နိုဝင်ဘာလမှစ၍ ၎င်းတို့ ရွာသူရွာသားများ ပူးပေါင်း၍ လမ်းဖောက်ခဲ့ကြပြီး ကုန်ကျစရိတ်ငွေများကို ဘတ်ဂျက်ကျလာသည့်အချိန်တွင်မှ ပြန်လည်ပေးသွားမည်ဟု ဖရူဆိုမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးနော်အီးကဆိုသည်။ “ကျွန်တော်တို့ ရွာမှာ ကိုယ်ထူကိုယ်ထလမ်းဖောက်နေတယ်၊ တစ်ရွာလုံး စက် ဘက်ဖိုးငှားပြီးတော့မှ လမ်းဖောက်နေတယ်”...

လျှပ်စစ်မီးရရှိရန် ငွေကောက်ထားသည်မှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း မော်ချီးတောင်ပေါ်ရပ်ကွက် မီးမရသေး

စိုင်းလင်းလင်းဦး ဖားဆောင်းမြို့နယ် မော်ချီးတောင်ပေါ်ရပ်ကွက်အတွက် လျှပ်စစ်မီးသွယ်ပေးရန် ငွေကောက်ယူထားသည်မှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ မီးမသွယ်ပေးသေးကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ ပြီးခဲ့သည့်နှစ်ကတည်းက လျှပ်စစ်မီးရရှိရန်အတွက် တာဝန်ရှိသူများက မော်ချီးတောင်ပေါ်ရပ်ကွက် တွင်နေထိုင်သူများထံမှ ငွေကောက်ခံခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် ကျပ် ၁၃၀၀၀ဝ သွင်းထားခဲ့ကြပြီးဖြစ်သည်။ “အလင်းတန်းကျေးရွာနဲ့ အောက်ရွာနဲ့ လိုခါးလိုမှာ မီးတွေရကြပြီ ဒီတောင်ပေါ်က သူတို့ အန္တရာယ်ဇုန်မို့လို့လားမသိဘူး...

ပြည်သူ့ဘဏ္ဍာငွေဖြင့် ဆောက်လုပ်နေသည့် ဖွံ့ဖြိုးရေးစီမံကိန်းတွင် လုပ်ငန်းကြီးကြပ်မှု အားနည်းဟုဆို

ကယားပြည်နယ်အတွင်း ပြည်သူ့ဘဏ္ဍာငွေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးစီမံကိန်းများတွင် စစ်ဆေးတွေ့ရှိချက်အရ လုပ်ငန်းကြီးကြပ်မှု အားနည်း သည့်အပိုင်းများတွေ့ရှိရသည်ဟု ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီမှ အဖွဲ့ဝင် ဦးစောကလိုမူး ကပြောသည်။ ဦးစောကလိုမူးက “ အဓိကတွေ့ရတဲ့အချက်က ကန်ထရိုက်တွေ လုပ်တဲ့လုပ်ငန်းတွေမှာ လက်ရာလေးတွေ နည်းနည်းညံ့တယ် အရည်အသွေးကျတော့ ကျနော်တို့က တိတိကျကျစစ်ဆေးဖို့ကျတော့ အရည်အသွေးမှာ နည်းနည်းညံ့တာလေးတွေ...

နေ့စားခမရလျှင် အစည်းအဝေးမလာချင်ကြ

ဖဲဘူး - နေ့စားခနှင့်စားစရိတ် ၊ လမ်းစရိတ်မထောက်ပံ့နိုင်သည့် အစိုးရဌာနဆိုင်ရာ လူထုဖွံ့ဖြိုးရေးစီမံကိန်း အစည်းအဝေးတွင် လူထုများက တက်ရောက်လာမှုအား နည်းနေသည့်အခက်အခဲ တွေ့နေရသည်ဟု ဒီးမော့ဆိုကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးနိုင်ကပြောသည်။ ဒေသတွင်း ကွင်းဆင်းဆောင်ရွက်သည့်အခါတွင် အသေးစားထောက်ပံ့မှုများပေးနိုင်သည့် NGO , INGO အဖွဲ့အစည်းများ ကဲ့သို့မဟုတ်သည့်အတွက် လူထုများကို တွေ့ဆုံရန်...

