spot_imgspot_imgspot_imgspot_img
Saturday, May 18, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

7334 POSTS
0 COMMENTS

သီးနှံများပျက်စီးခဲ့ကြသည့် ဒေသခံများ အစားအသောက်နှင့် အလှူငွေအချို့ရရှိ

ဂျိုးဇက် ကြွက်များကြောင့် သီးနှံများပျက်ဆီးသွားခဲ့ကြသည့် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်အုပ်စုတွင်းရှိ ဒေသခံများအား ကုမ္ပဏီတချို့နှင့်အလှူရှင်များက ငွေနှင့်အစားအသောက် အဝတ်အစားများ ထောက်ပံ့ခဲ့ကြသည်ဟု ၎င်းအုပ်စုမှ ဥက္ကဌ ဦးသိုင်းကျော်လှက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လပိုင်းမှစပြီး စပါးအနှံစတင်ထွက်သည့်အချိန်တွင် ကြွက်များ ဖျက်ဆီးခံလိုက်ရသည်အတွက် ဒေသခံများ အခက်အခဲကြုံတွေ့ခဲ့ကြရခြင်းဖြစ်သည်။ “ရွာတိုင်း ပျက်ဆီးသွားပါတယ်။ လေဒူခေါင် တစ်ရွာတည်းမှာတောင် ဧက...

အခြေခံပညာ ကျောင်းသူကျောင်းသားများကို ဖိအားမပေးရန် ပညာရေးဝန်ကြီးပြော

ထျိုးမြာ အခြေခံပညာကျောင်းသူကျောင်းသားများကို ကျောင်းထွက်စေနိုင်သည့် မည်သည့်ဖိအားမျှ မပြုလုပ်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။ “ကျောင်းသားကျောင်းသူကို ကျောင်းတက်မှန်အောင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို နားလည်သဘောပေါက်အောင် ပြုစုပြိုးထောင်ရမှာ ဖြစ်သလို ကျောင်းသားကျောင်းသူတွေကို ရိုက်ပြီးတော့ဆုံးမမှ သူကိုနာကျင်စေပြီးတော့မှ စိတ်ဓာတ်ပိုင်းဆိုင်ရာ နာကျင်စေပြီးမှ ဆုံးမတာမျိုးရှောင်ရှား ဖို့လိုတယ် ”...

လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင် ပေးအပ်ပွဲကို ဖေဖော်ဝါရီလကုန် (သို့) မတ်လ အစောပိုင်းတွင်ပြုလုပ်မည်

ထျိုးမြာ (၁၈)ကြိမ်မြောက်လွိုင်ကော်တက္ကသိုလ်ဘွဲ့နှင်းသဘင် ပေးအပ်ပွဲကို ၂၀၁ရ ခုနှစ် ဖေဖော်ဝါရီလကုန် (သို့မဟုတ်) မတ်လ,လဆန်းလောက်တွင် ကျင်းပမည်ဖြစ်သည်ဟု လွိုင်ကော်တက္ကသိုလ်မော်ကွန်းထိန်း ဦးမြင့်ဗိုလ်က ကန္တရဝတီတိုင်း(မ်)သို့ပြောသည်။ “ခန့်မှန်းထားတာက နှစ်လပိုင်းလကုန်(သို့)သုံးလပိုင်းလဆန်း အဲ့ဒီရက်တွေမှာလုပ်မယ်။ ပြီးတော့ ဆရာတို့ကယားဒေးပတ်ဝန်းကျင်ရက်ကို ရှောင်တဲ့အတွက်ကြောင့်မလို့ တစ်လပိုင်းကလုံးဝမဖြစ်နိုင်ဘူး။” ဟု မော်ကွန်းထိန်းက ပြောသည်။ လွိုင်ကော်တက္ကသိုလ်ဘွဲ့နှင်းသဘင်ကို ၂၀၁၁-၂၀၁၂ ခုနှစ် ပညာသင်နှစ်မှစပြီး လေးနှစ်ကြာ...

