သတင်း

ကန္တာရဝတီတိုင်း(မ်)ဒီးမော့ဆိုမြို့နယ် ၊ ဆောင်ဒူလာ ကျေးရွာအုပ်စုအတွင်း ကျေးရွာတစ်ရွာမှာ ယမန်နေ့ည က ကျေးရွာအတွင်း နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ခဲ့ပြီး နေအိမ်အတွင်းက အသက် (၅၄)နှစ်အရွယ်...
ကန္တာရဝတီတိုင်း(မ်)စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ( ၁ )ရက်နေ့ မှ ၂၀၂၂ ခုနှစ်၊ ဇွန်လ ( ၉ )ရက်နေ့အထိ ကရင်နီပြည်အတွင်းရှိ အမျိုးသမီးများ...
ကန္တာရဝတီတိုင်း( မ် )ယမန်နေ့ (ဇွန်လ ၉ရက်) ညနေ ၄နာရီဝန်းကျင်က လွိုင်ကော်မြို့ ဒေါပေါ်ကလဲကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ခဲ့တဲ့အတွက် ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၄ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်းဝင် တစ်ဦးက ပြောပြပါတယ်။သေဆုံးသွားသူမှာ အသက်၂၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဝမ်းဗိုက်မှာ လက်နက်ကြီးစ ထိမှန်ထားတယ်လို့ သူက ပြောပါတယ်။“ ဗိုက်မှာ လက်နက်ကြီးထိတာ။ နိုးကူးရောက်မှဆုံးတာ။ ဗိုက်ပွင့်သွားတယ်ပြောတယ်။ အူတွေဘာတွေလည်း ထွက်သွားတယ်ပြောတယ်။ ကျန်တဲ့ လေးယောက်ရဲ့ အခြေအနေက အသက်အန္တာရာယ်တော့ မစိုးရိမ်ရပါဘူး။ အခုက ညဖြစ်နေတဲ့အတွက် အဲ့ဒီရွာထဲကို သွားမကယ်နိုင်ဘူး။ အဲ့ဒီ သူတို့ထွက်လာနိုင်တဲ့လူ အဲ့ဒီလေးယောက်ကိုပဲ ကျနော်တို့ ဆေးရုံပို့ပေးနိုင်တယ်ပေါ့။ အဲ့ဒီရွာထဲမှာလည်း ဒဏ်ရာရထားတဲ့လူတွေလည်း ရှိတယ်လို့ သိရတယ်။ အဲ့တာတော့ မကယ်ထုတ်နိုင်သေးဘူးပေါ့နော။” လို့ ၎င်းက ဆက်ပြောပါတယ်။ဒေါပေါ်ကလဲကျေးရွာအနီး တိုက်ပွဲဖြစ်ပွားတဲ့အတွက် ကျေးရွာအတွင်း ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့အတွက် လက်နက်ကြီးပစ်ခတ်မှုတွေရှိနေပြီး ကျေးရွာအတွင်း နှစ်လုံးကျရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။“ ရွာနားမှာက တော်တော်များတယ်။ ၁၅လုံး အလုံး ၂၀လောက်ကျတယ်။ ရွာထဲမှာက နှစ်လုံးကျတယ်။ နှစ်လုံး လုံးက လူတွေထိကုန်တယ်ပြောတယ်။ “ လို့ ရွှေလွိုင်ကော်ပရဟိတအသင်းဝင် တစ်ဦးကဆက် ပြောပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ ခလရ ၄၂၇က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက်၅၁နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ဒါ့အပြင် ဇွန်လ ၃ရက်နေ့မှာလည်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာထဲကို လက်နက်ကြီး လေးလုံးကျရောက်ခဲ့ပြီး ဒေသခံတစ်ဦးလက်နက်ကြီးစင်ထိ ဒဏ်ရာရခဲ့ပါတယ်။ကရင်နီပြည်နယ်မှာ မေလ ၂၃ရက်နေ့ကနေ ဇွန်လ ၉ ရက်နေ့အထိ  လက်နက်ကြီးကြောင့် အရပ်သား သေဆုံးသူ ၃ဦး၊ ထိခိုက်ဒဏ်ရာရသူ အရပ်သား ၈ဦးနဲ့ စစ်ကောင်စီသတ်ဖြတ်ခံရသူ တစ်ဦးရှိနေပါတယ်။ 
ကန္တာရဝတီတိုင်း(မ်)မိုးရွာသီရောက်လာပြီးဖြစ်တဲ့အတွက် စစ်ရှောင်စခန်းတွေမှာ နေရေးထိုင်ရေးအတွက် အမိုးအကာ မရှိတဲ့ အခက်အခဲတွေ အရင်ကထက် ပိုကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေကဆိုပါတယ်။“အခက်အခဲက မိုးကြီးလာပြီဆိုရင် မိုးကမလုံတော့ဘူး မိုးကာ ဘယ်နှထပ်အုပ်ထားအုပ်ထား သူယိုနိုင်...