မော်ချီးမြေပြိုမှုကြောင့် ရွေ့ပြောင်းခံ ဒေသခံများ စီးပွားရေးခက်ခဲနေ

ဦးမြာ မော်ချီးမြေပြိုမှုကြောင်း ရွေ့ပြောင်းနေထိုင်ကြရတဲ့ ဒေသခံတွေဟာ နေရာသစ်မှာ နေထိုင်ပြီး စီးပွားရေး လုပ်ကိုင်ရတာ အဆင်မပြေကြောင်း သိရပါတယ်။ မြေပြိမှုထဲအိုးအိမ်များ ဆုံးရှူံးသွားရတဲ့လူတွေကိုတော့ လက်ရှိမှာမော်ချီးဒေသနဲ့ လေးမိုင်ခန့်ဝေးတဲ့နေရာမှာ အလင်းတန်းကျေးရွာအမည်ဖြင့် ပြန်လည်နေရာချထားရေးကိုအစိုးရမှ ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။ “အဲ့ဒီမှာကသူတို့ချပေးတဲ့နေရာနဲ့က စီးပွားရေးလုပ်စားလ ို့မရဘူးစီးပွားရေးတစ်ခုဖြစ်ဖို့အတွက် ဝမ်းစာကိုရှာလို့မလွယ်ဘူး။ ကိုယ်တတ်ထားတဲ့ပညာနဲ့ အဲ့ဒီနားမှာလည်း လုပ်လို့မရဘူး။ ကျတော်ဆိုရင် ပရိဘောဂတတ်တယ်...

သဘောတူညီမှုအတိုင်း မဖောက်ဖျက်ပါက တိုက်ပွဲဖြစ်ရန် မရှိဟု ကရင်နီအစိုးရ ပြည်ထဲရေးဝန်ကြီးပြော

ထျိုးမြာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် လုပ်ရှားမှုပုံမှန်ရှိနေပြီး အစိုးရနှင့် သဘောတူထားသည့်အတိုင်း တစ်ဘက်နှင့်တစ်ဘက် ဖောက်ဖျက်မှုမရှိပါက တိုက်ပွဲပြန်ဖြစ်န်ုိင်ခြေမရှိကြောင်း ကရင်နီအစိုးရပြည်ထဲရေးဝန်ကြီ ခူထဲဘူး ကပြောသည်။ “ကျနော်တို့ဘက်ကတော့ ဘာမှပြင်ဆင်ဖို့တိုက်ပွဲဖြစ်ဖို့ မမျှော်လင့်ဘူးပေါ့။ ဒါပေမဲ့ သဘောတူထားတဲ့အတိုင်းပဲ ဖောက်ဖျက်ကြမယ်ဆိုရင်တော့ ဒါကတော့မပြောနိုင်ဘူးလေး။ ဒါပေမဲ့ ဒါကတော့ ဖောက်ဖျက်တဲ့လူအပေါ်မှာ မူတည်တယ်ပေါ့။ ကျနော်တို့ပြောထားပြီပဲ ကျနော်တို့ဘက်ကတော့...

နိုင်ငံအဆင့်ပြိုင်ပွဲဝင် စကိတ်စီးတဲ့ စောရော်နယ်ကလိုမူးနှင့်တွေ့ဆုံခြင်း

စိုင်းလင်းလင်းဦး မြန်မာနိုင်ငံမှာ စကိတ်အားကစားနည်းတွေထဲက Aggressive Inline အကြမ်းစီးစကိတ် အမျိုးအစားမှာ ယခုနှစ် နိုင်ငံအဆင့် ပြိုင်ပွဲမှာ ထူးချွန်အဆင့် (၅) ဝင်တဲ့ ကယားပြည်နယ်က စကိတ်စီးသူ စောရော်နယ်ကလိုမူးသူ့ရဲ့ စကိတ်အားကစားအပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့ လျှောက်လှမ်းနေသလဲဆိုတာ ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းထားပါတယ်။ ကယားပြည်နယ်ဖွား စောရော်နယ်ကလိုမူးဟာ ၂၀၁၄ ခုနှစ်ကတည်းက စကိတ်ပြိုင်ပွဲတွေမှာ...

Latest news

- Advertisement -spot_img