ပြောင်းစိုက်တောင်သူတွေအတွက် အစိုးရဘယ်လိုကူညီနိုင်မလဲ

မူအက်စတာ ကယားပြည်နယ်တွင်းရှိ တောင်သူအများစုမှာ ပြောင်းဖူးများကို စိုက်ပျိုးနေကြသူများဖြစ်ရာ ယခုကဲ့သို့ ဈေးကွက်မရှိသည့်အခြေအနေသည် တောင်သူများအတွက် ခက်ခဲသည့် ကာလတစ်ခု ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်များက ပြောင်းဖူးများစိုက်ပျိုးကြပြီး ပြောင်းဖူးဈေးကောင်းရကြသဖြင့် ယခုနှစ်တွင် လည်း ပြောင်းဖူးဈေးကောင်းလိမ့်မည်ဟု တောင်သူများက ယူဆခဲ့ကြပြီး ပြောင်းမျိုးများကို တိုးချဲ့စိုက်ပျိုးကြရာတွင် ဈေးကွက်အခြေအနေ မတည်ငြိမ်ခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ တောင်သူများမှာ နွေနှောင်း-မိုးဦးရာသီတွင်...

တစ်ရက်လျှင် ကျပ်သုံးသိန်းအရှုံးပေါ်နေသည့် လွိုင်ကော် မီးရထားရပ်နားဖွယ်ရှိနေ

ထျိုးမြာ ကယားပြည်နယ် လွိုင်ကော်မြို့မှ သာစည် ဘူတာသို့ ပြေးဆွဲနေသောမီးရထားမှာ တစ်ရက်လျှင် ကျပ်သုံးသိန်းခန့် အရှုံးပေါ်နေသောကြောင့် ရပ်နားရန်အခြေအနေရှိသည်ဟု လွိုင်ကော်ဘူတာရုံမှ ဒုတိယရုံပိုင် ဦးမင်းမင်းဦးက ပြောသည်။ “လက်ရှိမှာ အရှုံးပေါ်နေလို့ ရပ်လိုက်ဖို့အခြေအနေရှိတယ်။ တစ်ရက်တစ်ရက်ကို သုံးသိန်းလောက်ရှုံးတယ်။ ပြည်နယ်အစိုးရက ခွင့်ပြုရင် ဖြုတ်ဖို့ရှိတယ် ” ဟု ၎င်းကပြောသည်။ သာစည်အထိသာရောက်သည့် အမှတ်...

မဟာမိတ်တိုင်းရင်းသားပါတီ ၃ ပါတီပေါင်းပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးရွေးခြယ်

ထျိုးမြာ ၂၀၁ရ ခုနှစ် ဧပြီလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကယားလူမျိုးစုဒီမိုကရေစီပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီနှင့် ကယန်းအမျိုးသားပါတီ သုံးပါတီပူးပေါင်းပြီး မဟာမိတ်ပါတီများအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းတစ်ဦးကို ဒေသခံလူထုနှင့် ပူးပေါင်းပြီး ရွေးချယ်ခဲ့ကြသည်။ “သုံးပါတီပေါင်းပြီးတော့မှ ကိုယ်စားလှယ်တစ်ဦးရွေးချယ်ပြီးတင်သွင်းဖို့ ကျနော်တို့သဘောတူညီမှုရခဲ့ကြတယ်။ အဲဒီအပေါ်မှာလည်း ကိုယ်စားလှယ်တွေအနေနဲ့ အားလုံးဝိုင်းရွေးတဲ့အချိန်မှာတော့ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီထဲက ကိုသဲရယ် က အရွေးခံရပြီးတော့မှ ကို်ယ်စားလှယ်လောင်းအဖြစ်လျာထားခံရတယ်ပေါ့။...

လူထုအသံ

လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာတချို့မှ တင်ပြလိုသည့် အခက်အခဲများ ထေးငှားလျားရွာ မှ ဦးစိုးရယ် …………………………………. “ရွာမှာက အခု တစ်ခုရှိတာက ကေဘယ်ကြိုးမြှပ်တာပေါ့။ အဲဒါကို ကန့်ကွက်တဲ့သူ တစ်ချို့ရှိနေတယ်။ ပြီးတော့ တာဝါတိုင်ထောင်တာလည်း ကန့်ကွက်သူ တစ်ချို့ရှိတယ်။ ကျနော်တို့ တစ်ရွာလုံးရဲ့ သဘောထားကို ကောက်ယူတော့ ကေဘယ်ကြိုးက ထောက်ခံသူတွေပိုများပြီးတော့ ဆက်သွယ်ရေး...