ကန္တာရဝတီတိုင်း( မ် )ဒီးမော့ဆိုမြို့နယ် စံပြ ၆မိုင်ကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ KNDF B-09 တို့ ယမန်နေ့ ( ဇွန်လ ၈ရက်နေ့...
ထွေးရယ် / ကန္တာရဝတီတိုင်း(မ်)ကယားရိုးရာ “လာလီခူ” လို့ အမည်ရတဲ့ ရိုးရာ ဆုတောင်းပူဇော်ပွဲ ကို နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးရာသီ ဇွန်လ ပိုင်းလောက်မှာ ပြုလုပ်လေ့ရှိပြီး...
ကန္တာရဝတီတိုင်း ( မ် )ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာနေထိုင်တဲ့ စစ်ရှောင်စခန်းက အမျိုးသမီးတချို့ကို ဒုတိယအကြိမ် ချည်တွေ သွားရောက် လှူဒါန်းခဲ့တယ်လို့ ကယားလီဖုအဖွဲ့ဝင် တစ်ဦးက​ ပြောပါတယ်။ကရင်နီပြည်မှာ...
ကန္တာရဝတီတိုင်း ( မ် )ယနေ့( ဇွန်လ ၈ရက်နေ့ )နံနက်ပိုင်းမှာ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ ခလရ ၄၂၇က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်...
ကန္တာရဝတီတိုင်း( မ် )ဒီကနေ့ ( ဇွန်လ ၇ရက်နေ့ )မှာ လွိုင်ကော်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ နဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဟာ...
ကန္တာရဝတီတိုင်း(မ်)ယနေ့ (ဇွန် ၇ ရက် ) မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်မှ ဝါရီကောခူကနေ မိုးဗြဲမြို့အတွင်းကို စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ...
ကန္တာရဝတီတိုင်း ( မ် )ကရင်နီပြည် လွိုင်လင်လေးမြို့ ပိန်းချစ်ကျေးရွာမှာ မူယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ်နေသူ ၅ဦးကို ငွေစက္ကူ ၁၆သိန်းနဲ့အတူ ဇွန်လ ၆ရက်နေ့က...
ကန္တာရဝတီတိုင်း ( မ် )ယမန်နေ့ ( ဇွန်လ ၅ရက် ) နေ့က ဒီးမော့ဆိုမြို့နယ် မြို့မရပ်ကွက်မှာ ကင်းလှည့်နေတဲ့ စစ်ကားကို တိုက်ခိုက်ခဲ့ပြီး...
ထွေးရယ် / ကန္တာရဝတီတိုင်း(မ်)စစ်ရှောင်စခန်းတွေမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေအတွက် သင်ကြားရေးပိုင်း အထောက်အကူပစ္စည်းတွေနဲ့ စာသင်ကြားမယ့် နေရာတွေအခက်အခဲရှိနေတယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။“ကျနော်တို့ campတွေမှာဆိုလို့ရှိရင် ကျောင်းဆောင်ဆောက်ဖို့ဆိုရင်...