တိုင်းရင်းသားပါတီနှစ်ပါတီပူးပေါင်းပြီး ပါတီအသစ်ထူထောင်ရန်စီစဉ်

ထျိုးမြာ ကယားပြည်နယ်မှ တိုင်းရင်းသားပါတီနှစ်ခုဖြစ်သည့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီနှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီတို့ပူးပေါင်းပြီး ပါတီတစ်ခုတည်းအဖြစ် ပြန်လည်ဖွဲ့စည်းရန် စီစဉ်ထားသည်ဟု လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ ဥက္ကဌ ဦးဖိုးရယ်က ပြောသည်။ “ အဲဒီမှာ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီနဲ့ ကယားလူမျိုးစုဒီမိုကရေစီပါတီကို ဖျက်သိမ်းလိုက်ပြီးမှ ပါတီအသစ်ထောင်မယ့်အနေအထားမျိုးဖြစ်တယ်ပေါ့နော။ ဆိုတော့ အဲဒီပါတီကို မနက်ဖြန်သဘက်ခါပဲ ပုံတင်နိုင်ဖို့အတွက် ကြိုးစားသွားမယ်။” ဟု ဦးဖိုးရယ်က ပြောသည်။ ကယားလူမျိုးစုဒီမိုကရေစီပါတီနှင့်...

ကာပရူးရွာသားများ လမ်းဖောက်ရန် ပိုက်ဆံစိုက်ထားကြကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြော

မူအက်စတာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ရော်ဒိုခေါအုပ်စု ကာပရူးကျေးရွာတွင် ရွာသားများ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် နိုဝင်ဘာလမှစ၍ ၎င်းတို့ ရွာသူရွာသားများ ပူးပေါင်း၍ လမ်းဖောက်ခဲ့ကြပြီး ကုန်ကျစရိတ်ငွေများကို ဘတ်ဂျက်ကျလာသည့်အချိန်တွင်မှ ပြန်လည်ပေးသွားမည်ဟု ဖရူဆိုမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးနော်အီးကဆိုသည်။ “ကျွန်တော်တို့ ရွာမှာ ကိုယ်ထူကိုယ်ထလမ်းဖောက်နေတယ်၊ တစ်ရွာလုံး စက် ဘက်ဖိုးငှားပြီးတော့မှ လမ်းဖောက်နေတယ်”...

လျှပ်စစ်မီးရရှိရန် ငွေကောက်ထားသည်မှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း မော်ချီးတောင်ပေါ်ရပ်ကွက် မီးမရသေး

စိုင်းလင်းလင်းဦး ဖားဆောင်းမြို့နယ် မော်ချီးတောင်ပေါ်ရပ်ကွက်အတွက် လျှပ်စစ်မီးသွယ်ပေးရန် ငွေကောက်ယူထားသည်မှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ မီးမသွယ်ပေးသေးကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ ပြီးခဲ့သည့်နှစ်ကတည်းက လျှပ်စစ်မီးရရှိရန်အတွက် တာဝန်ရှိသူများက မော်ချီးတောင်ပေါ်ရပ်ကွက် တွင်နေထိုင်သူများထံမှ ငွေကောက်ခံခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် ကျပ် ၁၃၀၀၀ဝ သွင်းထားခဲ့ကြပြီးဖြစ်သည်။ “အလင်းတန်းကျေးရွာနဲ့ အောက်ရွာနဲ့ လိုခါးလိုမှာ မီးတွေရကြပြီ ဒီတောင်ပေါ်က သူတို့ အန္တရာယ်ဇုန်မို့လို့လားမသိဘူး...

Latest news

- Advertisement -spot_img