ကန္တာရဝတီတိုင်း(မ်)တိုက်ပွဲဖြစ်ပွားလာတာ တစ်နှစ်ကျော်ကာလ ရှိနေပြီဖြစ်တဲ့ ကရင်နီပြည်မှာ တောင်သူတွေဟာ ယခုနှစ်စိုက်ပျိုးရာသီမှာ စားလောက်ရုံအတွက်သာ စိုက်ပျိုးရေးကြရတယ်လို့ ဆိုပါတယ်။ယခုနှစ်အတွက် စိုက်ပျိုးရာသီရောက်ပြန်ရောက်လာပေမယ့်  တောင်သူအများစုဟာ စစ်ရှောင်ရတဲ့အတွက် သီးနှံလုံးဝ မစိုက်ပျိုးနိုင်တဲ့...
ခွန်းကလိုင်းဖရီး (ကန္တာရဝတီတိုင်း(မ်))ဒီကနေ့ (ဇွန်လ ၄) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာရှိ ကယန်းပြည်သစ်ပါတီရဲ့ ဗဟိုဌာနချုပ်မှာ (၅၈) နှစ်ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်း အနားကို...
ကန္တာရဝတီတိုင်း( မ် )လွိုင်ကော်မြို့နယ် ဒေါတနောကျေးရွာ ရေထွက်ပေါက်မှာ ယမန်နေ့ ( ဇွန်လ ၄ရက်နေ့ )က တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF B-02 က...
လဲသျို့/ကန္တာရဝတီတိုင်း( မ် )ယမန်နေ့ ဇွန်လ ၂ရက်နေ့က လွိုင်လင်မြို့ အရှေ့ဘက်ခြမ်း ကုန်းမှီကို ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့  ကရင်နီအမျိုးသားများ...
ကန္တာရဝတီတိုင်း(မ်)ဒီကနေ့ (ဇွန်လ ၃ရက်) မနက် ၁နာရီဝန်းကျင်မှာ ဒီးမော့ဆို အရှေ့ခြမ်းဖက်က ကျေးရွာ တစ်ရွာမှာ လက်နက်ကြီး လေးလုံး ကျရောက်ခဲ့ပြီး ဒေသခံ အမျိုးသားတစ်ဦး...
ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် လွိုင်ကော်မြို့မှာ ဇွန်လ ၂ ရက်နေ့ကစပြီး စစ်ကောင်စီကျောင်းတချို့ စတင်ဖွင့်လှစ်ထားကာ စစ်တပ်က လုံခြုံရေးယူပေးနေတာတွေရှိတယ်လို့ မျက်မြင်တွေ့ရတဲ့ လွိုင်ကော်ဒေသခံတစ်ဦးကပြောပါတယ်။“ ဒီရက်...
ကန္တာရဝတီတိုင်း(မ်)ဘောလခဲကနေ ရိက္ခာပို့ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေပြီး ဖရူဆိုမြို့နယ် ထားလဲ ကျေးရွာမှာ တစ်ကြိမ်၊ ထားလဲ-လောကျေခူကျေးရွာ ကြားတစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ဇွန်လ ၁ရက်နေ့ နဲ့ ၂ရက်...
https://www.youtube.com/watch?v=_NikgGSqAU4မော်ဦးမြာ/ကန္တာရဝတီတိုင်း(မ်)ကရင်နီပြည်ရဲ့ ထက်ဝက်ကျော်တဲ့ လူဦးရေဟာ တောတောင်တွေထဲကို စစ်ဘေးရှောင်နေကြရတာ တစ်နှစ်ကျော်ရှိလာခဲ့ပါပြီ။ စစ်ဘေးရှောင်တွေထဲမှာတော့ ကလေးနဲ့ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေ အများစု ပါဝင်ပါတယ်။ကိုဗစ်အခြေအနေကြောင့်အပါအဝင် စစ်တပ်က အာဏာသိမ်းမှုကြောင့်...

ဆက်စပ်အမျိုးအစားများ

လူဖတ်အများဆုံး သတင်းများ